အခုအချိန်ဟာ သြစတြေးလျတစ်နိုင်ငံလုံးမှာ သန်ခေါင်စာရင်းကောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေ့ သန်းခေါင်စာရင်းအတွက် တစ်ဦးချင်းဖြည့်စွက်ရမယ့် ပုံစံစာရွက်တွေကို သန်းခေါင်စာရင်းကိစ္စအတွက် လေ့ကျင့်ပေးထားတဲ့ အသက်
(၃၀) ခန့် အမျိုးသမီးတစ်ဦး ကျောင်းဆောင်သို့ လာပေးပါတယ်။ ဒါကို လူတိုင်း မဖြစ်မနေ ဖြည့်ရမယ်။ အင်တာနက်ဝက်ဘဆိုဒ်ကနေတစ်ဆင့် ဖြည့်နိုင်တယ်။ အင်တာနက်ကနေ မဖြည့်ချင်ဘူးဆိုရင် သူ ပေးလာတဲ့ ပုံစံထဲမှာသာ ဖြည့်ပြီး ဗုဒ္ဓဟူးနေ့မှာ ဖြည့်ပြီးသား ပုံစံတွေကို သူကိုယ်တိုင်ပြန်လာသိမ်းမယ်လို့ ပြောပါတယ်။ ဒီသန်းခေါင်စာရင်းကို သြစတြေးလျနိုင်ငံအတွင်းမှာ ရောက်နေတဲ့ နိုင်ငံသားရော၊ နိုင်ငံသားမဟုတ်သူတွေပါ လူတိုင်းစေ့ သြဂုတ်လ (၉) ရက်နေ့ ညမှာ တစ်ပြိုင်တည်း ဖြည့်စွက်ပြီး နောက်နေ့မှာ ဖြည့်ပြီးသားပုံစံကို မဆိုင်းမတွ ပြန်ပေးရပါမတဲ့။ မဖြည့်တဲ့သူတွေက တစ်နေ့ကို သြစီဒေါ်လာ (၁၈၀) ပေးရပါမယ်တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ တစ်နေ့ကို တစ်သိန်းခွဲကျော်ကျော် ဒဏ်ကြေးဆောင်တာနဲ့ ညီမျှပါလိမ့်မယ်။ ဒါပေမယ့် နောက်ကျလို့ ဒဏ်ငွေသာဆောင်ပြီး သတ်မှတ်ပုံစံမဖြည့်စွက်လိုက်ဘဲ ဒီကိစ္စမပြီးသွားနိုင်ပါဘူး။ နောက်ကျနေရင်လည်း သတ်မှတ်ဒဏ်ငွေကို ပေးဆောင်ပြီး သတ်မှတ်ပုံစံကို ဖြည့်ပေးရဦးမှာပါ။ ဒီတော့လည်း ဘယ်သူတွေများ ဒီသန်းခေါင်စာရင်းပုံစံကို မဖြည့်ဘဲ နေပါတော့မလဲ။ ဖြည့်ကြပေမပေါ့ဗျာ။
Monday, 8 August 2016
Monday, 1 August 2016
Ramree Island on the literary stage of the world (Full English-version article)
Ramree Island on the literary stage of the world
(ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်းအကြောင်း)
byZwe Thit (Rammarmray)

Ramree Island
is the biggest island in Myanmar, with a width of 1350 square kilometres which
is nearly twofold of the size of the Republic of Singapore. With a wealth of
natural resources like natural gas and petroleum nowadays, it is also now known
for Shwe Gas Project at Kyaukphru at the northwestern part of the island, for
which there have been a lot of complaints arising from local people.
This island is
also famous for the Ramree Island Battle during the Second World War between
the Japanese Army and the Allied Troops in 1945. It has been even more vivid in
the minds of the people all over the world for ''Most number of fatalities in a
crocodile attack” as recorded in the Guinness Book of Records. While the
Japanese Army were retreating into the jungle, nearly 1000 Japanese soldiers
were killed by saltwater crocodiles there.
This fateful
event has inspired several writers all over the world for decades. As a result,
they wrote novels and novelettes on the scenes. Some of them are as follows:
1) Dragon of
the Mangroves (Yasuyuki Kasai)
2) Meat (Lee
Laughead)
3) Sunset on
Ramree (Robert Appleton)
4) The
Mangroves (John L. Cambell)
They are
popular books among the world readers, especially Sunset on Ramree by Robert
Appleton which won EPIC Award in 2011. Out of the four books, the first one
"Dragon of the Mangroves" was written by a Japanese writer. The
second and third books are novelettes while the other two are novels.
Recently, I
heard a good piece of news concerning the Ramree Island. A famous Hollywood
film company named "Erik Sun Productions" will come to Ramree Island
and make a film about the Guinness-recorded crocodile attack on the Japanese soldiers
and the Ramree Island Battle according to a piece of news on Pyi Myanmar Journal dated 26th
March, 2015.The title of the movie will be "Into the Quagmire". No
doubt it will be a good movie! Ramree Island is a beautiful island. It is
expected that its beautiful spots will also be seen along with some exciting plots
in the forthcoming movie.
သုတေသနကျမ်းပြုမဟာဘွဲ့ နှင့် ဘာသာရပ်အထူးပြုမဟာဘွဲ့အကြောင်း
ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ အကြောင်းရင်းကို ပြောရရင် ပညာသင်ဆုလျှောက်ဖို့ ကြိုးစားပြင်ဆင်နေတဲ့ ညီမတစ်ယောက်ရဲ့ မေးခွန်းက စတယ်လို့ ဆိုရမှာပါ။ သူက သြစတြေးလျနိုင်ငံမှာ ပညာသင်ဆုနဲ့ မဟာဘွဲ့လာတက်နိုင်ဖို့ ကြိုးစားနေသူပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း ပညာသင်ဆုနဲ့ မဟာဘွဲ့ လာတက်နေသူတစ်ယောက်ဖြစ်ပြီး နောက်ဆုံးပညာသင်နှစ်ဝက်မှာ သင်ယူနေသူတစ်ယောက် ဖြစ်လေတော့ ကျွန်တော်တက်ရောက်နေတဲ့ တက္ကသိုလ်မှာ ကိုယ်တိုင်လေ့လာမှတ်သားဖူးတာတွေကို မဏ္ဍိုင်ပြုပြီး သုတေသနကျမ်းပြုမဟာဘွဲ့ (Master by
research) နဲ့ ဘာသာရပ်အထူးပြုမဟာဘွဲ့ (Master by coursework) ဘယ်လိုကွာလဲ ဆိုတာကို တင်ပြလိုပါတယ်။ မေးခွန်းမေးလာတဲ့ ညီမကို ဖြေခဲ့တဲ့ အဖြေကို အကျယ်ချဲ့ပြီး ပြည့်စုံအောင် ဖြည့်စွက်ပြီး ဒီဆောင်းပါးကို ရေးပါတယ်။
ဒီဆောင်းပါးထဲမှာ မဟာဘွဲ့တွေနဲ့ပတ်သက်ရင် ယတိပြတ်မှန်ကန်တဲ့ အကြောင်းအရာတွေကို အလုံးစုံ ခြုံငုံမိအောင် မတင်ပြနိုင်ကြောင်း ကြိုတင်ဝန်ခံလိုပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို သြစတြေးလျတစ်နိုင်ငံတည်းက တက္ကသိုလ်ချင်းအတူတူမှာတောင် Credit နဲ့ Unit ပုံစံမတူသလို တခြား ကွဲပြားတာတွေလည်း အတော်လေး ရှိပါလိမ့်မယ်။ တခြားနိုင်ငံတွေနဲ့ဆို ပိုပြီး မတူတာတွေ ရှိနေမှာပါ။ ဥပမာ - ဂျပန်နိုင်ငံမှာ မဟာဘွဲ့ယူရင် သုတေသနစာတမ်းကို မဖြစ်မနေရေးရတယ်လို့ ဆိုပါတယ်။ ဒီဘွဲ့ယူသုတေသနစာတမ်း မရေးရင် မဟာဘွဲ့မရဘူးလို့ ကြားဖူးပါတယ်။ သြစတြေးလျမှာတော့ အဲလိုမဟုတ်ပါဘူး။ ယူတဲ့ဘွဲ့အပေါ်မှာမူတည်ပြီး ဘွဲ့ယူကျမ်း ပြုစုရ၊ မပြုစုရဆိုတာ ကွာခြားသွားပါတယ်။ ဒီတော့ တိတိကျကျပြောရရင် ကျွန်တော်တက်ရောက်နေတဲ့ La Trobe
University ရဲ့ မဟာဘွဲ့ ပုံစံနှစ်မျိုးအကြောင်းကို လေ့လာမှတ်သားမိသလောက် ရှင်းပြပါရစေ။
Wednesday, 27 July 2016
A Series of Lashes
Before
father’s death, our family used to be wealthy. But when he died of leukemia, we
were left with a few acres of arable land but with much debt which was up to
our necks. As a result, mother had to take the role of breadwinner of the
family.
