Monday, 17 October 2016

Teacher education in Finland

by
Tun Min

Introduction
Finnish teachers are highly trained professionals. Since they have strong professional autonomy, they need to undergo high training level (Finnish National Board of Education (FNBE), n.d.-a, para.1). Further, it is strongly believed in Finland that pre-service teacher education is “the most important arena for developing professional knowledge” (Afdal, 2012, p.169). Hence, this essay will first present how teacher education policy originated and developed in Finland. Next, it will turn to how student teachers are normally selected and how initial Finnish teacher education is being implemented. Then, the author will make a brief explanation of teacher recruitment and in-service teacher training that were covered by one of the group members during the seminar presentation, before concluding the essay.

Thursday, 13 October 2016

Bilingual education policy in Northern Territory of Australia, the implications on its development for educational leaders and its impact on the NT curricula


Tun Min


Introduction
One of the aims of the Australian national language policy is to support Indigenous language programs or to support the formal instruction of Indigenous languages in schools in Australia (Our Languages, 2016a, para.3). However, there seems to be occasional inconsistencies with this aim if the past practices of the Australian government are scrutinized. Bilingual education programs have been among the most significant Indigenous language programs in Australia. In this essay, the focus will be on bilingual education programs undertaken by the Indigenous people in Northern Territory. The essay will start with the definition of the term “bilingual education”, followed by an overview of the origin and development of bilingual education policy in Australia and Northern Territory. Next, it will discuss how education leaders in Northern Territory implicated the bilingual education policy and occasional pressures on it. Then, the consequences of this policy initiative on the current contexts of Northern Territory with an emphasis on its impact on the NT curriculum and alternative future directions for positive conditions for bilingual education will be analysed before concluding the essay.
The definition of bilingual education and a description of BE programs
Since the focus of this essay will be mainly associated with the term “bilingual education” (BE), it is deemed appropriate to define BE, discuss the main features of BE and present relevant BE programs in Northern Territory in this section.

Monday, 10 October 2016

The benefits of a bilingual brain by Mia Nacamulli (​ဘာ​သာ​စ​ကား​နှစ်​မျိုး​တတ်​တဲ့ ​ဦး​နှောက်​ရဲ့ ​အ​ကျိုး​ကျေး​ဇူး​များ) (Myanmar + English)

It’s obvious that knowing more than one language can make certain things easier — like traveling or watching movies without subtitles. But are there other advantages to having a bilingual (or multilingual) brain? Mia Nacamulli details the three types of bilingual brains and shows how knowing more than one language keeps your brain healthy, complex and actively engaged. 
Lesson by Mia Nacamulli, animation by TED-Ed.] 
.

¿Hablas español? Parlez-vous français?
你会说中文吗?

If you answered, "sí," "oui," or "会"
and you're watching this in English,

chances are you belong to the world's
bilingual and multilingual majority.

And besides having
an easier time traveling

or watching movies without subtitles,

knowing two or more languages
means that your brain

may actually look and work differently
than those of your monolingual friends.

So what does it really
mean to know a language?

Language ability is typically measured
in two active parts, speaking and writing,

and two passive parts,
listening and reading.

While a balanced bilingual has near equal

abilities across the board
in two languages,

most bilinguals around the world
know and use their languages

in varying proportions.

Tuesday, 4 October 2016

အပြစ်ဆိုခြင်းလို့ မမှတ်စီချင်ပါ (လေးတောင်မဂ္ဂဇင်းပါ ဆောင်းပါးနှစ်ပုဒ်နန့်ပတ်သက်ပနာ ဝေဖန်တင်ပြချက်)

