[သင်္ခန်းစာအပြည့်အစုံကို ကြည့်ရန်လင့် - http://ed.ted.com/lessons/what-would-happen-if-you-didn-t-sleep-claudia-aguirre ]
[အမေရိကန်နိုင်ငံတွင် လူကြီး (၃၀) ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက် (၆၆) ရာခိုင်နှုန်းမှာ ပုံမှန်အိပ်ရေးပျက်နေသည်ဟု ခန့်မှန့်ကြသည်။ ၎င်းသည် သာမန်အဆင်မပြေမှုသက်သက်မဟုတ်ပေ။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်ကို ကြီးစွာဆိုးကျိုးဖြစ်စေသောကြောင့် ဖြစ်သည်။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်နှင့်ဦးနှောက် မည်သို့ဖြစ်နိုင်ကြောင်း ကလော်ဒီယာအဂီရီက ရှင်းပြထားသည်။
ကလော်ဒီယာအဂီရီဧ။် သင်္ခန်းစာကို TED-Ed က သရုပ်ဖော်သည်။]
.

မအိပ်စက်ရင် ဘာဖြစ်မလဲ
=============
.
(၁၉၆၅) ခုနှစ်က အသက် (၁၇) နှစ်အရွယ် အထက်တန်းကျောင်းသားရန်ဒီဂါနာဟာ
(၂၆၄)နာရီကြာကြာ မအိပ်ဘဲနေပါတယ်။ မအိပ်ရင်ဘယ်လိုနေမလဲ သိနိုင်ဖို့ (၁၁) ရက်တာစမ်းသပ်ချက်ပါပဲ။ ဒုတိယနေ့မှာမျက်လုံးတွေ အာရုံစိုက်မရတော့ဘူး။ နောက် ထိတွေ့သိနိုင်မှု ပျောက်လာရော။ တတိယနေ့မှာ ဂါနာဟာ မျက်နှာသုန်မှုန်ပြီး စနစ်တကျမလုပ်နိုင်တော့ဘူး။ စမ်းသပ်မှုအပြီး သူဟာ အာရုံစိုက်ဖို့
ကြိုးစားနေရတယ်။ ကာလတိုမှတ်ဥာဏ် သုံးရခက်လာတယ်။
ကယောင်ကတမ်း ဖြစ်လာတယ်။ သွေးလေချောက်ခြားလာတယ်။
ရေရှည်စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမဖြစ်ဘဲ
ဂါနာ ပြန်သက်သာလာပေမယ့် တပါးသူတွေအဖို့တော့ အိပ်ပျက်တာဟာ ဟော်မုန်းဟန်ချက်မညီဖြစ်စေတယ်။
နေမကောင်းတာ၊ အလွန်ဆုံး သေတာထိ ဖြစ်စေနိုင်တယ်။
.
ဘာလို့ အိပ်ရတာလဲဆိုတာ နားလည်ပြီပေါ့။ ဒါပေမယ့်