I have
six siblings. At that time, my eldest sister just passed Matriculation
Examination. My two elder brothers also had to drop out of school. My two other
elder sisters continued studying. I, the last but one child, was then 7 years
old. My youngest brother was only 3 years of age. In fact, none of us was able
to stand on our feet. So mother was in tight corner concerning the future
prospects of her children.
Tuesday, 26 July 2016
Australia Awards Scholarship အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ အင်တာဗျူးဖြေဖို့ ဘာတွေပြင်ဆင်သင့်ပါသလဲ
သြစတြေးလျအစိုးရရဲ့ ပညာသင်ဆုတစ်ခုဖြစ်တဲ့ Australia Awards Scholarship ကို ဖြေဆိုရာမှာ အဆင့်တွေ အတော်လေး ဖြတ်ကျော်ရပါတယ်။ နောက်ဆုံးအဆင့်ကတော့ အင်တာဗျူးဖြေတဲ့အဆင့်ပါ။ ဒီအဆင့်ကို ရောက်လာပြီးဖြေဆိုတော့မယ့် ညီမတစ်ယောက်က "ဒီအင်တာဗျူးဖြေဖို့ ဘယ်လိုမျိုး ပြင်ဆင်ရမလဲ" လို့ မေးလာလို့ ကျွန်တော့်အတွေ့အကြုံကို အခြေခံပြီး ဖြေဖြစ်ခဲ့တာကို အခုပြန်တင်လိုက်ပါတယ်။ အခြား လိုအပ်မယ့်သူတွေအတွက် တစ်စုံတစ်ခု အကျိုးဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
..............................................
.
ကျွန်တော့်တုန်းက ဖြေခဲ့ရတဲ့ အတွေ့အကြုံကို အခြေခံပြီး ပြန်ပြောပါရစေ။ အခု ညီမဖြေမယ့် အင်တာဗျူးပုံစံလည်း ဒီပုံစံအတိုင်းပဲ ဖြစ်လောက်ပါတယ်။
.
ကျွန်တော့်တို့တုန်းက အင်တာဗျူးမဖြေခင် အခန်းအပြင်နားလေးက သတ်မှတ်နေရာလေးမှာ ထားထားပေးတဲ့ ကွန်ပျူတာနဲ့ အက်ဆေးတိုတစ်ပုဒ် ရေးစေပါတယ်။ အက်ဆေးခေါင်းစဉ်က "မိမိလေးစားသောခေါင်းဆောင်တစ်ဦး" နဲ့ အခြားခေါင်းစဉ်တစ်ခုပါ။ အဲဒီနှစ်ခုထဲက တစ်ခုကို ရွေးဖြေရပါတယ်။ အဲဒီမှာ ကိုယ်လေးစားတဲ့ပုဂ္ဂိုလ်ကို ဘာကြောင့်လေးစားရကြောင်း အကျိုးသင့်အကြောင်းသင့် ပြန်ဖြေရပါတယ်။ သတ်မှတ်အချိန်အတွင်း စာလုံးရေအကန့်အသတ်နဲ့ ဒီအက်ဆေးကို ကွန်ပျူတာနဲ့ အပြီးရေးရပါတယ်။
.
ဒီတစ်ခုဖြေပြီးရင် ခဏလေး ထိုင်စောင့်ရပါတယ်။ ပြီးမှ အင်တာဗျူးအခန်းထဲမှာ အင်တာဗျူးဖြေရပါတယ်။ အင်တာဗျူးမေးတဲ့သူ သုံးယောက်ရှိတတ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပညာသင်ဆုရွေးချယ်ချီးမြှင့်ရေးတာဝန်ခံ သြစတြေးလျလူမျိုးတစ်ဦး၊ သြစတြေးလျသံရုံးက အခြားပုဂ္ဂိုလ်တစ်ဦး၊ မြန်မာနိုင်ငံအတွက် ပညာသင်ဆုရွေးချယ်ချီးမြှင့်ရေးတာဝန်ခံ မြန်မာလူမျိုးတစ်ဦးတို့ ပါဝင်ပါတယ်။
.
သူတို့တွေ မေးတာတွေ မှတ်မိသလောက် ခြုံပြောရရင် ၁။ သြစတြေးလျနိုင်ငံရောက်သွားရင် ဘယ်လိုအခက်အခဲတွေ ရှိလောက်မလဲ၊ ၂။ ဘာကြောင့် ဒီပညာသင်ဆုကို လျှောက်တာလဲ။ ၃။ ဘာကြောင့် ဒီဘာသာရပ်ကို ရွေးချယ်လျှောက်ဖြစ်တာလဲ။ ၄။ ပညာတော်သင်က ပြန်လာရင် မြန်မာနိုင်ငံအတွက် ဘယ်လိုမျိုးအကျိုးပြုနိုင်မယ် ထင်တာလဲ။ ၅။ ခေါင်းဆောင်မှုဆိုတာ ဘယ်လိုနားလည်လဲ ... စသည်ဖြင့် မေးပါတယ်။အမှန်တော့ ပညာသင်ဆုလျှောက်လွှာမှာ ကိုယ်ရေးလိုက်တဲ့ အက်ဆေး ၄ ပုဒ်မှာ ပါတဲ့အကြောင်းအရာတွေကို အခြေခံပြီး သူတို့တွေ ကိုယ့်ကို မေးခွန်းမေးတာပါပဲ။
.
နောက်တစ်ခုက leadership နဲ့ ပတ်သက်တဲ့ စာတွေကိုလည်း အတိုင်းအတာတစ်ခုထိ စိတ်ဝင်တစား လေ့လာဖတ်ရှုထားဖို့လိုပါတယ်။ (တအားကြီးကျွမ်းကျင်ထားဖို့တော့ မလိုအပ်ပါဘူး။) စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တဲ့ leadership နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်မူရင်းစာအုပ် (သို့မဟုတ်) မြန်မာပြန်စာအုပ်တစ်ချို့က အဲဒီအတွက် ကူညီပေးပါလိမ့်မယ်။
.
ပညာသင်ဆုရွေးချယ်ေ၇းအဖွဲ့က ကျောင်းသားတစ်ယောက်ကို ရွေးချယ်ဖို့ဆုံးဖြတ်တဲ့အခါမှာ ဒီကျောင်းသားတစ်ယောက် ပညာကို တကယ်ကြိုးစားလိုစိတ်ရှိရဲ့လား၊ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်နိုင်ငံကို တကယ်အကျိုးပြုလိုစိတ်ကော ရှိရဲ့လား၊ သူ့ပညာရေးအသိုင်းအဝိုင်းကို အပြောင်းအလဲဖြစ်စေ၊ အကျိုးပြုစေဖို့ ခေါင်းဆောင်မှုအရည်အချင်းကော ရှိလား ဆိုတာတွေကို အဓိကကြည့်တယ်လို့ ယူဆရပါတယ်။
.
ဒီတော့ ပညာသင်ဆုလျှောက်လွှာမှာ ကိုယ်ရေးလိုက်တဲ့ အက်ဆေးလေးပုဒ်ကို ပြန်ဖတ်ပြီး ဘယ်လိုမေးလာရင် ဘယ်လိုပြန်ဖြေရင်ကောင်းမယ်ဆိုတာ တွေးပြီးပြင်ဆင်ထားတာ ကောင်းသလို တစ်ဘက်ကလည်း leadership နဲ့ ပတ်သက်တဲ့ စာအုပ်တစ်ချို့ကို အတန်အသင့် ဝယ်ယူလေ့လာထားတာ ကောင်းပါလိမ့်မယ်။
.
နောက်ဆုံးတစ်ခု အကြံပြုလိုတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့နဲ့ ရဲရဲဖြေဆိုဖို့ပါ။
.
ကျွန်တော် အကြံပေးလိုတာကတော့ ဒါပါပဲ ညီမ။ အဆင်ပြေအောင်မြင်ပါစေ။
.
TM
..............................................
.
ကျွန်တော့်တုန်းက ဖြေခဲ့ရတဲ့ အတွေ့အကြုံကို အခြေခံပြီး ပြန်ပြောပါရစေ။ အခု ညီမဖြေမယ့် အင်တာဗျူးပုံစံလည်း ဒီပုံစံအတိုင်းပဲ ဖြစ်လောက်ပါတယ်။
.
ကျွန်တော့်တို့တုန်းက အင်တာဗျူးမဖြေခင် အခန်းအပြင်နားလေးက သတ်မှတ်နေရာလေးမှာ ထားထားပေးတဲ့ ကွန်ပျူတာနဲ့ အက်ဆေးတိုတစ်ပုဒ် ရေးစေပါတယ်။ အက်ဆေးခေါင်းစဉ်က "မိမိလေးစားသောခေါင်းဆောင်တစ်ဦး" နဲ့ အခြားခေါင်းစဉ်တစ်ခုပါ။ အဲဒီနှစ်ခုထဲက တစ်ခုကို ရွေးဖြေရပါတယ်။ အဲဒီမှာ ကိုယ်လေးစားတဲ့ပုဂ္ဂိုလ်ကို ဘာကြောင့်လေးစားရကြောင်း အကျိုးသင့်အကြောင်းသင့် ပြန်ဖြေရပါတယ်။ သတ်မှတ်အချိန်အတွင်း စာလုံးရေအကန့်အသတ်နဲ့ ဒီအက်ဆေးကို ကွန်ပျူတာနဲ့ အပြီးရေးရပါတယ်။
.