ဟိုနိက ကျောင်းဆရာညီချေတစ်ယောက်နန့် အွန်လိုင်းကတစ်ဆင့် စကားလှမ်းပြောဖြစ်ကတ်တေ။ သူက မဂ္ဂဇိန်းမာပါရေ အကျွန့်ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရေလို့ ဆိုပါရေ။ ယေခါ တစ်ဆက်တစ်စပ်တည်း ဇာပိုင် သဘောရလဲ၊ ပပွင့်လလင်း ဝီဖန်ပီးပါ လို့ဆိုခါ သူက ပြောပါရေ။ "ဖတ်လို့တော့ ကောင်းယင့်အစ်ကို။ ယေလေး စာရီးသူဧ။်အမြင်ဆိုရေ ဝတ္ထုဝီဖန်ချက်ပိုင်းကို ဝတ္ထုအစိတ်အပိုင်းလို့ ထင်လခပါရေ။ ခေါင်းစဉ်တပ်ထားစွာ မသေချာလို့ဖြစ်ဖို့" လို့ သူက ဆိုပါရေ။ ပြီးကေ သူက ယင်းစာမျက်နှာကို ဓာတ်ပုံရိုက်ပနာ ပို့ပီးပါရေ။ ယင်းစာမျက်နှာကို ကြည့်ပနာ နောက်ထပ်ပြောစရာတစ်ချို့ပါ ပေါ်လာလို့ ဒေစာကို ရီးပါရေ။ မဂ္ဂဇိန်း တည်းဖြတ်သူအဖွဲ့ကို အပြစ်ပြောခြင်းမဟုတ်ပါ။ ဝီဖန်တင်ပြခြင်းသက်သက်ရာ ဖြစ်ပါရေ။ မဂ္ဂဇိန်းပြန်လည်ထွက်ပေါ်နိုင်ရေးအတွက် အချိန်ကုန်လူပမ်းခံပေါ် ကြိုးစားပီးခကတ်တေ အဖအရွယ်၊ အစ်ကိုကြီးအရွယ် ပုဂ္ဂိုလ်ကြီးတိကို လေးစားကျေးဇူးတင်ပါကြောင်း ပထမဆုံး ပြောလိုပါရေ။ 
မဂ္ဂဇိန်းမာပါရေ ဒေဆောင်းပါးဧ။် ပထမစာမျက်နှာနန့် (အဂုပုံပါ) နောက်ဆုံးစာမျက်နှာကိုရာ အကျွန် မြင်ဖူးသိရေအတွက် ဒေထဲက အကြောင်းအရာတစ်ချို့ကိုရာ တင်ပြချင်ပါရေ။ ဒေဆောင်းပါးကိုပို့ခါ "ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်း (၃)" လို့ ခေါင်းစဉ်တပ်ခပါရေ။ "နိဒါန်း၊ ဝတ္ထုအကျဉ်း၊ ဝတ္ထုအပေါ် စာရေးသူဧ။် အမြင်" ဆိုရေ သုံးပိုင်းနန့် တင်ပြထားပါရေ။ ယေဒါလေး မဂ္ဂဇင်းထွက်လာရေခါ "မူရင်းခေါင်းစဉ်နန့် နိဒါန်း" ပျောက်နီရေအပြင် "ဝတ္ထုအကျဉ်း" ဆိုစွာကိုပါ ဖြုတ်ပြီးကေ "ရမ်းဗြဲဧ။် ဆည်းဆာ" လို့ရာ ခေါင်းစဉ်တပ်ထားပါရေ။ ဒေအထိ ပြဿနာမဟိပါသိ။ ရှေ့မာ ဖြုတ်ထားဟာနန့်အညီ ဆောင်းပါးနောက်ပိုင်းမာလေး သင့်တော်ရေပိုင် ဆိကေ ပြင်ဆင်တည်းဖြတ်လို့ရနိုင်သိလို့ ဖြစ်ပါရေ။
ယေဒါလေး နောက်ဆုံးပိုင်းမာ ပြင်ဆင်တည်းဖြတ်စွာတစ်ချို့က မသင့်တော်ရေအပြင် စာဖတ်သူကိုပါ ထင်ယောင်ထင်မှား ဖြစ်စီနိုင်ရေ အခြေအနေ ဖြစ်လခပါရေ။ စာရီးသူဟာ ဒေဝတ္ထုကို ဘာသာပြန်ခြင်းမဟုတ်ပါ။ ယေဒါလေး တည်းဖြတ်သူ ပြင်ဆင်ထားရေ မဂ္ဂဇင်းပါဆောင်းပါးမာ (စာရီးသူက) "ဘာသာပြန်ဖော်ပြ" လို့ ဖြစ်နီပါရေ။ အမှန်က ဘာသာပြန်ခြင်းမဟုတ်ပါ။ အင်္ဂလိပ်ဘာသာနန့်ရီးထားရေ ဝတ္ထုလတ်တစ်ခုလုံးကို Penguin Ladder Series မာ ဝတ္ထုအကျဉ်းရီးရေပုံစံမျိုးနန့် မူလရသမပျက်စီဘဲ အကျဉ်းရီးသားတင်ပြထားခြင်း (Abridgement) ရာ ဖြစ်ပါရေ။ ဘာသာပြန်ခြင်းနန့် ဝတ္ထုအကျဉ်းရီးခြင်း မတူပါ။ အကျွန် လိလာမှတ်သားဖူးသလောက်ဆိုရကေ ဘာသာပြန်ခြင်းမာ တိုက်ရိုက်ဘာသာပြန်ဆိုခြင်းနန့် ညှိယူဘာသာပြန်ဆိုခြင်းလို့ ဟိပါရေ။ ဝတ္ထုအကျဉ်းအဖြစ် ကိုယ့်စကားနန့်ကိုယ် တင်ပြခြင်းဟာ ဘာသာပြန်ဆိုခြင်းထဲမာ အကျုံးမဝင်ပါ။ Penguin Ladder Series, Longman Series စရေ ဂန္တဝင်ဝတ္ထုကြီးတိကို မူလရသမပျက်စီဘဲ အင်္ဂလိပ်ဘာသာနန့် ဝတ္ထုအကျဉ်း ရီးသားတင်ပြထားစွာတိ ကမ္ဘာ့စာပီမာ တွင်တွင်ကျယ်ကျယ် ဖြစ်နီစွာ ကြာပါယာ။ ယင်းပိုင် ဝတ္ထုအကျဉ်းရီးရေ ရည်ရွယ်ချက်က ကမ္ဘာကျော်ဝတ္ထုကြီးတိကို စကားလုံးလွယ်လွယ်နန့် စာဖတ်သူတိအကြား များများရောက်ပြီး မူလရသကို ခံစားနိုင်ယောင် ကြိုးပမ်းခြင်းဖြစ်တေလို့ နားလည်မိပါရေ။ ယေနန့် "ဘာသာပြန်ဖော်ပြလိုက်ပါသည်" ဆိုပြီးကေ စကားလုံးသုံးလိုက်ခြင်းက စာရီးသူအပေါ်လည်း အပြစ်မကင်းရေပိုင် ခံစားရစီပါရေ။ စာဖတ်သူရှုထောင့်က ကြည့်ရေခါလေး (မူရင်းဝတ္ထုလတ်ကို သိသူ၊ ဖတ်ဖူးရေ စာဖတ်သူဆိုပါကေ) စာရီးသူကို "ဘာသာပြန်ရေ" ဆိုပြီး လိမ်ညာရီးသားသူလို့ ထင်လားနိုင်ပါရေ။ ယေနန့် ယင်းပိုင် မသုံးနှုန်းသင့်ရေ စကားလုံးလို့ ဆိုခြင်း ဖြစ်ပါရေ။ "ဘာသာပြန်ဖော်ပြလိုက်ပါသည်" အစား စာမူဧ။်မူရင်းအတိုင်း "အကျဉ်းချုပ် တင်ပြလိုက်ပါသည်။" ဆိုကေ အမှန်အတိုင်း ဖြစ်ခပါဖို့။

