Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Tuesday, 9 August 2016

ကတိ


"ကတိစကားဆိုတာ ဖြတ်ကူးဖို့ မကောင်းတဲ့ တံထားလေးတစ်ခုပါ" တဲ့။ ဖတ်ခဲ့ဖူးတဲ့ ဆိုရိုးစကားလေးတစ်ခုပါ။ တစ်စုံတစ်ယောက်ကို လွယ်လွယ် ကတိစကားမဆိုဖို့ ဒီစကားလေးက သတိပေးနေသလိုပါပဲ။
တစ်ခါတစ်ရံ တစ်ဖက်လူအတွက် တစ်ခုခု လုပ်ပေးဖို့ ကတိတွေ ပေးမိပြီးခါမှ အကြောင်းကြောင်းကြောင့် ကတိအတိုင်း မဖြည့်ဆည်းနိုင် ဖြစ်တတ်ကြပါတယ်။
ဒီလိုမျိုး ကိုယ်ပေးထားတဲ့ ကတိတွေ မတည်နိုင်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိစမြဲပါပဲ။ နောင်တရတတ်စမြဲပါပဲ။ 
ကိုယ်ပဲ စိတ်မကောင်းဖြစ်မိတာ မဟုတ်ပါဘူး။ ကတိစကား လက်ခံလိုက်သူတွေ အနေနဲ့လည်း ကတိစကားအတိုင်း တစ်ဘက်လူက ဖြည့်ဆည်းပေးလာနိုးနိုး စောင့်စားရတာ အမောပါပဲ။ နောက်ဆုံး ကတိမတည်တဲ့အခါ ဒီလူ့အပေါ် ယုံကြည်မှုပျောက်ဆုံးသွားတတ်ပါတယ်။ စိတ်ထဲမှာ မမြင်နိုင်တဲ့ ဆူးလေးတစ်ချောင်း စိုက်ဝင်သွားတတ်ပါတယ်။ ဒီလူဟာ "ကတိမတည်တဲ့ သူ" ၊ "မယုံကြည်ရတဲ့ သူ" ဆိုပြီး စိတ်ထဲ တေးမှတ်သွားတတ်ကြပါတယ်။ 
ဒီတော့ ကတိစကားဟာ ထိလွယ်ရှလွယ် ဖြစ်လွန်းတဲ့ သဘောရှိပါတယ်။ လွယ်လွယ်နဲ့ ကတိစကားမဆိုဖို့ လူတိုင်း သတိပြုသင့်လှပါတယ်။
အခုနောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင်လည်း လွယ်လွယ် ကတိတွေ မပေးမိအောင် အထူး ဂရုစိုက်ဖြစ်ပါတယ်။ ကိုယ်အမှန်တကယ် လုပ်နိုင်မယ့် ကိစ္စမျိုးမှာမှ ကတိတွေ ပေးဖြစ်လာပါတယ်။ ဒီကြားထဲ တစ်ခါတစ်ရံ ကတိမတည်နိုင်ခဲ့တာလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ဒီအတွက်လည်း သက်ဆိုင်သူတွေအပေါ် အင်မတန် အားနာရပါတယ်။
"မင်းမှာ သစ္စာ လူမှာ ကတိ" 
"ကတိသစ္စာ၊ တည်သောခါဝယ်
သြဇာလေးနက်၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်ဧ။်" 
... စတဲ့ စကားတွေဟာ မြန်မာကျောင်းသား၊ကျောင်းသူတွေ မြန်မာစာ စာစီစာကုံးရေးတဲ့အခါ ကိုးကားသုံးနိုင်ဖို့ နှုတ်တိုက်အာဂုံဆောင်ထားတတ်ကြတဲ့ စကားတွေဖြစ်ပါတယ်။ ဒါတွေက လူတွေအတွက် ကတိစကားရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။ 
ဒီစကားတွေကို ညွှန်းဆိုကိုးကားစရာတွေအဖြစ် စာစီစာကုံးတွေနဲ့ အခြားစာပေတွေမှာသာ သုံးစွဲနိုင်တာတင်မက လက်တွေ့ဘဝမှာပါ လိုက်နာကျင့်သုံးဖြစ်ကြရင် အားလုံးအတွက် အင်မတန် ကောင်းပါလိမ့်မယ်။ ကိုယ်တိုင်လည်း ကတိတည်တဲ့သူဖြစ်အောင် ကြိုးစားလျက်ပါ။ ဒါပေမယ့် ကတိစကားဆိုတဲ့ တံတားကို ဖြတ်ကူးသင့်၊ မသင့်၊ ဖြတ်ကူးနိုင်၊မကူးနိုင်ဆိုတဲ့ကိစ္စကို ဒီတံထားပေါ် မရောက်ခင်ကတည်းက လေးနက်စွာ ကြိုတင်စစ်ဆေးအကဲဖြတ်ဖို့ ကျွန်တော်တို့ သတိရသင့်ပါတယ်။
လေးစားစွာ