ဒီတစ်ခုဖြေပြီးရင် ခဏလေး ထိုင်စောင့်ရပါတယ်။ ပြီးမှ အင်တာဗျူးအခန်းထဲမှာ အင်တာဗျူးဖြေရပါတယ်။ အင်တာဗျူးမေးတဲ့သူ သုံးယောက်ရှိတတ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပညာသင်ဆုရွေးချယ်ချီးမြှင့်ရေးတာဝန်ခံ သြစတြေးလျလူမျိုးတစ်ဦး၊ သြစတြေးလျသံရုံးက အခြားပုဂ္ဂိုလ်တစ်ဦး၊ မြန်မာနိုင်ငံအတွက် ပညာသင်ဆုရွေးချယ်ချီးမြှင့်ရေးတာဝန်ခံ မြန်မာလူမျိုးတစ်ဦးတို့ ပါဝင်ပါတယ်။
.
သူတို့တွေ မေးတာတွေ မှတ်မိသလောက် ခြုံပြောရရင် ၁။ သြစတြေးလျနိုင်ငံရောက်သွားရင် ဘယ်လိုအခက်အခဲတွေ ရှိလောက်မလဲ၊ ၂။ ဘာကြောင့် ဒီပညာသင်ဆုကို လျှောက်တာလဲ။ ၃။ ဘာကြောင့် ဒီဘာသာရပ်ကို ရွေးချယ်လျှောက်ဖြစ်တာလဲ။ ၄။ ပညာတော်သင်က ပြန်လာရင် မြန်မာနိုင်ငံအတွက် ဘယ်လိုမျိုးအကျိုးပြုနိုင်မယ် ထင်တာလဲ။ ၅။ ခေါင်းဆောင်မှုဆိုတာ ဘယ်လိုနားလည်လဲ ... စသည်ဖြင့် မေးပါတယ်။အမှန်တော့ ပညာသင်ဆုလျှောက်လွှာမှာ ကိုယ်ရေးလိုက်တဲ့ အက်ဆေး ၄ ပုဒ်မှာ ပါတဲ့အကြောင်းအရာတွေကို အခြေခံပြီး သူတို့တွေ ကိုယ့်ကို မေးခွန်းမေးတာပါပဲ။
.
နောက်တစ်ခုက leadership နဲ့ ပတ်သက်တဲ့ စာတွေကိုလည်း အတိုင်းအတာတစ်ခုထိ စိတ်ဝင်တစား လေ့လာဖတ်ရှုထားဖို့လိုပါတယ်။ (တအားကြီးကျွမ်းကျင်ထားဖို့တော့ မလိုအပ်ပါဘူး။) စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တဲ့ leadership နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်မူရင်းစာအုပ် (သို့မဟုတ်) မြန်မာပြန်စာအုပ်တစ်ချို့က အဲဒီအတွက် ကူညီပေးပါလိမ့်မယ်။
.
ပညာသင်ဆုရွေးချယ်ေ၇းအဖွဲ့က ကျောင်းသားတစ်ယောက်ကို ရွေးချယ်ဖို့ဆုံးဖြတ်တဲ့အခါမှာ ဒီကျောင်းသားတစ်ယောက် ပညာကို တကယ်ကြိုးစားလိုစိတ်ရှိရဲ့လား၊ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်နိုင်ငံကို တကယ်အကျိုးပြုလိုစိတ်ကော ရှိရဲ့လား၊ သူ့ပညာရေးအသိုင်းအဝိုင်းကို အပြောင်းအလဲဖြစ်စေ၊ အကျိုးပြုစေဖို့ ခေါင်းဆောင်မှုအရည်အချင်းကော ရှိလား ဆိုတာတွေကို အဓိကကြည့်တယ်လို့ ယူဆရပါတယ်။
.
ဒီတော့ ပညာသင်ဆုလျှောက်လွှာမှာ ကိုယ်ရေးလိုက်တဲ့ အက်ဆေးလေးပုဒ်ကို ပြန်ဖတ်ပြီး ဘယ်လိုမေးလာရင် ဘယ်လိုပြန်ဖြေရင်ကောင်းမယ်ဆိုတာ တွေးပြီးပြင်ဆင်ထားတာ ကောင်းသလို တစ်ဘက်ကလည်း leadership နဲ့ ပတ်သက်တဲ့ စာအုပ်တစ်ချို့ကို အတန်အသင့် ဝယ်ယူလေ့လာထားတာ ကောင်းပါလိမ့်မယ်။
.
နောက်ဆုံးတစ်ခု အကြံပြုလိုတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့နဲ့ ရဲရဲဖြေဆိုဖို့ပါ။
.
ကျွန်တော် အကြံပေးလိုတာကတော့ ဒါပါပဲ ညီမ။ အဆင်ပြေအောင်မြင်ပါစေ။
.
TM
Sunday, 24 July 2016
လောကငယ်တစ်ခုလှစေဖို့
ဒီလောကငယ်တစ်ခုမှာပေါ့ ...
ဆဲတဲ့သူ ဆဲကြ၊
ကွဲတဲ့သူ ကွဲကြ၊
လွဲတဲ့သူ လွဲကြ၊
မွဲတဲ့သူ မွဲကြ၊
မဲ့တဲ့သူ မဲ့ကြ၊
ရွဲ့တဲ့သူ ရွဲ့ကြ၊
ကဲ့ရဲ့တဲ့သူတွေ ကဲ့ရဲ့ကြ၊
မာန်မာနတွေ ထောင်လွှားကြ၊
ပကာသနတွေ မော်ကြွားပြ၊
ပသာဒတွေက နည်းလေတော့
ထာဝရအေးငြိမ်းရေးအတွက် ရင်လေးစရာ ...
.
နွားခြေရာခွက်ထဲက ဖားသူငယ်လို
ဒီလောကငယ်ထဲ
နေရာကွက်ကလေးဟာ
တစ်ကမ္ဘာအလား
မောဟရဲ့ စေစားခံရ
ဒါ ဘဝမဟုတ်သေးဘူး၊
ဒါ ပရလောကလည်း မဟုတ်ဘူး၊
ဒါ နေရာကွက်ကလေး ...
တစ်နေ့နေ့ ထားခဲ့ရမယ့်
ကွက်ကွက်ကလေး တစ်နေရာပါ၊
.
ကဲ ...
ဘာတွေကို ဖက်တွယ်ချင်မိသေးလဲ ...
ဘာတွေကို မက်နေချင်မိသေးလဲ
မချန်ထားခင်အချိန်လေးမှာ
ဒီလောကငယ်လေးတစ်ခုကို
အဆိပ်တွေကျွေးတာနဲ့
အမှိုက်တွေပေးတာ
ရပ်သင့်က ရပ်ပါ မိတ်ဆွေ ... ။
.