Monday, 3 October 2016

ဘုရားသခင်က ဆရာတွေကို ဘာကြောင့်ဖန်ဆင်းခဲ့ပါ့


ဘုရားသခင်က ဆရာတွေကို ဖန်ဆင်းပေးတာဟာ
လူသားတွေအတွက် မိတ်ဆွေကောင်းတွေ ပေးတာပါ။
ဘုရားသခင်ဖန်ဆင်းတဲ့ ကမ္ဘာလောကကြီးကို လူတွေနားလည်ဖို့၊
မြင်မြင်သမျှအရာတိုင်းရဲ့ ပသာဒနဲ့အဗ္ဘုတရသကို
အမှန် နားလည်စေဖို့နဲ့
လေ့လာတွေ့ရှိမှုတိုင်းနဲ့အတူ
ပိုမိုကောင်းမြတ်တဲ့ လူသားတွေဖြစ်လာစေဖို့
ဒီမိတ်ဆွေကောင်းတွေက စွမ်းဆောင်ပေးသပေါ့။
.
ဘုရားသခင်က ဆရာတွေကို ဖန်ဆင်းပေးတာဟာ
လူသားတွေအတွက် လမ်းပြကောင်းတွေ ပေးတာပါ။
လူ့ဘဝမှာ ရှင်သန်နေထိုင်ရမယ့် နည်းလမ်းတွေကို ညွှန်ပြပြီး
အမှားကိုရှောင် အမှန်ဆောင်နိုင်ဖို့
ဘယ်ပုံဘယ်နည်း စခန်းသွားရမယ်ဆိုတာ
လူသားတွေ ဆုံးဖြတ်တတ်စေဖို့၊
ကိုယ့်ဘဝကိုယ် ဦးဆောင်နိုင်အောင် ခေါင်းဆောင်ပေးရင်း
လောကဓံမုန်တိုင်းကြားမှာ သက်လုံကောင်းအောင်ကြိုးစားနည်း ပေးဖို့
ဒီလမ်းပြကောင်းက လမ်းညွှန်ပြသပေးသပေါ့။
.
ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ဥာဏ်တော်၊ မေတ္တာတော်နဲ့
ဆရာတွေကို ဖန်ဆင်းပေးတဲ့ အကြောင်းရင်းက
ပိုမိုကောင်းမွန်တဲ့၊ ပိုပြီးပညာရှိတဲ့ ကမ္ဘာလောကကို
လူသားတွေ ဖန်တီးတတ်အောင် ကူညီပေးဖို့ပါပဲ။
.
Trs: ဇွဲသစ် (ရမ္မာမြေ)
၎၊ ၁၀၊ ၂၀၁၆

