Thursday, 14 December 2017

A short but valuable trip to Taung-Fi-Lar


by
Tun Min

Before I was transferred to Yangon University of Education, as an assistant lecturer serving at Sagaing University of Education, I had to live and work within the campus. Our university is situated in Padamyar Quarter which is at the foot of Minwun Mountain Ranges and is about a half hour drive from downtown Sagaing. During the regular semesters, I have to teach several subjects to student teachers of different year levels everyday. I am also responsible for carrying out other duties including invigilating exam halls, checking exam papers, supervising M.Phil students and doing some clerical work at my department.
Dama-Ku Pond
During the first half of the previous October, I was busy teaching B.Ed correspondence students. Fortunately, there was a public holiday on 5th October to commemorate the Full Moon Day of Thadingyut. Therefore, one of the senior B.Ed students who had not gone back home after his exam, and I enquired about going to the famous Taung-Fi-Lar Hermitage and Dama Ku Pond. Surprisingly, although the place is a historic one, there were only a handful of people who have been to that place. What is worse, some people I have happened to talk with have never heard of Taung-Fi-Lar Sayadaw, a monk well-known for his integrity and wisdom during Nyaungyan Period of Myanmar history! From my point of view, lacking knowledge of this famous name is considerably understandable to those living miles away from Sagaing. However, it should be a known fact for the local people and for those who have lived in this town for a couple of years.

လက်ဖက်ရည်နှင့် စီးမျောသူများ


ဇွဲသစ် (ရမ္မာမြေ)
()
ကျွန်တော် လက်ဖက်ရည်ကို အလွန် ကြိုက်ပါသည်။ ထိုသို့ လက်ဖက်ရည်ကြိုက်ခြင်းသည် အမေ့ထံမှ ရသော အမွေတစ်ခုဟု ကျွန်တော် ထင်မိသည်။ ကျွန်တော့်အမေသည်လည်း လက်ဖက်ရည် အလွန် ကြိုက်သူ ဖြစ်သည်။ လက်ဖက်ရည်ဆိုသည်မှာ လက်ဖက်ရည်ဆိုင်တွင် သောက်ရသော ချိုဆိမ့်၊ ပေါ့ဆိမ့်၊ ကျဆိမ့်၊ ချိုပေါ့ စသည့် လက်ဖက်ရည်မျိုးကို အဓိကဆိုလိုသည် မဟုတ်ပေ။ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ရေနွေးကြမ်း၊ အဖန်ရည်၊ အခါးရည်၊ လက်ဖက်ရည်ကြမ်း စသည့် အမည်အမျိုးမျိုးဖြင့် လူသိများသော လက်ဖက်ရည်ပင် ဖြစ်သည်။
“အပူကို အပူနဲ့ တိုက်ရတယ်တဲ့။ နေပူက ပြန်ရောက်တဲ့အချိန် ရေနွေးကြမ်းပူပူကို တဝကြီးသောက်ရင် ပိုကျန်းမာတယ်”
ဟုတ်၊ မဟုတ်တော့ မသိ။ လယ်ယာလုပ်ငန်းခွင်ထဲတွင် ပင်ပင်ပမ်းပမ်း အလုပ်လုပ်ပြီးနောက် အိမ်ပြန်ရောက်လျှင် အမေက ထိုသို့ ပြောတတ်သည်။ ထိုသို့ပြောရင်း ရေနွေးကြမ်းပူပူကို အားပါးတရ သောက်တတ်သည်။ ကျွန်တော်လည်း အမေနှင့်အတူ ရေနွေးကြမ်း လိုက်သောက်သည်။ ကျွန်တော်တို့ လယ်ကွက်တွင် လယ်ထွန်သည့်အခါတိုင်း၊ ကောက်စိုက်သည့်အခါတိုင်း၊ ကောက်ရိုက်သိမ်းသည့် အခါတိုင်း ထမင်းချိုင့်နှင့်အတူ လက်ဖက်ခြောက်ခတ်ပြီးသား ရေနွေးဓာတ်ဘူးကြီးတစ်လုံးနှင့် ရေနွေးခွက် တစ်ခွက်နှစ်ခွက်လောက် ယူသွားတတ်စမြဲ။ စပါးပေါ် ပြီးနောက် လယ်ကွက်အချို့တွင် မြေပဲစိုက်သည့်အခါတိုင်း၊ မြေပဲဖော်သည့်အခါတိုင်းလည်း ရေနွေးကြမ်းက ပါမြဲပါနေတော့သည်။ ကျွန်တော်သည် ထိုလယ်ယာလုပ်ငန်းခွင်များသို့ ငယ်စဉ်ကတည်းက အမေနှင့် လိုက်ပါစမြဲဖြစ်ရာ အမေ့နည်းတူ ကျွန်တော်လည်း လက်ဖက်ရည်ကို ကြိုက်မှန်းမသိ ကြိုက်သွားတော့သည်။
*****