ဇွဲသစ် (ရမ္မာမြေ)
၂၄၊ ၇၊ ၂၀၁၆
Tuesday, 5 July 2016
ရခိုင်တွေက ရိုင်းတယ်တဲ့လား
လွန်ခဲ့တဲ့ ဇွန်လ (၃၀) ရက်နေ့က မဲလဘုန်းမြို့လယ်မှာ ရှိတဲ့ RMIT တက္ကသိုလ်၊ မြို့ထဲတက္ကသိုလ်ပုရဝဏ်မှာ ရခိုင်ပဋိပက္ခအခြေအနေနဲ့ ပတ်သက်ပြီး Deaking University က ဒေါက်တာအင်ထနီဝေး (Dr. Anthony Ware) ရဲ့ တင်ပြဆွေးနွေးချက်ကို သွားနားထောင်ဖြစ်ပါတယ်။ သူ တင်ပြဆွေးနွေးချက်တွေက အတိုင်းအတာတစ်ခုထိ ဘက်လိုက်မှုကင်းတယ်လို့ ယူဆမိပါတယ်။ (အကျယ်ကို အချိန်ရမှ ရေးပါဦးမယ်။) ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး သူ မှတ်ချက်ပြုတဲ့ အချက်တွေထဲမှာ တစ်ချက်က ရခိုင်တွေဟာ ရိုင်းတယ်၊ စိတ်လိုက်မာန်ပါ လုပ်တတ်လွန်းတယ်လို့ ဆိုကြတယ်လို့ ပါပါတယ်။ သူ ကိုးကားပြောသွားတဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်းက "ရခိုင်နဲ့ မြွေပွေးကို တွေ့ရင် ရခိုင်ကို အရင်သတ်။ မြွေပွေးကို အရင် မသတ်နဲ့။" ဆိုပြီး ပြောခဲ့ဖူးတယ်ဆိုတဲ့ တစ်ချက်လည်း ပါပါတယ်။ ကျွန်တော် သိသလောက်တော့ ဒီစကားကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဆိုတဲ့အချက်ဟာ အငြင်းပွားဖွယ် ဖြစ်နေဆဲပါ။ ပွဲကို အတူတက်ရောက်တဲ့ ဗမာသူငယ်ချင်းတစ်ချို့ကလည်း ဒီစကားအပါအဝင် ဒေါက်တာအင်ထနီရဲ့ တင်ပြချက်အချို့ဟာ ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးနေသလိုပဲလို့ မြင်ပြီး နောက်ဆုံး အမေးအဖြေကဏ္ဍမှာလည်း သူငယ်ချင်းတစ်ယောက်က ထောက်ပြဝေဖန်ခဲ့ပါသေးတယ်။ မစ္စတာအင်ထနီက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်ဆိုတဲ့ ဒီစကားကို ပြောလိုက်တော့ ကျွန်တော့်ရဲ့ ဘယ်ဘက်ဘေးနားတစ်ယောက်ခြားမှာ ထိုင်နေတဲ့ သြစတြေးလျသူလို့ ထင်ရတဲ့ အဘွားကြီးတစ်ယောက် စုပ်တသပ်သပ် ဖြစ်သွားလေရဲ့။ မစ္စတာအင်ထနီက သူ့စကားရဲ့ အငြင်းပွားဖွယ်အဓိပ္ဗာယ်ပြဿနာကို မသိလို့လား၊ သိသိကြီးနဲ့ အချိန်ကို ငဲ့ကွက်ပြီး မပြောဘဲချန်ထားခဲ့တာလား၊ ဒါမှမဟုတ် တကယ်ပဲ ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးလိုတဲ့ သဘောလားတော့ မသိပါဘူး။ အမေးအဖြေကဏ္ဍမှာ ဒီစကားပုံရဲ့ ဆိုလိုရင်းအဓိပ္ဗာယ်က "ရခိုင်ငှက်ပျော (ပင်) နဲ့ မြွေပွေးကို တွေ့ရင် ရခိုင်ငှက်ပျော (ပင်) ကို အရင် ဓားနဲ့ ခုတ်၊ ပြီးမှ မြွေပွေးကို သတ်" လို့ ဆိုလိုကြောင်း၊ ရခိုင်ငှက်ပျောပင်က ထွက်တဲ့ အစေးနဲ့ မြွေပွေးအဆိပ် ပြေအောင် ကုသနိုင်တာမို့ ဒီလိုမျိုး ရခိုင်ငှက်ပျောပင်ကို အရင် ခုတ်ရမှာဖြစ်ကြောင်း ကျွန်တော် မှတ်သားမိသမျှ ပြန်လည်ရှင်းပြဆွေးနွေးဖြစ်တော့မှ ပရိသတ်အတော်များများ ပြုံးနိုင်၊ ရယ်နိုင်ကြပါတော့တယ်။
ကျွန်တော့်အမြင်တော့ ရခိုင်တွေဟာ ပရိယာယ်သိပ်မရှိတတ်ကြဘူး။ ဟန်ဆောင်ပန်ဆောင် မပြောတတ်ကြဘူး။ များသောအားဖြင့် စိတ်ထဲမှာ ရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ကြတယ်။ လှိုင်းသံလေသံဆူညံတဲ့ ဘင်္ဂလားပင်လယ်အော်ကမ်းရိုးတမ်းတလျောက်မှာ ရှင်သန်ကြီးပြင်းလာခဲ့ကြလေတော့ ရခိုင်လူမျိုးအတော်များများဟာ လှိုင်းသံလေသံကျော်ပြီး တစ်ဘက်လူကြားနိုင်အောင် အသံကျယ်ကျယ်နဲ့ စကားပြောဆိုတတ်တာ အကျင့်လို ဖြစ်နေကြပါသေးသဗျ။ ဒီတော့လည်း ရိုင်းတယ်လို့ တချို့တွေက ထင်မြင်ယူဆတတ်ကြလေရဲ့။ ဒါပေမယ့် ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲဆိုဆို ရခိုင်အများစုဟာ ရိုးသားပွင့်လင်းကြသူတွေပါ။ မရိုင်းတတ်ကြပါဘူး။
၀၁၂ ရခိုင်ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ ရခိုင်တွေကို အမျိုးသားရေး ရှေ့တန်းတင်လွန်းတဲ့ လူရိုင်းတွေအဖြစ် "ရို" ဘက်တော်သားတွေက ကမ္ဘာ့အလယ်မှာ ပိုမိုလှုံဆော်ရေးသားတင်ပြလာပါတယ်။ သိခဲ့မြင်ခဲ့ကြတဲ့အတိုင်း နိုက်ဂျီးရီးယားက ခရစ်ယာန်ဘုရားကျောင်းကို သူတို့နိုင်ငံသားဘိုကိုဟာရမ်အကြမ်းဖက်သမားတွေ မီးရှို့သတ်ထားတာတွေကို ရခိုင်မှာ လုပ်တယ်လို့ ဆိုလိုဆို၊ အာရပ်မီဒီယာတစ်ခုဖြစ်တဲ့ အယ်လ့ဂျာဇီရာ (Al Jazeera) က "ကန့်လန့်ကာနောက်ကွယ်မှ လူမျိုးတုံးသတ်ဖြတ်မှု" (Hidden Genocide) ခေါင်းစဉ်နဲ့ မဟုတ်မဟတ် မီးလောင်ရာလေပင့်လုပ်လိုလုပ်နဲ့ ဘာသာရေးအဓိကရုဏ်းလိုလို၊ လူမျိုးရေးအဓိကရုဏ်းလိုလို ပုံဖော်လာခဲ့ကြပါတယ်။ ဒီလိုမျိုး ပုံဖော်ပြီး ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိတောင် အဖိနှိပ်ခံရတယ်၊ ဘယ်လိုခွဲခြားဆက်ဆံခံရတယ် စသည်ဖြင့် သူတို့တွေ ကမ္ဘာကို ငိုချင်းချကြတယ်။ မြေပြင်အခြေအနေမှာတော့ အဲလောက်ထိ အခြေအနေ မဆိုးမှန်း ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေဆီကို ရောက်ဖူးသူတွေ ပြောတာ၊ ရေးတာတွေကို တွေ့မြင်နေကြရပါတယ်။ ဒီတော့ နိုင်ငံတကာမျက်နှာစာမှာ ရခိုင်တွေကို လူရိုင်းတွေအဖြစ် မြင်လာပြီး ဘင်္ဂါလီတွေကိုတော့ သနားစရာ နိုင်ငံမဲ့ဒုက္ခသည်တွေအဖြစ် မြင်လာကြတာပါပဲ။ "ရို" ဘက်တော်သားတွေရဲ့ ဝါဒဖြန့်မှုကိုသာ ထိတွေ့လာခဲ့ရတဲ့ နိုင်ငံခြားသားတွေက ဒီလိုမျိုး မျက်ရည်အတုနောက်ကွယ်က ပကတိအခြေအနေတွေကို မမြင်နိုင်ကြတော့ပါဘူး။ ရခိုင်နဲ့ ဘင်္ဂါလီ ဘက်နှစ်ဘက်လုံးကို သမိုင်းကြောင်းအရ မျှတအောင် မြင်တတ်ကြည့်တတ်လောက်အောင် လေ့လာထားတဲ့ နိုင်ငံခြားသားတွေသာ ပကတိအခြေအနေကို မြင်အောင်ကြည့်တတ်ကြတာ တွေ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ်လနီးပါးလောက်က ကျွန်တော့်အခန်းဖော်အိန္ဒိယသူငယ်ချင်းက ပြောလာပါတယ်။ သူလုပ်နေတဲ့ အချိန်ပိုင်းအလုပ်မှာ ဆော်ဒီက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေကို ဘယ်လိုဖိနှိပ်ဆက်ဆံကြောင်း၊ ဘင်္ဂလီတွေ အများကြီး အသတ်ခံရကြောင်း၊ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြားရတာ သူ အင်မတန် စိတ်ပျက်မိကြောင်း ညည်းတွားပြောပြပါသတဲ့။ ဒီတော့ အခန်းဖော်သူငယ်ချင်းက "မင်းက နိုင်ငံခြားသားလည်း ဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်လည်း ဖြစ်တယ်ဆိုတော့ "ရို" ဘက်တော်သားတွေရဲ့ အသံတစ်ခုတည်းကိုပဲ နားစွင့်နေလို့ ဖြစ်ပါလိမ့်မယ်။ အမှန်က အခြားတစ်ဘက်ရဲ့ အသံကိုလည်း နားစွင့်သင့်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တူရကီ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အများကြီးတွေ့ရတာကျတော့ မင်း မမြင်ဘူးမလား။" လို့ ပြန်ပြောခဲ့ပါသတဲ့။ အခု ဒီဆော်ဒီကြီးရဲ့ အမြင်က နိုင်ငံခြားသားအတော်များများရဲ့ အမြင်နဲ့ တူနေမယ်ထင်ပါရဲ့။