ဆရာများ


ဆရာများသည်
တပည့်အပေါင်းဧ။် စိတ်အစဉ်ကို ဆေးခြယ်ပေးသူများ၊
အတွေးများကို လမ်းကြောင်းညွှန်ပြတည့်မတ်ပေးသူများ၊
တပည့်များဧ။် အောင်မြင်မှုကို မျှဝေတတ်သူများ၊
အမှားကို ထောက်ပြဝေဖန်အကြံဥာဏ်ပေးတတ်သူများပါ။
.
ဆရာများသည်
ယနေ့လူငယ်များကို ဦးဆောင်လမ်းပြပေးသည့်
လမ်းကြောင်းမှန်ကို တန်ဆောင်ဆီမီးထိန်ထိန်ညီးစေပြီး
အသိပညာနှင့် အမှန်တရားကို ချစ်မြတ်နိုးစိတ်
တဖွားဖွား ပေါ်လာစေသူများပါ။
.
ဆရာသင်ပြသော သင်ခန်းစာတိုင်း၊
ဆရာ့စကားမှာ ပွင့်သီလာသော အပြုံးတိုင်း၊
ဆရာကူညီပြီးမြောက်စေသော ပန်းတိုင်တိုင်းနှင့်အတူ
တပည့်များဧ။်အနာဂတ် ထွန်းလင်းလှပလာပါပကော။
.
ကဗျာဆရာတိုင်းဧ။် လင်းရောင်ပျို့ချိန်၊
ဒဿနဆရာတိုင်းဧ။် အရုဏ်ကျင်းချိန်နှင့်
မင်းဧကရာဇ်တိုင်းဧ။် နံနက်ဆည်းဆာသည်
ဆရာတစ်ဦးဦးနှင့် သူဧ။် ဥာဏ်ပညာဖြင့်
အစပြုရသည်ချည်းတကား။
.
Trs: ဇွဲသစ် (ရမ္မာမြေ)
၎၊ ၁၀၊ ၂၀၁၆
.
(၂၀၁၆၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဤဘာသာပြန်ကဗျာဖြင့် ဂုဏ်ပြုကြိုဆိုပါသည်။)

Friday, 30 September 2016

ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စပ်မိစပ်ရာ

ဒီနေ့ ပီရူးနိုင်ငံက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်။ ဟိုအကြောင်းဒီအကြောင်း စကားစပ်မိရင်း ဒီဘွဲ့ပြီးရင် ဘာလုပ်မလဲဆိုပြီး သူက မေးတယ်။ ကိုယ်က မြန်မာနိုင်ငံပြန်မယ်။ အရင် အလုပ်ထဲပဲ ပြန်ဝင်မယ်လို့ ပြောတော့ သူက ပြောတယ်။ "ငါတော့ ငါတို့နိုင်ငံက ပညာရေးနယ်ပယ်မှာ လုပ်နေသူတွေရတဲ့ လစာကိုကြည့်ပြီး စိတ်ပျက်မိတယ်။ သြစီဒေါ်လာ ၁၀၀၀ နီးပါးပဲ လစာရကြတယ်။ အဲဒီလစာလောက်နဲ့ အိမ်စရိတ်ပေးဖို့တောင်အနိုင်နိုင်ပဲ။ မလောက်ငနိုင်ဘူး။" တဲ့။ 
သူ ညည်းညူနေတာကို ကြည့်ပြီး ကိုယ်တောင် ရယ်ချင်သွားတယ်။ ကိုယ်တွေဆီမှာဆိုရင် ဆရာ၊ ဆရာမတွေနဲ့ အစိုးရဝန်ထမ်းလစာက အင်မတန်နည်းပါတယ်။ ဒါတောင် နည်းနည်း လစာတိုးထားလို့။ အရင်ကဆို ပိုဆိုးပေါ့။ သို့ပေမယ့် လစာတိုးတယ်လို့ လေသံပစ်တာနဲ့ကို ကုန်ဈေးနှုန်းတွေက ခုန်ပျံကျော်လွှား သိုင်းကစားတော့တာပါပဲ။ ဒီတော့လည်း လစာတိုးတဲ့လမှာ အဆင်ပြေသလိုလိုရှိလှပေမယ့် နောက်လတွေမှာတော့ ဒုံရင်းအတိုင်း ပြန်ပြန်ရောက်သွားတတ်တာ ဝန်ထမ်းတွေ နောကျေနေခဲ့တာ ကြာပါပြီ။