Monday, 18 September 2017

How I channeled negative forces into positive ones


Some motivational writers suggest that one should forget and never disclose one’s horrible past experiences as they will dig up the covered woes in one’s heart and depress them terribly. In my opinion, I partially accept the idea. Through my experience, I come to realize that whatever difficulty we may have had in our past, the way we tackle them can make who we are today. In other words, we can learn a lot of guiding principles from our past. I had personal experience concerning how to channel negative forces into positive ones to be on the right track on our life journey.
When I was seven years of age, my father passed away, leaving bronchitis-prone mother with seven children as well as with a lot of debt. Three of my siblings had to drop out of school to learn to pursue other professions. Mother had to do a lot of odd but honest work to make ends meet. Whatever difficulty she would have, she always showed her smiling face to us. She withstood the life perils boldly without marrying again despite her youth. She lived her life solely for us, her beloved children. She always encouraged us to study hard by reciting her quote: “Look at the mirror for your beauty; you study hard for your life.” Therefore, we studied hard although I did not make as much exertion as the other siblings of mine.

Sunday, 13 August 2017

စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေး (၂)


ထွန်းမင်း (ပညာရေးတက္ကသိုလ်)

သြဂုတ်လ () ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာ၌ စာရေးသူ၏စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေးဆောင်းပါး ပါခဲ့သည်။ လူအများအဖို့ စာအိတ်များကို မူလရည်ရွယ်ချက်အတိုင်း သုံးသည်သာမက လာဘ်ပေးလာဘ်ယူမှုအတွက် ငွေကြေးထည့်ရန်ပါ သုံးလာကြပုံ၊ ထိုသို့ စာအိတ်များကိုသုံးလျက် လုပ်ပိုင်ခွင့်ရ ပုဂ္ဂိုလ်များနှင့် အပေးအယူမျှနေသည့် စာအိတ်ယဉ်ကျေးမှုတစ်ခု မိမိတို့နိုင်ငံတွင် အမြစ်တွယ်လာခဲ့ပုံ၊ ထိုသို့သော ဓလေ့စရိုက်သည် အကျင့်ပျက်ခြစားမှုပင်ဖြစ်၍ ကင်းစင်ပပျောက်အောင် သက်ဆိုင်သူများက ကြိုးစားသင့်ပုံ၊ စာရိတ္တမာနနှင့် ပြည့်စုံသင့်ပုံတို့ကို အက်ဆေးပုံစံ တင်ပြထားသော ဆောင်းပါးတစ်ပုဒ်ပင် ဖြစ်သည်။
ထိုဆောင်းပါးကို ဖတ်မိသော မိတ်ဆွေ တက္ကသိုလ်ဆရာမတစ်ဦးက သူ့ထင်မြင်ချက်ကို ဤသို့ ပြောလာသည်။ဆရာရယ် ... ကျွန်မအနေနဲ့တော့ ဆရာ့ဆောင်းပါးရဲ့ ရည်ရွယ်ချက်ကို အင်မတန် ထောက်ခံအားပေးပါတယ်။ ဒါပေမယ့် တစ်ချို့တွေကတော့ ကြိုက်ချင်မှ ကြိုက်ကြမယ်။ ဒီလိုဖြစ်ရပ်မျိုးက ကျွန်မတို့ ပတ်ဝန်းကျင်တွေမှာ တွေ့မြင်နေကြရတာဆိုတော့ ခက်တော့လည်း ခက်ပါတယ်ဟူ၍ပင်။ သူ့စကားအပေါ် ကျွန်တော် တုန့်ပြန်ပြောဆို ဖြစ်သည်မှာမကြိုက်ရင်လည်း ဘယ်တတ်နိုင်မလဲ ဆရာမရယ်။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါလို့ပဲ ပြောရတော့မှာပေါ့ဟူ၍ ဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးကမူ အင်း - စာအိတ်ထဲ ထည့်ပေးနိုင်လောက်တဲ့ ပမာဏဆိုရင်တော့ နည်းလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ တကယ်လို့သာ ပေးလာတဲ့ ငွေတွေ အများကြီးဆိုရင်ကော တို့တွေရဲ့ သိက္ခာကို ရိက္ခာနဲ့ မလဲဘူးဆိုပြီး တောင့်ခံနိုင်ပါ့မလားဟူ၍ တွေးတွေးဆဆ ဆိုလာသည်။ သူ့စကားထဲတွင် တွေးတောစရာ များစွာ ပါသည်။ သူက မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်လိုက်ခြင်း ဖြစ်သည်။ စာရှုသူတို့အနေဖြင့်ကော မိမိကိုယ်ကိုယ် ထိုသို့ ဆင်ခြင်သုံးသပ်ကြည့်မိကြပါသလား။ တစ်စုံတစ်ဦးက ထိုသို့ မေးလာသည်ရှိသော် မည်သို့ ပြန်ဖြေဖြစ်ကြပါမည်နည်း။ ထိုသို့ ရိက္ခာ (ငွေပမာဏ) များများနှင့် သိက္ခာကို အပေးအယူလုပ်ရမည့် အခြေအနေမျိုးကို ကိုယ်တိုင် ကြုံတွေ့လာရသည်ဆိုပါလျှင် တောင့်ခံနိုင်ကြပါမည်လော။ အတော်ပင် ဆုံးဖြတ်ရခက်မည့် အနေအထားတစ်ခုဟု စာရေးသူ ထင်ပါသည်။
***

Friday, 4 August 2017

စာအိတ်ယဉ်ကျေးမှု ကင်းစင်ရေး

 ထွန်းမင်း (ပညာရေးတက္ကသိုလ်)

()