"ရို" ဘက်တော်သားတွေက ရခိုင်တွေကို လူရိုင်းတွေအဖြစ် ပုံဖော်တင်ပြတတ်ကြသလို နိုင်ငံတွင်းကတစ်ချို့သောပုဂ္ဂိုလ်တွေကလည်း နိုင်ငံရေးကစားကွက်အဖြစ် ရခိုင်နဲ့ ဘင်္ဂါလီကို ရန်တိုက်ပေးကြတယ်လို့ ယူဆတာတွေလည်း တွေ့ရပါတယ်။ အထင်ပေါ်ဆုံးသာဓကတစ်ခုက ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခပါပဲ။ ရခိုင်တွေကလည်း အများရှေ့မှာ အနောက်ဘက်တံတိုင်းရဲ့ တံခါးမှူးဘဝနဲ့ပဲ နောက်ကွယ်မှာ လူရိုင်းအဖြစ် သမုတ်ခံကြရပါသေးတယ်။
ဒါတင်မကသေးပါဘူး။ တက္ကသိုလ်က ဆရာလောင်းတပည့်တစ်ဦး ပြန်ပြောပြချက်အရ အတန်းထဲမှာသင်ပြတဲ့ ဆရာတစ်ဦးက စာသင်နေရင်းနဲ့ ရခိုင်လူမျိုးတွေဟာ ရိုင်းစိုင်းကြကြောင်း၊ မကောင်းကြောင်း ရခိုင်အများကြီးရှိနေတဲ့အတန်းမှာ ဝေဖန်လာတော့ သူက ဆရာ့ကို ပြန်ပြီး ဆွေးနွေးငြင်းခုံလိုက်လို့ အဲဒီဆရာ အတော်လေး ဒေါသထွက်သွားခဲ့ပါသတဲ့။ ကိုယ်ကတော့ "သြော် ... ဒီလို ဆရာမျိုးလည်း ရှိတာပဲနော်။" လို့သာ ရေရွတ်မိခဲ့ပါတော့တယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းအတူတူ ကိုယ့်တပည့်တွေရှေ့မှာ ဒီလိုမျိုး ပြောခဲ့တယ်ဆိုတဲ့ အဲဒီဆရာ့လုပ်ရပ်ကို အံ့သြမိခဲ့တာ အမှန်ပါပဲ။
ကျွန်တော့် ဗမာသူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ သူ့ သူငယ်ချင်းတွေထဲမှာ "ရခိုင်နဲ့ မြွေပွေးကို တွေ့ရင် မြွေပြွေးကို အရင်မသတ်နဲ့။ ရခိုင်ကို အရင်သတ်" ဆိုတဲ့ ဆိုရိုးစကားကို ဒီအတိုင်း (တိုက်ရိုက်အဓိပ္ဗာယ်အတိုင်း) နားလည်ထားတဲ့သူတွေ အတော်များများ ရှိပါသတဲ့။ သူတို့အဖို့တော့ ရခိုင်တွေဟာ မယုံကြည်ရသူ၊ ရိုင်းစိုင်းသူတွေလို့ စွဲမြဲစွာ မှတ်ယူနေမိကြလေမလားမသိပါဘူး။ အမှန်က ရခိုင်လူမျိုးတွေဟာ "အပျင်းကြီးသူတွေ" ဆိုပြီး Burma Gazetteer (Akyab District (ထင်ပါတယ်)) ထဲမှာ ဖတ်ဖူးပါရဲ့။ ဒီမှတ်တမ်းကို ပြုစုသူ ဗြိတိသျှတွေကတော့ ရခိုင်တွေဟာ ရိုင်းစိုင်းသူတွေလို့ မှတ်တမ်းမတင်ထားခဲ့ပါဘူး။ ဒီတော့ ကျွန်တော်တို့ ရခိုင်တွေဟာ လူရိုင်းတွေမဟုတ်ရပါဘူးဗျာ။ လူပျင်းတွေသာ ဖြစ်ကြောင်းပါ။ လူရိုင်းတွေအဖြစ် မသမုတ်ကြပါနဲ့။ သမုတ်ချင်သပဆိုရင် လူပျင်းတွေအဖြစ်သာ သမုတ်လိုက်ပါလေ။ ကျွန်တော်တောင် အတော် အပျင်းကြီးတဲ့ လူပျင်းကြီးတယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိသဗျ။ :D
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
၎၊ ၇၊ ၂၀၁၆ (တနင်္လာနေ့)
Thursday, 16 June 2016
Twilight over Burma စာအုပ်၊ မြန်မာပြန်နှင့် ဇာတ်ကားအကြောင်း သိရသမျှ
သြစတြေးလျနိုင်ငံသူ Inge Sargent ရေးတဲ့ Twilight over Burma စာအုပ်နဲ့ပတ်သက်ပြီး ကျွန်တော့် Facebook account မာ ဒီနေ့ ပို့စ်တစ်ခု တင်ဖြစ်ခဲ့ပါတယ်။ အဲဒီပို့စ်မှာ စာအုပ်နဲ့ပတ်သက်ပြီး မိတ်ဆွေတွေဆွေးနွေးဖြစ်တာတွေအရ မြန်မာပြန်စာအုပ်သုံးအုပ် (Version သုံးမျိုး) ရှိနေတာ တွေ့ရပါတယ်။
.
.
Twilight Over Burma ကို မြန်မာပြန်ထားတဲ့ ဗားရှင်းသုံးမျိုးအနက် ဆရာမောင်သန်းဆွေ (ထားဝယ်) မြန်မာပြန်တဲ့ စာအုပ်ကို "မဟာဒေဝီတစ်ပါးဧ။် ရှာပုံတော်" လို့ အမည်ပေးထားပါတယ်။ ဆရာနိုင်ဦး မြန်မာပြန်ထားတဲ့ စာအုပ်အမည်က "တစ်ခေတ်တစ်ခါက မဟာဒေဝီ စဝ်သုနန္ဒီ" ဖြစ်ပါတယ်။ ဆရာ ပြေ (ဆေး - ၂) ဘာသာပြန်ထားတဲ့ စာအုပ်အမည်က "မြူတိမ်ဝေဝေ တောင်ခိုးဝေးဝေး" ဖြစ်ပါသတဲ့။
.
.
Twilight over Burma ကို တိုက်ရိုက်မြန်မာပြန်လိုက်ရင် "မြန်မာပြည်ဧ။် ဆည်းဆာ" လို့ ပြန်ဆိုနိုင်လောက်ပါတယ်။ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ အမျိုးသမီးဖြစ်တဲ့ သြစတြေးလျသူ မဟာဒေဝီ အင်ဂါဆာဂျင့် ရေးတဲ့ ဒီစာအုပ်ကို အခြေခံပြီး ပြန်ရိုက်တဲ့ Twilight over Burma ဇာတ်ကားကို ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ဂုဏ်သိက္ခာမဲ့စွာ ပြသခွင့်ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး တုန့်ပြန်ပြောဆိုထားတာကို တင်ပြထားတဲ့ သျှမ်းသံတော်ဆင့်ပါ သတင်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ ပိတ်လိုက်ပါမှ လူတွေပိုသိကုန်တာပါပဲ။
.
.
ကျွန်တော်ဆို ဒီစာအုပ်ကို စာအုပ်ဆိုင်တစ်ချို့နဲ့ အွန်လိုင်းပေါ်မှာ ရှောင်တခင် တွေ့ဖူးပေမယ့် အထူးတလည် စိတ်မဝင်စားခဲ့မိဘူး။ ဘာအကြောင်းအရာကို ရေးထားတယ်ဆိုတာသိရုံလေး မြည်းစမ်းခဲ့ဖူးတာပါ။ Amazon မှာတော့ ဒီစာအုပ်ကို ဒေါ်လာ ၂၀ အထက် ဈေးနဲ့ ရောင်းနေတာ တွေ့ရပါတယ်။ မြန်မာငွေနဲ့ဆိုရင် နှစ်သောင်းကျော် ပေးရမှာပေါ့။ စာအုပ်ကို ဝယ်ဖတ်ဖြစ်ဖို့ကတော့ မသေချာသေးပါဘူး။ တစ်ချို့က ဇာတ်ကားတစ်ကားလုံးကို ဖဘမှာ တင်ပေးထားတာလည်း တွေ့လေတော့ ရုပ်ရှင်အနေနဲ့ ကြည့်ဖြစ်ပါတယ်။ ပိတ်လိုက်တာတွေ၊ မကြည့်ရဘူးဆိုတာတွေကိုမှ ကြည့်ချင်တာလည်း လူ့သဘာဝဖြစ်နေတော့ အတော်ဆိုးသဗျ။
.
.
စကားမစပ် သျှမ်းသံတော်ဆင့်က သတင်းမှာ Twilight over Burma ကို (မှုံရီဆိုင်း တိုင်းမြန်မာ) ဆိုပြီး ဘာသာပြန်ဆိုလိုက်တာ အင်မတန် သဘောကျမိတယ်။ စွဲမက်စေတဲ့ ဘာသာပြန်ဆိုမှုဆိုတာ ဒါမျိုးဖြစ်ပါလိမ့်မယ်။ .