ပီရူးက သူငယ်ချင်းက ကိုယ့်ကို မေးတယ်။ မြန်မာနိုင်ငံက လက်ရှိရာထူးမှာ လစာ ဘယ်လောက်ရသလဲ ...တဲ့။ လက်ရှိရာထူးမှာ ရတဲ့ လစာက သြစီဒေါ်လာ (၂၀၀) လောက်နဲ့ ညီတယ်၊ အရင်ရာထူးရဲ့ လစာက သြစီဒေါ်လာ (၁၄၄) နဲ့ ညီတယ်လို့ သူ့ကို ပြန်ပြောတော့ သူ တအံ့တသြ ရေရွတ်လိုက်တယ်။ "ငါတို့ ပီရူးနိုင်ငံက ဆရာ၊ ဆရာမတွေရဲ့ လစာသာ နည်းတယ်၊ ငါတို့ အတော် အခြေအနေဆိုးနေပါလားလို့ ထင်ထားတာ။ အခုတော့ ငါတို့ထက်ပိုဆိုးတဲ့ နိုင်ငံတစ်နိုင်ငံကို တွေ့တာပဲ။" တဲ့။ 
သူက ဆက်မေးပါတယ်။ "အဲဒီလစာလေးလောက်နဲ့ ဆရာ၊ ဆရာမတွေ ဘယ်လိုများ ရပ်တည်နိုင်ကြလဲ" တဲ့။ ကိုယ်ကတော့ စိတ်မကောင်းစွာနဲ့ ပြန်ဖြေရတယ်။ "ဘယ်လိုလုပ် ရပ်တည်နိုင်မလဲဟ။ တခြားအလုပ်တွေနဲ့ အပိုဝင်ငွေရှာကြရသေးတာပေါ့။ ရာထူးငယ်လေ လစာပိုနည်းလေ။ ပို မလောက်ငလေ။ သူတို့ ဘဝတွေ ပိုခက်ခဲလေပဲ။" လို့။

လစာအကြောင်းပြောတော့ ဖင်လန်နိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာကို သွားသတိရမိလိုက်တယ်။ ဖင်လန်နိုင်ငံမှာတော့ သူငယ်တန်းဆရာ၊ ဆရာမတွေရဲ့ လစာဟာ ယူရိုငွေ (၂၆၀၀) ပါတဲ့။ မြန်မာငွေနဲ့ဆိုရင် (၃၆) သိန်းခွဲနဲ့ ညီပါတယ်။ Grade 1 ကနေ Grade 6 သင်ရတဲ့ မူလတန်းပြဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၃၅၀၀) (မြန်မာငွေ ၄၉ သိန်းကျော်) ရပါတယ်။ Grade 7 ကနေ Grade 9 အထိ သင်ရတဲ့ ဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၃၉၀၀) (မြန်မာငွေ ၅၅ သိန်းနီးပါး) ရပါတယ်။ Grade 10 ကနေ တက္ကသိုလ်ဝင်တန်းအထိ သင်ရတဲ့ ဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၄၅၀၀) (မြန်မာငွေ ၆၃ သိန်းကျော်) ရပါတယ်။ အလယ်တန်းကျောင်းအုပ်က လစာ ယူရိုငွေ (၅၅၀၀) (မြန်မာငွေ ၇၇ သိန်းကျော်) ရပါတယ်။ အထက်တန်းအထက်ဆင့်ကျောင်းအုပ်က လစာ ယူရိုငွေ (၅၈၀၀) (မြန်မာငွေ ၈၁ သိန်းကျော်) ရပါတယ်။ ဒါတောင် ၂၀၁၄ ခုနှစ်ထုတ်ပြန်ချက်အရပါတဲ့ဗျ။ အခု လစာထပ်တိုးသွားချင် တိုးသွားလောက်ပါပြီ။

Saturday, 24 September 2016

Battle for Burma (မြန်မာပြည်သိမ်းတိုက်ပွဲကြီး)


This relatively short but highly informative video clip present a comprehensive picture of how the Allied Forces took back Burma (now known as Myanmar) from the hands of the Japanese during the World War II. 