ယခုခေတ်လို အင်တာနက်၊ အီးမေးလ်တို့ကို မသုံးဖြစ်ကြသေးသော တစ်ခေတ်တစ်ခါက စာအိပ်ကလေးများသည် ကျွန်တော်တို့အတွက် စာပို့ဆက်သွယ်ရေးတွင် မရှိမဖြစ်သော အရာတစ်ခု ဖြစ်ခဲ့သည်။ လေယာဉ်ပုံအသားတံဆိပ်နှင့် ရိုးရိုးစာအိပ်ဖြူ အကြီး၊ အသေးမှအစ ရေမွှေးဆွတ်ထားသော အလှတန်ဆာဆင်ထားပြီးသည့် စာအိပ်များအဆုံး စာအိပ်မျိုးစုံ တွေ့ဖူးခဲ့ကြပေမည်။ ၎င်းတို့ကို ရည်ရွယ်ချက်အလိုက် လူအမျိုးမျိုးက အသုံးပြုခဲ့ကြသည်ပင်။ တစ်ချို့လူငယ်များက ချစ်သူမိန်းကလေးကို ရေမွှေးရနံ့သင်းသော ရောင်စုံစာအိပ်လေးထဲ ချစ်သဝဏ်လွှာထည့်ကာ ပါးတတ်ခဲ့ကြသည်။ အများစုကမူ ရိုးရိုးစာအိပ်များကို သုံးလျက် စာတိုက်မှတစ်ဆင့် တစ်မြို့တစ်ရွာဆီ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် စာပို့ခဲ့ကြသည်။
စာအိပ်နှင့် စာပို့ခြင်း မစတင်မီ ရှေးအခါက စနစ်တကျ လေ့ကျင့်ထားသော ကျေးငှက်များ၊ ခိုများဖြင့် စာပို့ခြင်းအမှုကို ပြုခဲ့ကြသည်ဟု ဖတ်မှတ်ကြားသိဖူးသည်။ ထိုစဉ်ကတည်းက အကြောင်းအမျိုးမျိုးဖြင့် စာသဝဏ်လွှာ ပါးခဲ့ကြပေသည်။ အချစ်ရေးအတွက် ကျေးစေခိုင်းခဲ့ကြသကဲ့သို့ စစ်ရေးအတွက်လည်း ခိုများဖြင့် စာပို့ခဲ့ကြသည်ဟု ဆို၏။
ဤသို့ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာရင်း စာပို့သည့်စနစ်ပင် ပြောင်းလဲလာခဲ့ပေပြီ။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းက တစ်ဖက်လူ၏ အိမ်လိပ်စာကို သိမှသာ စာပို့၍ ရသော်လည်း ယခုအခါ တစ်ဖက်လူ၏ အီးမေးလ်လိပ်စာကို သိရုံမျှဖြင့် စက္ကန့်ပိုင်းအတွင်း စာအရောက် ပို့နိုင်ပေပြီ။ ထို့ထက် အမြန်ချောပို့ဟူ၍ မရှိနိုင်တော့။ တစ်ဖန် ပို့သူနှင့်လက်ခံသူ နှစ်ဖက်စလုံးတွင် ဖက်စ်ရှိပါက စာမျက်နှာများကို စကင်ဖတ်၍ တစ်ဖက်သို့ ပို့လိုက်ရုံဖြင့် ပရင့်ထုတ်ပြီးသား စာများ လက်ခံသူ၏ ဖက်စ်ထဲမှ တန်းခနဲ ထွက်လာနိုင်သည့် ခေတ်မျိုးပင် ဖြစ်သည်။ နည်းပညာတိုးတက်ထွန်းကားလာသည်နှင့်အမျှ တစ်ဦးနှင့်တစ်ဦး မည်မျှပင် ဝေးကွာနေကြပါစေ မြန်ဆန်တိကျစွာ ဆက်သွယ်လာနိုင်ကြပြီ ဖြစ်သည်။ သို့သော် ယနေ့ခေတ်လူ့အဖွဲ့အစည်း၌ စာအိပ်ကလေးများမှာ တစ်နည်းတစ်ဖုံ အသုံးဝင်လျှက် ရှိနေဆဲ ...