.
.
ဒီစာအုပ်ရဲ့ မူရင်းအင်္ဂလိပ်စာအုပ်၊ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဘာသာပြန်ဆိုသူအမည်ကို ဖော်ပြမထားတဲ့ မြန်မာပြန်စာအုပ် (မှုန်ရီဆိုင်း တိုင်းမြန်မာ)၊ ဇာတ်ကားကို Facebook ပေါ်မှာ ပြန်တင်ထားတဲ့ လင့် နဲ့ ဗွီဒီယိုဒေါင်းယူနိုင်ဖို့ လင့်တွေကို အောက်မှာ စုစည်းတင်ပြလိုက်ပါတယ်။ မူရင်းတင်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ [ မူရင်း Youtube Video link မှာတော့ ဒီ Video ကို ဒီနေ့ပဲ ပြန်ဖြုတ်ချလိုက်တာ တွေ့ရပါတယ်။ ] {{{{ ဒီပို့စ်တင်တဲ့အခါ လင့်တွေကို ပေးမရလို့ အောက်မှာ Comment အနေနဲ့ပဲ ပေးလိုက်ပါတယ်။ }}}}
.
(၁) Twilight over Burma (Inge Sargent) [ Download here >>> https://drive.google.com/file/d/0B7-ax9r6_4CUTEUtNFo4ZXRodnM/view ].
(၂) မှုန်ရီဆိုင်း တိုင်းမြန်မာ (ဘာသာပြန်) [ Download here >>> https://drive.google.com/file/d/0B7-ax9r6_4CUb1B6TGhjLWNrQnM/view ]
.
(၃) Twilight over Burma Movie [ Watch below >>>
.
(၄) Twilight over Burma Movie [ Download here >>> https://my.pcloud.com/publink/show?code=XZse8hZrfJL3vR1FRFOQExYKDSXvj1kaRgX ]
.
ဗွီဒီယိုမှာ အင်္ဂလိပ်စကားပြောလည်း မဟုတ်ဘဲ စာတမ်းထိုးလည်း မပါတဲ့အတွက် နားလည်ဖို့ ခက်ခဲပါတယ်။ အင်္ဂလိပ်လို စကားပြောပုံစံဇာတ်ကား (သို့) အင်္ဂလိပ်စာတန်းထိုးဇာတ်ကား ရှိတော့ ရှိမှာပါ။ မတွေ့မိသေးတာ ဖြစ်ပါလိမ့်မယ်။
.
(၄) Twilight over Burma Movie [ Download here >>> https://my.pcloud.com/publink/show?code=XZse8hZrfJL3vR1FRFOQExYKDSXvj1kaRgX ]
.
ဗွီဒီယိုမှာ အင်္ဂလိပ်စကားပြောလည်း မဟုတ်ဘဲ စာတမ်းထိုးလည်း မပါတဲ့အတွက် နားလည်ဖို့ ခက်ခဲပါတယ်။ အင်္ဂလိပ်လို စကားပြောပုံစံဇာတ်ကား (သို့) အင်္ဂလိပ်စာတန်းထိုးဇာတ်ကား ရှိတော့ ရှိမှာပါ။ မတွေ့မိသေးတာ ဖြစ်ပါလိမ့်မယ်။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၁၆၊ ၆၊ ၂၀၁၆
.
{ ဆရာမောင်သန်းဆွေ (ထားဝယ်) နဲ့ ဆရာနိုင်ဦးတို့ ဘာသာပြန်တဲ့ စာအုပ်မျက်နှာဖုံးတွေကို ပေးသူတွေနဲ့ လိုအပ်တဲ့ လင့်အချို့ကို ရှာဖွေပေးသူတွေကို ကျေးဇူးတင်ပါတယ်။
.
ဇွဲသစ် (ရမ္မာမြေ)
၁၆၊ ၆၊ ၂၀၁၆
.
{ ဆရာမောင်သန်းဆွေ (ထားဝယ်) နဲ့ ဆရာနိုင်ဦးတို့ ဘာသာပြန်တဲ့ စာအုပ်မျက်နှာဖုံးတွေကို ပေးသူတွေနဲ့ လိုအပ်တဲ့ လင့်အချို့ကို ရှာဖွေပေးသူတွေကို ကျေးဇူးတင်ပါတယ်။
Wednesday, 15 June 2016
Bilingual Education နှင့် ပတ်သက်၍
အစ်ကို Zay Mong ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ အစ်ကို ပြောတာလည်း သဘာဝကျပါတယ်။ ပထမတစ်ချက်က ကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားစေနိုင်မလားဆိုတဲ့မေးခွန်းဟာ ကလေးတွေအပေါ် စာနာတဲ့ မိဘတိုင်းရဲ့ စိုးရိမ်ပူပန်မှုတစ်ခုပါ။ bilingual/tri-lingual/mulitilingual education လုပ်တဲ့အခါ သင်ကြားမှုပုံစံက အင်မတန်အရေးကြီးပါတယ်။ ကလေးတွေကို ဒါသင် ဒါကျက်၊ ဆရာသင်တာကိုပဲ လိုက်နားထောင်၊ ကလေးတွေပါဝင်လုပ်ကိုင်သင်ယူမှုကို ဦးစားမပေးတဲ့ သမ၇ိုးကျသင်ကြားနည်းမျိုးနဲ့ အံမဝင်ပါဘူး။ Language Acquisition ကို ဖြစ်စေမယ့် သင်ကြားမှုပုံစံနဲ့မှ အံဝင်ပါမယ်။ ဥပမာ - game ဆော့ရင်း ကလေးတွေ ဘာသာစကားကို အသုံးဖြစ်လာအောင် (တစ်နည်းအားဖြင့် မသိစိတ်က အလိုလို သင်ယူမှုဖြစ်သွားအောင်) သင်ကြားနည်းတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုပါတယ်။ ဒီလိုမျိုးဆိုရင် ကလေးတွေအနေနဲ့ သင်ယူမှုကို ဝန်ထုပ်ဝန်ပိုးအဖြစ် မမြင်တော့ပဲ ကျောင်းနေပျော်၊ သင်ယူပျော်လာကြမှာပါ။ ဒီအချိန်မှာ bilingual/trilingual/multilingual education ဆိုတာ တကယ်ပျော်စရာလို့ ကလေးတွေ ခံစားလာကြမှာပါ။
စာမေးပွဲအောင်မြင်ခြင်းနှင့် ရှေ့သို့ ခြေနှစ်လှမ်းတိုးနိုင်အောင် နောက်ဆီ ခြေတစ်လှမ်းဆုတ်လိုက်သူများ
ယနေ့ (၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့) နံနက်တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပေပြီ။ တစ်ချို့က စာမေးပွဲရလဒ်ကို ညကတည်းက ကြိုသိပြီး ကြိုပျော်နေကြသည်ကို တွေ့ရသကဲ့သို့ မနက်မှသိပြီး မနက်မှ ပျော်ကြရသူများစွာ ရှိသည်။ မည်သို့ပင်ဖြစ်စေ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုသည် မြန်မာကျောင်းသား၊ကျောင်းသူဘဝအတွက် ဘဝမှတ်တိုင်တစ်ခု ဖြစ်သဖြင့် စာမေးပွဲ အောင်မြင်သော အခါသမယသည် ဂုဏ်ယူဝမ်းမြောက်စရာ ဘဝစာမျက်နှာတစ်ခုပင် ဖြစ်ပါဧ။်။ သို့သော် တစ်ချို့ကမူ စာမေးပွဲကျရှူံးမှုကြောင့် ဝမ်းနည်းနေကြလေပြီ။ စာမေးပွဲဧ။် သဘောသဘာဝအရ အောင်မြင်သူ၊ ကျရှူံးသူများမှာ ရှိတတ်စမြဲပင်။ အထူးအဆန်းကား မဟုတ်ပါချေ။
.