ဇွဲသစ်(ရမ္မာမြေ)
၉.၈.၂၀၁၆ (အင်္ဂါနေ့)

Saturday, 30 April 2016

ပြိုင်မြင်းများနှင့်အတူ

အခုတလော ဝမ်းသာစရာ သတင်းတစ်ခု ကြားမိတယ်။ ဝန်ကြီးဌာနအချို့က ဝန်ထမ်းတွေအနက်မှ ဗမာတိုင်းရင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေကို သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေဆီ ပြောင်းချင်ရင် ပြောင်းနိုင်ကြောင်း အထက်က အကြောင်းကြားလာပါတယ်တဲ့။ ဒီအခြားတိုင်းရင်းသားတွေ အတော်များများကလည်း ဝမ်းသာအားရ ပြောင်းရွှေ့ခွင့်တင်ကြပါတယ်တဲ့။ အခုကတော့ သူတို့တွေအတွက် ပြောင်းခွင့်ရဖို့ စောင့်ဆိုင်းကာလပေါ့။ 
ကျွန်တော်ကတော့ ဒါကို ကောင်းတဲ့ ပြောင်းလဲမှုတစ်ခုလို့ မြင်မိပါတယ်။ သက်ဆိုင်ရာ နယ်ပယ်မှာ တကယ်တော်၊ တကယ်တတ်တဲ့ ပညာရှင်တွေ ကိုယ့်ပြည်နယ်တွေအတွက် ပြန်ပြီး အလုပ်အကျွေးပြုနိုင်ကြတော့မှာမို့ပါ။ အရင်တုန်းက ပညာရှင်နည်းပါးမှု၊ ဘတ်ဂျက်မလုံလောက်မှု၊ အကျင့်ပျက်ခြစားမှုတစ်ချို့၊ ပြည်နယ်တိုးတက်ရေးတွေကို လျစ်လျူရှုထားခံရမှုတွေ အခုချိန်မှာ အတိုင်းအတာတစ်ခုထိ ပြေပျောက်လာတော့မယ်လို့ မျှော်လင့်နေမိပါတယ်။ ပြည်နယ်တိုးတက်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်မယ့် ပညာရှင်နည်းပါးမှုတွေကို ဒီလိုမျိုး ကိုယ့်တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ပြောင်းလာကြမယ့် ဝန်ထမ်းတွေက အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သူတို့တွေကို သက်ဆိုင်ရာတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေက လက်ကမ်းကြိုဆိုသင့်ပါတယ်။ ကြိုဆိုနေကြမှာပါ။
ဒါပေမယ့် အခုချိန်မှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရုံးခန်းလေးမှာသာ ပြောင်းလာသမျှဝန်ထမ်းတွေနဲ့ နဂိုရှိတဲ့ ဝန်ထမ်းတွေ စုပြုံပြီး လောလောဆယ် လုပ်ကိုင်ရမယ့် အနေအထား ဖြစ်နေသေးတာကတော့ စိတ်မကောင်းစရာပါပဲ။ မကြာမီမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို သီးသန့်အဆောက်အဦအနေနဲ့ ပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အခု ကျွန်တော် နားလည်တာကတော့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေမှာ ဌာနခွဲတွေ (ဥပမာ - လယ်ယာစိုက်ပျိုးရေးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာဌာန စသည်ဖြင့်) နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်လာပြီး သက်ဆိုင်ရာပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီး ကိုယ့်ပြည်နယ်ကောင်းကျိုးအတွက် စီမံကိန်းတွေ ရေးဆွဲအကောင်အထည်ဖော်လာကြမယ်ဆိုတာပါပဲ။
ဒီတော့ ဒီလိုမျိုး ဌာနခွဲတွေနဲ့ ပေါင်းစုထားတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွေ ပေါ်လာပြီဆိုပါစို့။ စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ဘတ်ဂျက်တွေကို အလုံအလောက် ရရှိဖို့နဲ့ ကိုယ့်ပြည်နယ်အတွက် တကယ်လိုအပ်တဲ့ ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ပီပြင်တဲ့ဖက်ဒရယ်စနစ်နဲ့ Power sharing နဲ့ resource sharing တွေကို တိတိကျကျ ဖော်ဆောင်ဖို့၊ တရားဝင် ဥပဒေတွေ ရေးဆွဲပြဌာန်းပေးဖို့ အပူတပြင်း လိုအပ်လာပါပြီ။ ဒီလိုမျိုး ဖယ်ဒရယ်စနစ်ကို အကောင်အထည်မဖော်နိုင်ဘဲ နဂိုအတိုင်း ဗဟိုချုပ်ကိုင်မှုနဲ့သာ ဆက်လက်စခန်းသွားနေရင်တော့ ဒီတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ သူ့ရဲ့ တက်တက်ကြွကြွ စေတနာအပြည့်နဲ့ ကို်ယ့်တိုင်းရင်းသားတွေအတွက်၊ ကိုယ့်ပြည့်နယ်အတွက် အကောင်းဆုံးလုပ်ဆောင်လိုက်မဟဲ့လို့ စိတ်မှာတေးမှတ်ပြီး ဝင်ရောက်လာမယ့် ဝန်ထမ်းသစ်တွေနဲ့ နဂိုရှိနေဆဲ ဝန်ထမ်းတွေအဖို့တော့ အကောင်းဆုံး ပြိုင်ပွဲဝင်ပြီး အောင်ပန်းဆွတ်ပေးမယ့် မြင်းကောင်းတစ်ကောင်ကို ပြိုင်ပွဲမှာ ဇက်ကြိုးမလွှတ်ဘဲ ထားတာနဲ့သာ တူနေမယ်ထင်မိပါရဲ့ဗျာ
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
၂၉ ၊ ၄၊ ၂၀၁၆