Massacre on Ramree Island (ရမ်းဗြဲကျွန်းပေါ်မှ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး)


ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး အတော်လေး လန့်သွားကြမယ်ထင်ပါ့။ :) မလန့်ပါနဲ့ဗျာ။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉ ၄၅ ခုနှစ်က အကြောင်းပါ။ လူသတ်မှုကြီးလို့ ခေါ်လို့တော့ ရပါတယ်။ ဒါပေမယ့် လူလူချင်း သတ်တာမဟုတ်။ ရေငန်မိကျောင်းတွေက ဂျပန်စစ်သားတွေကို ကိုက်ဖြတ်စားသောက်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ "တစ်ကြိမ်တည်းသော မိကျောင်းတိုက်ခိုက်မှုတွင် လူအသေအပျောက်အများဆုံးဖြစ်ရပ်" ဆိုပြီး ဂင်းနစ်မှတ်တမ်းကြီးကတော့ မှတ်တမ်းတင်ထားလေရဲ့။ ဒီအကြောင်းကို အတော်လေး ပြည့်ပြည့်စုံစုံ တင်ပြထားတာမို့ ဒီမှာ ပြန်ရှယ်လိုက်ပါတယ်။ နောက်အားတော့မှ ဘာသာပြန်သင့်ရင် ပြန်ပါဦးမယ်။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၂၄.၉ .၂၀၁၆ (Sat)

Tuesday, 20 September 2016

ရမ်းဗြဲကျွန်းတိုက်ပွဲ (မှတ်တမ်းဗွီဒီယို) (မြန်မာ + အင်္ဂလိပ် စာတန်းထိုး)


ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများက ဂျပန်နှင့် မဟာမိတ်တပ်တို့အကြား ဖြစ်ပွားခဲ့သော ရမ်းဗြဲကျွန်းတိုက်ပွဲ မှတ်တမ်းဗွီဒီယိုကို အင်္ဂလိပ် + မြန်မာ စာတန်းထိုး တင်လိုက်ပါတယ်။ တစ်ချို့နေရာမှာ အသံ သိပ်မရှင်းလင်းလို့ ပီပီသသမကြားရတာကြောင့် စာတန်းထိုးရာမှာ အနည်းငယ် လွဲချော်မှုရှိရင် ဝေဖန်ထောက်ပြပေးနိုင်ပါတယ်။ အတတ်နိုင်ဆုံး အင်္ဂလိပ်စာတန်းထိုးနဲ့ မြန်မာဘာသာပြန်ကို တင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ဒီ Youtube ဗွီဒီယိုမှာ စာတန်းထိုးတွေကို ကြည့်ချင်ရင်  Setting>>>Subtitles>>>English (or) Myanmar(Burmese) ကို အဆင့်ဆင့် နှိပ်ပြီး ကြည့်နိုင်ပါတယ်။
အဆင်ပြေကြပါစေ။
.
လေးစားစွာ
.
ဇွဲသစ်(ရမ္မာမြေ)

Saturday, 10 September 2016

မအိပ်စက်ရင် ဘာဖြစ်မလဲ

[သင်္ခန်းစာအပြည့်အစုံကို ကြည့်ရန်လင့် - http://ed.ted.com/lessons/what-would-happen-if-you-didn-t-sleep-claudia-aguirre ]