ကြိုးစားမှုနှင့် တန်သော ထူးချွန်စွာ အောင်မြင်မှုကို ပိုင်ဆိုင်လိုက်ကြသူများက ပျော်ရွှင်မဆုံး ပီတိဖုံးလျက် ရှိကြဧ။်။ ထိုထူးချွန်သူတို့နှင့် နှီးနွယ်ဆက်စပ်သူများကလည်း ဂုဏ်ယူမဆုံး ချီးကျူးမဆုံးပင် ဖြစ်နေကြလေပြီ။ ကြိုးစားမှုသည် မည်သည့်အခါမှ အချည်းနှီးမဖြစ်ပါချေ။ မိမိကြိုးစားမှုကြောင့် ရလာသော အသီးအပွင့်များသည်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ကြိုးစားဖြစ်ရန် တွန်းအားများကို ပေးတတ်ကြလေသည်။ ထိုသို့ တစ်ခါထူးချွန်ဖူးသူများသည် နောင်လည်း ထူးချွန်တတ်စမြဲပင် ဖြစ်ပါဧ။်။ ထိုထိုသော မျိုးဆက်သစ်တို့အတွက် အားရစရာ၊ ပီတိဖြစ်စရာ၊ ဂုဏ်ယူစရာ အခါသမယပင် မဟုတ်ပါလော။ ထိုအောင်မြင်ထွန်းပေါက်သူများကို ပိုမိုထူးချွန်ထက်မြက်စေရန်၊ မိမိဝါသနာအရ မိမိလမ်းကိုရွေးလျှောက်စေရန်လည်း အားပေးသင့်ပေသည်။
Monday, 13 June 2016
အတော်ချော်တဲ့ ကျွန်တော်
ကျွန်တော်ဟာ အတော်ချော်သူတစ်ယောက်ပါ။ ကျွန်တော်ချော်ပုံတွေက များပေမယ့် လောလောလတ်လတ် ချော်ပုံတစ်ချို့ကိုသာ တင်ပြပါရစေ။
လွန်ခဲ့တဲ့ နှစ်လကျော်၊ သုံးလလောက်ကတည်းက ဒီကို ပါလာတဲ့ လက်ပတ်နာရီ ပျောက်သွားခဲ့လို့ နောက်ပိုင်းမှာ ဖုန်းနဲ့ ကွန်ပျူတာကိုသာ အချိန်ကြည့်ဖို့ အသုံးပြုလာခဲ့ရပါတယ်။ နာရီရှိစဉ်က ကျောင်းစာတွေလုပ်နေတဲ့အချိန်ဆိုရင် လက်ပတ်နာရီကို စာကြည့်စားပွဲပေါ်မှာ တင်ထားပြီး အချိန်ဇယားအတိုင်း နာရီပိုင်းအလိုက် အလုပ်တွေကို လုပ်ဖြစ်ခဲ့ပါတယ်။ စိတ်ပျံ့မှာစိုးလို့ ဖုန်းကို ကျောပိုးအိတ်ထဲ ထည့်ထားတတ်ပါတယ်။ ကွန်ပျူတာကို အနားပေးပြီး ပရင့်ထုတ်ထားတဲ့ စာရွက်တွေ၊ စာအုပ်တွေနဲ့ပဲ လုပ်ဖြစ်ခဲ့တယ်။ အချိန်ကို သိချင်ရင် နာရီကို ဖြတ်ကနဲ ကြည့်လိုက်ရုံလေးပါပဲ။ အဆင်ပြေလိုက်သမှ။ ဒါပေမယ့် အဆောင်တော်လက်ပတ်နာရီ ရက်စက်စွာ စွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက်မှာ ကျွန်တော်ဟာ အရင်တုန်းက စိတ်ပျံ့စေလို့ မတွယ်တာချင်ခဲ့တဲ့ ဖုန်းနဲ့ ကွန်ပျူတာကို ခင်တွယ်လာရပါတော့တယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ စာသင်နှစ်တစ်ဝက် ကုန်လွန်လာခဲ့ပြီ။
လွန်ခဲ့တဲ့ နှစ်လကျော်၊ သုံးလလောက်ကတည်းက ဒီကို ပါလာတဲ့ လက်ပတ်နာရီ ပျောက်သွားခဲ့လို့ နောက်ပိုင်းမှာ ဖုန်းနဲ့ ကွန်ပျူတာကိုသာ အချိန်ကြည့်ဖို့ အသုံးပြုလာခဲ့ရပါတယ်။ နာရီရှိစဉ်က ကျောင်းစာတွေလုပ်နေတဲ့အချိန်ဆိုရင် လက်ပတ်နာရီကို စာကြည့်စားပွဲပေါ်မှာ တင်ထားပြီး အချိန်ဇယားအတိုင်း နာရီပိုင်းအလိုက် အလုပ်တွေကို လုပ်ဖြစ်ခဲ့ပါတယ်။ စိတ်ပျံ့မှာစိုးလို့ ဖုန်းကို ကျောပိုးအိတ်ထဲ ထည့်ထားတတ်ပါတယ်။ ကွန်ပျူတာကို အနားပေးပြီး ပရင့်ထုတ်ထားတဲ့ စာရွက်တွေ၊ စာအုပ်တွေနဲ့ပဲ လုပ်ဖြစ်ခဲ့တယ်။ အချိန်ကို သိချင်ရင် နာရီကို ဖြတ်ကနဲ ကြည့်လိုက်ရုံလေးပါပဲ။ အဆင်ပြေလိုက်သမှ။ ဒါပေမယ့် အဆောင်တော်လက်ပတ်နာရီ ရက်စက်စွာ စွန့်ခွာထွက်ပြေးသွားပြီးတဲ့နောက်မှာ ကျွန်တော်ဟာ အရင်တုန်းက စိတ်ပျံ့စေလို့ မတွယ်တာချင်ခဲ့တဲ့ ဖုန်းနဲ့ ကွန်ပျူတာကို ခင်တွယ်လာရပါတော့တယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ စာသင်နှစ်တစ်ဝက် ကုန်လွန်လာခဲ့ပြီ။
Monday, 6 June 2016
နှစ်သက်မိတဲ့ ဇာတ်ကားတစ်ကား
လွန်ခဲ့တဲ့ (၇) ရက်လောက်က Youtube မှာ မွှေနှောက်ရင်း မထင်မှတ်ဘဲ တရုပ်ခေါင်းဆောင် ချန်ကေရှိတ်အကြောင်း၊ သူ့ဇနီး မဒမ်ရှန်ကေရှိတ်အကြောင်းတွေ တွေ့တော့ အရင်တုန်းက ရှန်ကေရှိတ်အကြောင်း ရေးတေးတေးကြားဖူးပေမယ့် အသေချာမသိတာကြောင့် Google မှာ သူ့အကြောင်း ဇာတ်ကားတွေ ရှိလေမလားဆိုပြီး ရှာကြည့်မိတယ်။ အဲဒီမှာ The Soong Sisters ဆိုတဲ့ ဇာတ်ကားတစ်ကားက ကျွန်တော့်အာရုံကို ဖမ်းစားလိုက်ပါတယ်။ နှစ်သက်မိတဲ့ မင်းသမီး Michelle Yeoh လည်း ပါသလို Police Story သုံးကားလုံးမှာ ဂျက်ကီချန်းရဲ့ ရည်းစားနေရာက တောက်လျှောက်သရုပ်ဆောင်ခဲ့တဲ့ Maggie Cheung လည်း ပါနေလို့ပါ။ ဇာတ်ကားလေးကို စိတ်ဝင်စားပေမယ့် Youtube မှာ ကြည့်လိုက်တော့ ၂ နာရီ ခွဲလောက်ကြာမယ့် ဇာတ်ကားရှည်ဖြစ်နေတာ တွေ့ရတယ်။ ကံကောင်းထောက်မစွာ အင်္ဂလိပ်စာတမ်းထိုး တရုပ်ဇာတ်ကား ဖြစ်နေပြန်ရော။ ဒါပေမယ့် ကောင်းလွန်းပါတယ်လို့ ညွှန်းကြတဲ့ ကိုးရီးယားကားတွေကိုတောင် ကွက်ကျော်ရိုက်ပြီး အဆုံးသတ်ကို ကျော်ကြည့်တတ်တဲ့ ကျွန်တော် ဒီတရုတ်စကားပြော ဇာတ်ကားကို တထိုင်တည်းမကြည့်ဘဲ တစ်နေ့ကို နာရီဝက်လောက်စီ ကြည့်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ခုတော့ ဇာတ်ကားပြီးသွားပြီမို့ နှစ်သက်မိတဲ့ ဇာတ်ကားလေးအကြောင်း မျှဝေလိုက်ပါရစေ။
.
Youtube မှာ ဇာတ်ကားမကြည့်မီ ဇာတ်ကား Review ကို ဖတ်ကြည့်လိုက်တယ်။ ဒီဇာတ်ကားက နာမေပေးထားတဲ့အတိုင်း Soong မိသားစုက ညီအစ်မသုံးယောက်အကြောင်းကို ဗဟိုပြုရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီညီအစ်မသုံးယောက်ကလည်း ခေတ်သစ်တရုပ်သမိုင်းရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ လွတ်လပ်ရေးဖခင်ကြီး ဒေါက်တာဆွန်ယက်ဆင်၊ ဒုတိယကမ္ဘာစစ်အတွင်း တရုပ်ခေါင်းဆောင် ရှန်ကေရှိတ်နဲ့ အဲဒီခေတ်အဲဒီအခါက နာမည်ကြီး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ခွန်ရှန်စီတို့ကို အသီးသီးလက်ထပ်ခဲ့ကြရတဲ့ အမျိုးသမီးတွေ ဖြစ်လာခဲ့ကြတယ်။ သူတို့အမျိုးသားတွေနဲ့အတူ တရုပ်နိုင်ငံသမိုင်းသစ်မှာ ကမ္ဗည်းမော်ကွန်းထုဆစ်ခံရတဲ့ ပုဂ္ဂိုလ်တွေဖြစ်လောက်အောင်ထိ သူတို့တွေ တရုပ်ပြည်နိုင်ငံရေးမှာ အားကြိုးမာန်တက် ပါဝင်လုပ်ဆောင်ခဲ့ကြတာ တကယ် အားရစရာပါပဲ။
.
