ဇွဲသစ်
(ရမ္မာမြေ)
(၁)
ကြာဆိုတာ
ကန်အောက်ကြမ်းပြင်မှတစ်ဆင့်
ရေကို ထိုးထွက်
တန်ခိုးထက်တဲ့ ပန်းတစ်မျိုး။
ကြာဆိုတာ
အရိုးလည်း အသုံးဝင်
အဖူးလည်း အသုံးကျ
အပွင့်လည်း အသုံးတည့်
အသီးလည်း အသုံးများ
တန်ဖိုးထားအပ်တဲ့ အပင်တစ်မျိုး။
ရေမြင့်မှ ကြာတင့်ပါသတဲ့။
ဟော့ … ဒီကြာပန်းကတော့
ရေမြင့်လို့ ကြာတင့်တာမဟုတ်၊
ကြာတင့်လို့ ရေတွေမြင့်ခဲ့ကြရပြီ။
သူဟာ
ဖူးတုန်းလည်း အကျိုးပွား
ပွင့်တော့လည်း တန်ဖိုးထားရတဲ့
ဘုရားပန်းအိုးထဲက ကြာပန်းမျိုးပေါ့။
xxxxx xxxxx xxxxx xxxxx
(၂)
၁၉ ၉ ၉ - ခုနှစ်၊ အောက်တိုဘာလဧ။် တစ်ခုသောနေ့။ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ ဇရပ်ပြင်ရွာနှင့် ကွမ်းအိုင်ရွာတို့ အစပ်ရှိ တြိဂံသဏ္ဌာန် မြေကွက်ပေါ်တွင် ခန့်ညားစွာ တည်ရှိနေသည့် အ.ထ.က ဇရပ်ပြင် ကျောင်းတော်ကြီး၌ မောင်ကျော်ဇောတစ်ယောက် အဌမတန်း တက်ရောက်နေချိန်။