Monday, 18 January 2016

အမှတ်တရ လာထရုတ် (၁)



ကျွန်တော် အခု တက်ရောက်ပညာသင်ယူနေတဲ့ လာထရုတ်တက္ကသိုလ် (La Trobe University) ဟာ တောင်ကမ္ဘာခြမ်းမှာ အကြီးဆုံး ကျောင်းဝင်း (Campus) ကို ပိုင်ဆိုင်ထားတယ်လို့ ဂုဏ်ယူတတ်ကြပါတယ်။ ဒီတက္ကသိုလ်ဟာ သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့စွန်မှာ တည်ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ နံပါတ် (၁၂၇) ခုမြောက်

Sunday, 6 December 2015

လှူဒါန်းသည်ဆိုရာ၌


ရန်ကုန်မှာ တက္ကသိုလ်တက်နေတုန်း ပြင်ပအင်္ဂလိပ်ဘာသာစကားသင်တဲ့ဆရာတစ်ယောက်က ပြောခဲ့ဖူးတဲ့စကားလေး စိတ်ထဲမှာ စွဲနေမိတယ်။

Sunday, 29 November 2015

ကဗျာဆရာ၊ စာရေးဆရာနဲ့ ကျွန်တော့်အတွေး


ကျွန်တော် ငယ်ငယ်တုန်းကပေါ့။
ကဗျာလေးတွေကို တအားချစ်တယ်။ ကလေးကဗျာတွေပေါ့ ... မောင်ညိုမှိုင်းကဗျာများ ဆိုလားပဲ။ အဲဒီထဲက ကဗျာလေးတွေဆိုရင် သိပ်ကြိုက်ခဲ့တယ်။ သင်ခန်းစာယူစရာတွေ၊ သိမှတ်စရာတွေနဲ့ ပြည့်နေလေတော့ ကြိုက်လွန်းလို့ အလွတ်ဖတ်ခဲ့ဖူးတယ်။

Saturday, 28 November 2015

ဘာလဲဟဲ့...လောကဓံ


အသက်ကြီးလာသည်နှင့်အမျှ တာဝန်ပိုလာသော လူ့ဘဝ။

တာဝန်ပိုလာသည်နှင့်အမျှ ပိုမို ပင်ပမ်းလာသော လူ့ဘဝ။

ပိုမို ပင်ပန်းသည်နှင့်အမျှ ပိုမို ငြီးငွေ့ချင်လာသော လူ့ဘဝ။

ကျုပ်တို့ ဘာလုပ်ဖို့လိုသေးလဲ


သူငယ်ချင်းတစ်ယောက်က ပြန်ပြောခဲ့တဲ့ စကားတစ်ခုပါ။

သူ... ပြည်ပတက္ကသိုလ်တွေနဲ့ မြန်မာအစိုးရပူးပေါင်းဖွင့်လှစ်တဲ့ ပြည်တွင်းသင်တန်းတစ်ခုမှာ ကျန်တဲ့ ပညာတတ်တွေပါ ပါဝင်တဲ့ သင်တန်းတစ်ခုကို တက်ရောက်ခွင့်ရပါသတဲ့။