Saturday, 11 February 2017

မှားတဲ့အခါလည်း မှားပေမပေါ့


ကျွန်တော် နိုင်ငံရပ်ခြားမှာ ရောက်နေပေမယ့် လိုလေသေးမရှိ ကူညီပေးကြတဲ့ ဆရာတွေ၊ မိတ်ဆွေတွေကြောင့် ကျွန်တော် အမိမြေဆီ ပြန်မရောက်မီ နှစ်လလောက်အကြိုမှာ ရမ်းဗြဲကျွန်းနဲ့ပတ်သက်တဲ့စာအုပ် ထွက်လာနိုင်ခဲ့တယ်။ မှတ်မှတ်ရရ (၂၀၁၆) နိုဝင်ဘာလ၊ ပထမသီတင်းပတ်မှာပါ။ စာအုပ်ထွက်တော့ စာအုပ်ရဲ့ မျက်နှာဖုံးနဲ့အတူ ဆက်သွယ်ဝယ်ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ စာအုပ်ဆိုင်တွေကို ဖဘမှာတင်ပြီး စာအုပ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာတယ်။
ဒီအခါမှာ တစ်ဦးသောပုဂ္ဂိုလ်က ဆိုလာပါတယ်။ ရန်ကုန်မြို့ပေါ် မသွားဖြစ်သေးလို့ သွားဖြစ်တော့မှ ဝယ်မယ့်အကြောင်း၊ စစ်ကိုင်းမှာ ရောက်နေလို့ ရန်ကုန်သို့ မသွားဖြစ်သေးတဲ့အကြောင်း ဆိုလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်ကလည်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ တာဝန်ကျနေဆဲဖြစ်လေတော့ နိုင်ငံခြားက ပြန်ရောက်ရင် စစ်ကိုင်းပညာရေးတက္ကသိုလ်ကို လာမယ်၊ ရောက်တဲ့အခါ အကြောင်းကြားလိုက်မယ်၊ အဲဒီအချိန်မှာ ကျွန်တော့်ဆီကတစ်ဆင့် စာအုပ်ကို ဆက်သွယ်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်း သူ့ကို အကြောင်းပြန်ဖြစ်ပါတယ်။ အဲဒီလို အကြောင်းမပြန်မီ သူ့ရဲ့ အကြောင်းကို နည်းနည်း သိချင်တော့ သူ့ပရိုဖိုင်ပုံနဲ့ Timeline ကို သွားကြည့်မိပါတယ်။ သူ့ပရိုဖိုင်ပုံက ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်ပုံလို့ ထင်မိပါရဲ့။ သူ့ Timeline ပေါ် သွားကြည့်တော့ အမျိုးသားတစ်ဦးလို့ ထင်ရတယ်။ ဒီတော့လည်း ကျွန်တော့်စိတ်ထဲမှာ အမျိုးသားတစ်ဦးပဲ ဖြစ်မှာပါလို့ တွေးထားမိပါတော့တယ်။

Thursday, 12 January 2017

ဟောင်းသော်လည်း ကောင်းနေဆဲ အဆိုအမိန့်တစ်ချို့
………………………………………………………………..

(၁) ကျောင်းဆရာတိုင်းဧ။် အကြီးမားဆုံးသော အရည်အချင်းသည် အကျင့်စာရိတ္တကောင်းမွန်ရေး ဖြစ်ဧ။်။ သို့မှသာလျှင် ကျောင်းသူကျောင်းသားများသည် အကျင့်စာရိတ္တ ကောင်းနိုင်ပေမည်။ မည်သည့်အတန်းကိုပင် အောင်မြင်စေကာမူ မည်ကဲ့သို့ပင် အသင်အပြ ကောင်းစေကာမူ အကျင့်စာရိတ္တ မကောင်းသောသူသည် ဆရာအဖြစ် မလျော်၊ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော ဆရာ၊ ဆရာမများသည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။

~ ဦးသန့် (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း)

(၂) ပညာရေးအကြောင်းပြောရင် စိတ်နဲ့ စာရိတ္တ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမယ်ဆိုတာပါတယ်။ ပညာရေးဟေ့ဆိုရင် ကျန်တာတွေ ဘယ်လောက်တတ်တတ် စိတ်နဲ့ စာရိတ္တကို မေ့ထားလို့ မရဘူး။ ကောင်းမြတ်တဲ့ စိတ်ထားသဘောထားတွေ ကောင်းမြတ်တဲ့ စာရိတ္တတွေပေါ်အောင်လည်း ပညာရေးက လုပ်ပေးနိုင်တယ်။

~ တက္ကသိုလ်ဘုန်းနိုင်

(၃) လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်။ အဲဒါကတော့ ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ်။ ဒါပဲ ဖြစ်တယ်။ ဘယ်နေရာမဆို အမှန်ကို အမှန်အတိုင်းပဲ ပြောရဲရမယ်။ ပြောရဲတဲ့သတ္တိလည်း ရှိရမယ်။

~ ဗိုလ်ချုပ်အောင်ဆန်း


(စာရေးဆရာ သူရထိုက်ဧ။် “အကျင့်စာရိတ္တနှင့် ပညာရေး” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)