ဆွန်ယက်ဆင်ကွယ်လွန်ပြီးနောက်မှာ ရှန်ကေရှိတ်က ခေါင်းဆောင်ဖြစ်လာတယ်။ ကွန်မြူနစ်တွေကို အလိုမကျတဲ့ သူ ကွန်မြူနစ်တွေကို သုတ်သင်ရှင်းလင်းလာတယ်။ ဒီမှာ အမြင်မတူသူတွေကို ပေါင်းစည်းလိုတဲ့ ဆွန်ယက်ဆင်နဲ့ အယူအဆတူသူ ဆွန်ယက်ဆင်ဇနီးသည် ချင်လင်းနဲ့ ချန်ကေချိတ်နဲ့ ညီမငယ်မေလင်းကို သဘောတူတဲ့ ကျန်မိသားစုဝင်တွေအကြားမှာ ပြဿနာတွေများလာတယ်။ ချင်လင်း ရုရှားပြည်ကို ထွက်သွားတယ်။ အဲဒီမှာ ၁၀ နှစ်တာ ဇာတ်မြှပ်နေခဲ့ပြီး မိခင်နာမကျန်းဖြစ်လို့ ပြန်လာတယ်။ ဒီအချိန်မှာ ချန်ကေရှိတ်က သူ့ညီမဖြစ်သူနဲ့ လက်ထပ်ပြီး မိသားစုဝင်ဖြစ်နေပြီ။ ဒီတော့ အိမ်တွင်းပဋိပက္ခတွေ ပိုများလာရော။ ရှန်ကေရှိတ်က ချင်လင်းကို လုပ်ကြံချင်လောက်အောင်ကို စက်ဆုပ်တယ်။ ဒါပေမယ့် ချင်လင်းက လူထုထောက်ခံမှုကို အခိုင်အမာရရှိထားလေတော့ သူသေရင် အာဇာနည်ဖြစ်သွားမယ်၊ လူတွေက သူ့ကို ဆန့်ကျင်မှုပိုများလာမယ်ဆိုတာသိလေတော့ မလုပ်ကြံစေတော့ပြန်ဘူး။ ကွန်မြူနစ်တွေကို ချေမှုန်းမှုတွေ ဆက်တိုက်ဖြစ်လာလို့ ကွန်မြူနစ်တွေ သူပုန်ထတယ်။ ပြည်တွင်းစစ်ဖြစ်တယ်။ ဒီအခြေအနေမှာ နွားကွဲကျားဆွဲဆိုသလို ဂျပန်တွေက အခွင့်ကောင်းယူပြီး တရုပ်ပြည်ကို သိမ်းလာတယ်။ လူထုက ပြည်တွင်းစစ်ကိုရပ်ပြီး နှစ်ဘက်ပေါင်းလို့ ဂျပန်ကို တော်လှန်တိုက်ထုတ်ဖို့ ဆန္ဒပြကြတယ်။ ခေါင်းမာတဲ့ ချန်ကေရှိတ်က အလျှော့မပေးပြန်ဘူး။ နောက်ဆုံး ကွန်မြူနစ်တွေက ရှန်ကေရှိတ်ကို ပြန်ပေးဆွဲလိုက်တယ်။ ရှန်ကေရှိတ်ရဲ့ ဇနီးသည် မေလင်းက ရှန်ကေရှိတ်ရှိရာဆီ လိုက်သွားတယ်။ ကွန်မြူနစ်တွေနဲ့ပေါင်းပြီး ဂျပန်ကိုတော်လှန်ဖို့ သဘောတူညီချက်နဲ့ ရှန်ကေရှိတ်ကို ပြန်ခေါ်လာနိုင်တယ်။ ဒီမှာ မစ္စရှန်ကေရှိတ် (မေလင်း) ရဲ့ နိုင်ငံရေးသြဇာက တရှိန်ထိုးမြင့်တက်သွားပြန်ပါလေရော။ ဒီလိုနဲ့ ဂျပန်ကို တိုက်တယ်။ နောက်ဆုံး ဂျပန်တွေဆီကနေလွတ်လပ်ရေးရပြန်ရော။ ဇာတ်ကားဆုံးခါနီးမှာ ကွန်မြူနစ်တွေက နိုင်ငံကို ထူထောင်တယ်၊ ရှန်ကေရှိတ်ဦးဆောင်တဲ့အမျိုးသားရေးဝါဒီတွေက ထိုင်ဝမ်ကို ဆုတ်ခွာထွက်ပြေးသွားရတယ်ဆိုပြီး စာတစ်ကြောင်းနှစ်ကြောင်းနဲ့ ဥက္ကဌကြီးမော်စီတုန်းပုံကို ပါးပါးလေး ပြပြီး ဇာတ်ကားအဆုံးသတ်ထားလေရဲ့။
.
ဒီဇာတ်ကားက ခေတ်သစ်တရုပ်ပြည်သမိုင်းကို အတန်အသင့် လှစ်ဟပြထားတယ်ဆိုရင် မမှားပါဘူး။ အားတဲ့အခါ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သိပ်မအားရင်၊ ရှည်လွန်းတယ်လို့ ဆိုရင် ကျွန်တော့်လိုပဲ တစ်နေ့ကို နာရီဝက်လောက်လေး နည်းနည်းချင်းစီ ကြည့်လိုက်ပေါ့။ ငါးရက်မြောက်နေ့မှာတော့ ဇာတ်ကားပြီးသွားမှာပါ။ :D
.
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
၆၊ ၆၊ ၂၀၁၆ (တနင်္လာနေ့)
Watch "The Soong Sisters" (Full Video)
Sunday, 5 June 2016
လူနှင့် လက်နက်
+ ဓားကိုကိုင်ထား
တစ်ယောက်သားမူ
အများသေရေး
စိတ်မှာတေး၍
သွေးအေးအေးဖြင့်
ခုတ်လေပြီ။
.
+ ဓားကိုကိုင်ကာ
တစ်ယောက်မှာမူ
သူငါအများ
အကျိုးပွားဖွယ်
တိုးအားစည်၍
ခြုံနွယ်ကိုရှင်း
လမ်းသစ်ထွင်းဧ။်။
.
+ လက်နက်ကိုင်စွဲ
သည်လူထဲပင်
တလွဲသုံးလျှင်
တလွဲမြင်၍
ဆင်ခြင်သုံးချ
အကျိုးရသည်
သင်ကမည်သို့
သုံးမည်နည်း။ ။
.
By: ဇွဲသစ် (ရမ္မ္မာမြေ)
၆၊ ၆၊ ၂၀၁၆ (တနင်္လာနေ့)
.
(ဇာတိနယ်မှ ညီအစ်ကိုမောင်နှမများ တောင်တက်လမ်းစိမ်းလန်းစိုပြေရေးအတွက် တက်တက်ကြွကြွ လုပ်အားပေးကြသည်ကို မြင်ရ၍ ဂုဏ်ယူစွာ ခံစားရေးဖွဲ့သည်။)
Saturday, 4 June 2016
ဆယ်လဖီနှင့် စကားစမြည်
ကျွန်တော် လာထရုပ်တက္ကသိုလ်ကျောင်းဆောင်တွင် ပြောင်းရွှေ့နေလာသည်မှာ လေးလရှိလာပေပြီ။ မှတ်မှတ်ရရ ၂၀၁၆ ဖေဖော်ဝါရီ (၂၀) ရက်နေ့က ကျောင်းဆောင်သို့ ပြောင်းလာခဲ့ခြင်း ဖြစ်ပါဧ။်။
ဤကာလတလျောက် ရန်ကုန်ပညာရေးတက္ကသိုလ် အဆောင်နေကျောင်းသားဘဝကိုလည်း အမှတ်ရနေမိသည်။ ၂၀၀၅ ခုနှစ်က ဖြစ်ပါဧ။်။ ကျွန်တော်တို့အိမ်မှာ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းအနီးတွင် တည်ရှိသဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ သွားရန် ၇ မိနစ်ခန့် ခြေကျင်လျှောက်ရသည်။ အလွန်ဆုံး ၁၀ မိနစ်ခန့်သာ ကြာတတ်သည်။ ကျောင်းဆောင်မနေလျှင်လည်း ဖြစ်သည့်အခြေအနေပင်။ သို့သော် တက္ကသိုလ်ကျောင်းသားကြီး ကျွန်တော်မှာ တက္ကသိုလ်ကျောင်းဆောင်နေဘဝကို အပြည့်အဝ ခံစားချင်သမို့ နှစ်တစ်ဝက်စာ အဆောင်နေအတွေ့အကြုံကို ယူချင်သည်။ မိသားစုကို ပြောသည်။ သူတို့ကလည်း ခွင့်ပြုသည်။ သို့ဖြင့် အဆောင်နေကျောင်းသားဘဝကို လေးလတာ ခံစားဖြစ်ခဲ့သည်။
Subscribe to:
Posts (Atom)