[အမေရိကန်နိုင်ငံတွင် လူကြီး (၃၀) ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက် (၆၆) ရာခိုင်နှုန်းမှာ ပုံမှန်အိပ်ရေးပျက်နေသည်ဟု ခန့်မှန့်ကြသည်။ ၎င်းသည် သာမန်အဆင်မပြေမှုသက်သက်မဟုတ်ပေ။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်ကို ကြီးစွာဆိုးကျိုးဖြစ်စေသောကြောင့် ဖြစ်သည်။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်နှင့်ဦးနှောက် မည်သို့ဖြစ်နိုင်ကြောင်း ကလော်ဒီယာအဂီရီက ရှင်းပြထားသည်။
ကလော်ဒီယာအဂီရီဧ။် သင်္ခန်းစာကို TED-Ed က သရုပ်ဖော်သည်။]
.
မအိပ်စက်ရင် ဘာဖြစ်မလဲ
=============
.
(၁၉၆၅)​​ ခု​နှစ်​​က အသက် (၁၇​)​ နှစ်​အရွယ် အ​​ထက်​​တန်းကျောင်း​​သား​​ရန်​​ဒီ​​ဂါ​​နာ​​ဟာ (၂၆၄)​နာ​ရီ​ကြာ​ကြာ မ​အိပ်​ဘဲ​နေ​ပါတယ်မ​အိပ်​ရင်​ဘယ်​လို​နေ​မ​လဲ သိ​နိုင်ဖို့ (၁၁)​ ရက်​တာစမ်းသပ်ချက်ပါပဲ။ ဒု​တိ​ယ​နေ့​မှာ​မျက်​လုံး​တွေ အာ​ရုံ​စိုက်​မ​ရ​တော့​ဘူးနောက်ထိ​တွေ့​သိ​နိုင်​မှု ပျောက်​လာ​ရောတ​တိ​ယ​နေ့​မှာ​ ဂါ​နာ​ဟာ မျက်နှာသုန်​မှုန်​ပြီး​ စ​နစ်​ကျ​မလုပ်နိုင်တော့​ဘူးစမ်း​သပ်​မှု​အ​ပြီး​ သူ​ဟာ အာရုံစိုက်​ဖို့​ ကြိုး​စား​နေ​ရ​တယ်ကာ​လ​တို​မှတ်​ဥာဏ် သုံး​ရ​ခက်​လာ​တယ်က​ယောင်​က​တမ်း ဖြစ်​လာ​တယ်။ သွေး​လေ​ချောက်​ခြားလာ​တယ်ရေ​ရှည်​စိတ်​ပိုင်း​နဲ့ ရုပ်​ပိုင်း​ဆိုင်​ရာ ချို့​ယွင်း​မှု​မ​ဖြစ်​ဘဲ ဂါနာ ​ပြန်​သက်သာလာ​ပေ​မယ့် တ​ပါး​သူ​တွေအ​ဖို့​တော့ အိပ်​ပျက်​တာဟာ ဟော်​မုန်း​ဟန်​ချက်​မ​ညီ​ဖြစ်​စေ​တယ်နေ​​မ​​ကောင်း​​တာအ​လွန်​ဆုံး ​သေ​တာထိ ဖြစ်​စေ​နိုင်​တယ်
.
ဘာ​လို့​ အိပ်​ရ​တာ​လဲဆို​တာ​ နား​လည်​ပြီ​ပေါ့။ ဒါပေမယ့်

Thursday, 8 September 2016

ပညာရေးမရဏတောင်ကြားမှ လွတ်မြောက်အောင် လုပ်ဆောင်နည်း (ဆာ ကင် ရော်ဘင်ဆင်)

(အညွှန်း - ဆာ ကင် ရော်ဘင်ဆင်က လူသားတွေရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးစေဖို့ အင်မတန်အရေးကြီးတဲ့ အခြေခံသဘောတရားသုံးခုကို ချပြထားတယ်။ လက်ရှိပညာရေးယဉ်ကျေးမှုက ဒီအခြေခံမူတွေနဲ့ ဘယ်လိုမျိုး ဆန့်ကျင်ကွဲလွဲနေတာလဲဆိုတာကိုပါ တင်ပြထားတယ်။ ဟာသစွက်တဲ့ စိတ်အားတက်ကြွစရာ ဒီဟောပြောချက်ထဲမှာ ကျွန်တော်တို့ အခု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပညာရေး "မရဏတောင်ကြား" ကနေ ဘယ်လိုရုန်းထွက်နိုင်မယ်ဆိုတာ ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ဖြစ်နိုင်မှုဆိုတဲ့ အခြေအနေတစ်ခုနဲ့ ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာပါ ဆွေးနွေးပြထားပါတယ်။)

အင်​​မ​​တန်​ကျေး​​ဇူး​​တင်​​ပါ​​တယ်​​ခင်​​ဗျ။

လွန်​​ခဲ့​​တဲ့ (၁၂)​​နှစ်​​ကကျွန်​​တော့်​​အ​​မျိုး​​သ​​မီး
တယ်​​ရီ​​ရယ်၊ ​​က​​လေး​​နှစ်​​ယောက်​​ရယ်​​နဲ့​​အ​​တူ
အ​​မေ​​ရိ​​က​​ကို ​​ကျွန်​​တော်​ပြောင်း​​လာ​​ခဲ့​​တယ်။

တ​​ကယ်​​တမ်း​ပြော​ရ​​ရင်ကျွန်​​တော်​​တို့​​တွေ
လော့စ်​​အိန်​​ဂျ​​လိ​​မြို့​​ဆီ ​ပြောင်း​​လာ​​ခဲ့​​တာ​​ဗျ။

Friday, 2 September 2016

Battle of Ramree Island (crocodile attack) 19.02.1045. - History channel

Published on Feb 28, 2015 on Youtube

The Battle of Ramree Island was fought for six weeks during January and February 1945, as part of the Indian XV Corps 1944/45 offensive on the Southern Front of the Burma Campaign during World War II. Ramree Island (Yangbye Kywan) lies off the Burma coast and in 1942 the rapidly advancing Imperial Japanese Army captured the island along with the rest of Southern Burma. In January 1945 the Allies launched an attack to retake Ramree and its neighbour Cheduba, with the intention of establishing sea-supplied airbases on the islands. The Japanese garrison of Ramree consisted of the 121st Infantry regiment, part of the Japanese 54th Division. The regiment's commander was Colonel Kanichi Nagazawa.