ရှက်မိတာအမှန်ပါ


တစ်လောတုန်းက ကွန်ပျူတာဆိုင် ရောက်ခဲ့တယ်။

လက်တော့က Google Chrome မှာ ဇော်ဂျီ ဖောင့် ထည့်ဖို့ပါပဲ။

ပိုက်ဆံပါသွားတာက တစ်သောင်းခွဲပါ။

ညနေပိုင်း လေးနာရီကတည်းက ရောက်ခဲ့တယ်၊

ဒါပေမယ့် ကွန်ပျူတာပြင်သူက ပထမအကြိမ် ထည့်ပြီးစမ်းကြည့်တယ်။ အဆင်မပြေဘူး။

ဒုတိယအကြိမ် ထည့်ကြည့်တယ်။

စွဲလမ်းဖူးတဲ့ ဒီစာအုပ် နှင့် ကျွန်တော့် ဟီရိုးများ


သူ တဲ့။ စာအုပ်နာမည်။ နာမည်ကြီးစာရေးဆရာရဲ့ နာမည်ကြီးစာတစ်အုပ်။

စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးကျွမ်းကျင်နှံစပ်သူ ဂျာနယ်ကျော် ဦးချစ်မောင် ရေးခဲ့တဲ့ စာအုပ်။

သူတို့နှင့်ကျွှန်ုပ်


(၁)

သူတို့ဆိုသည်မှာ သူတို့တက္ကစီသမားများကို ဆိုလိုပြီး၊ ကျွန်ုပ်ဆိုသည်မှာကား ကျွှန်ုပ်ဇွဲသစ် ဖြစ်ပေ၏။

ငွေကြေးမချမ်းသာ၍ ကားမဝယ်နိုင်သူ ကျွှန်ုပ်ဇွဲသစ်တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် တက္ကစီဆရာတို့ကို အားကိုးအားထားပြုရရှာသည်။ ငွေကြေးပေါလွန်းနေ၍ကားမဟုတ်။ ထို အကြောင်းအမျိုးမျိုးဟူသော စကားလုံးများကြောင့်ပင် ဖြစ်သည်။

Tuesday, 24 November 2015

ပြုပြင်ပြောင်းလဲခြင်း


ကမ္ဘာလောကကြီးတွင် မြင်မြင်သမျှသောအရာများသည် အနိစ္စတရားနှင့် ဒွန်တွဲနေကြ၏။ ဘယ်အရာမှ အမြဲတစေ တည်မြဲသည်ဟူ၍ မရှိချေ။ လွန်စွာခိုင်ခံ့ပါသည်ဟူသော အဆောက်အအုံကြီးသည်လည်း ကာလကြာညောင်းသောအခါ ယိုင်လဲပြိုကျတတ်၏။ သို့တည်းမဟုတ် သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့်သော်လည်း ပြိုကျပျက်စီးရာ၏။ လွန်စွာခံ့ထည်၍ ခိုင်ခံ့ပါသည်ဆိုသော အီဂျစ်ပိရမစ်ကြီးများပင် မသေချာသောတစ်နေ့တွင် အနစ္စတရား၏ခြေရင်း၌ ကျုံ့ကျုံ့လေး ၀ပ်စင်းရပေမည်။ ထို့အတူ ဘာသာအယူဝါဒအသီးသီးဆိုင်ရာ အထွတ်အမြတ် အဆောက်အအုံများသည်လည်း အနစ္စတရားလက်တွင်း တစ်နေ့သက်ဆင်းရမည်မှာ ဓမ္မတာဖြစ်သည်။ သို့သော် ထိုသို့ အပျက်သဘောဆောင်သော ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် အပြုသဘောဆောင်စေသင့်သည်။ ဤစိတ်ဓာတ်ကြောင့်ပင် သာသနိက အဆောက်အအုံများ၊ စေတီပုထိုးများ စသည်ကို ပြုပြင်မွမ်းမံခြင်းဖြင့် ထိန်းသိန်းလာကြခြင်းဖြစ်ပေသည်။

နှစ်ခြိုက်မိတဲ့ စကားပုံလေးတစ်ခုနှင့် ကျွန်တော်တို့


အင်္ဂလိပ်စကားပုံတစ်ခု ရှိတယ်။

There is darkness at the bottom of the lighthouse! တဲ့...။

အတော်လေးအတွေးပါတဲ့ စကားပုံလေးတစ်ခုပါ။

ငယ်သွေးပေမယ့်မရဲရဘူးလား၊ငယ်ရိပ်လွှမ်းပေမယ့် မစွမ်းရတော့ဘူးလား

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပြောတတ်ကြတယ်။ “ဟယ်… ငယ်ငယ်လေးနဲ့ တော်လိုက်တာ။“ “ဟ…ဒီကောင်လေးမဆိုးဘူးဟ။ ငယ်ငယ်လေးနဲ့ စွမ်းတယ်။“ “သြော်… အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်။တော်လိုက်တာ။“ “အတွေးအခေါ်တွေ ကောင်းသားပဲ။ ဒီလိုရေးနိုင်၊ ပြောနိုင်တာအသက်တော်တော်ကြီးပြီ ထင်နေတာ။“ … စသည်၊ စသည်ဖြင့်။