Saturday, 26 March 2016

အမှတ်တရ လာထရုပ် (၂)




ကြုံရဆုံရ မနက်ခင်း အမှတ်တရ (သို့) အမှတ်တရ လာထရုပ် (၂)
=========================================


အိပ်ရာဝင်နောက်ကျတာမို့ မနက် ၉ နာရီမှာ ထဖို့ နှိုးစက်ချထားမိခါမှ မနက် ၇ နာရီထိုးဖို့ ၁၀ မိနစ်လောက်အလိုမှာ နှိုးစက်သံတစ်ခု အဆက်မပြတ် ထမြည်ပါလေရော။ စိတ်ထဲမှာ အိပ်မက်လိုလို၊ တစ်ကယ်လိုလိုနဲ့ ဝိုးတဝါး။ မြန်မြန်ပျောက်သွားပါစေလို့ ဆုတောင်းနေမိတယ်။ နှိုးစက်သံက ကျယ်သထက်ကျယ်လာတယ်။ ဒီတော့မှ အသိဝင်လာတယ်။ ဒါ ကြားနေကျ ဖုန်းနှိုးစက်သံမဟုတ်တော့ဘူး။ မီးဘေးအချက်ပေးသံဆိုတာကို သိလာတယ်။ ဒီလို အသိဝင်လာပြီးတဲ့နောက်မှာမှ အဆောက်အအုံထဲက အမြန်ဆုံးထွက်ပြီး သတ်မှတ်နေရာကိုသွားဖို့ ကြေညာသံကို ကြားမိပါတော့တယ်။ လူက ပူထူသွားပြီး ဖုန်းကို လှမ်းယူ၊ အပြင်ထွက်ဖို့ တံခါးဆီ အပြေးဆင်းသွားတယ်။ နောက်က အဆောင်တူ ကျောင်းသူတစ်ယောက်ကလည်း အပြေးလိုက်လာတယ်။