The battle is also associated with reports of many Japanese soldiers being eaten by the thousands of saltwater crocodiles lying in wait in the inland swamps. The Guinness Book of World Records has listed it both as "Worst crocodile disaster in the world" and "Most Number of Fatalities in a Crocodile Attack"

Credit to: Original Youtube uploader "History Channel"
.
ရမ်းဗြဲကျွန်းတိုက်ပွဲ (မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်) ၁၉.၀၂.၁၉၄၅)
........................................................
.
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်သိမ်းတိုက်ပွဲ (the Burma Campaign) ဧ။် တောင်ဘက်မျက်နှာစာ၌ အိန္ဒိယတပ်မဧ။် ၁၉ ၄၄/ ၄၅ ထိုးစစ်ဧ။် တစ်စိတ်တစ်ဒေသအဖြစ် ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ခြောက်ပတ်တာ ရမ်းဗြဲကျွန်းတိုက်ပွဲကို ဆင်နွှဲခဲ့သည်။ ရမ်းဗြဲကျွန်းသည် မြန်မာ့ကမ်းရိုးတမ်းအလွန်တွင် တည်ရှိသည်။ ၁၉ ၄၂ ခုနှစ်တွင် လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာသော ဂျပန်တပ်မတော်က မြန်မာပြည်တောင်ပိုင်းရှိ ကျန်အစိတ်အပိုင်းများနှင့်အတူ ရမ်းဗြဲကျွန်းကို သိမ်းပိုက်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီ၌ မဟာမိတ်တပ်များက ပင်လယ်ပြင်မှ ရိက္ခာဖြည့်မည့် လေယာဉ်အခြေစိုက်စခန်းများတည်ဆောက်ရန် ရည်ရွယ်လျက် ရမ်းဗြဲကျွန်းနှင့် အနီးရှိ မာန်အောင်ကျွန်းတို့ကို ပြန်လည်ရယူရန် စတင်ကြိုးပမ်းခဲ့သည်။ ရမ်းဗြဲကျွန်းရှိ အစောင့်ဂျပန်တပ်တွင် အမှတ် (၅၄) ဂျပန်တပ်ရင်းဧ။် အစိတ်အပိုင်းတစ်ခုဖြစ်သော အမှတ် (၁၂၁) ခြေလျင်တပ် ပါဝင်သည်။ ထိုခြေလျင်တပ်ဧ။် ဗိုလ်မှူးမှာ ဗိုလ်ချုပ်ကြီးကာနိချိ နာဂါဇဝါ ဖြစ်သည်။
.
ရမ်းဗြဲကျွန်းတိုက်ပွဲသည် ဂျပန်စစ်သားများစွာကို ကုန်းတွင်းပိုင်းရွှံ့ညွန်တောတွင် ပုန်းခိုလဲလျောင်းနေကြသော ရေငန်မိကျောင်းထောင်ပေါင်းများစွာက ကိုက်ဖြတ်စားသောက်ပစ်ခြင်းခံရသော အစီရင်ခံစာများနှင့်လည်း ဆက်စပ်နေသည်။ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းကြီးက "ကမ္ဘာပေါ်တွင် အဆိုးဆုံး မိကျောင်းတိုက်ခိုက်မှု" (Worst crocodile disaster in the world) ဟူ၍လည်းကောင်း၊ "တစ်ကြိမ်တည်းသော မိကျောင်းတိုက်ခိုက်မှုဖြင့် လူအသေအပျောက်အများဆုံးဖြစ်ရပ်" (Most number of fatalities in a Crocodile Attack ဟူ၍လည်းကောင်း မှတ်တမ်းတင်ထားသည်။
.
ဘာသာပြန် = ဇွဲသစ် (ရမ္မာမြေ)
၎.၉ .၂၀၁၆
.
(History Channel မှ Youtube တွင် တင်ထားသော The Battle of Ramree Island (Crocodile Attack) 19.02.1045) ဗွီဒီယိုပါ အညွှန်းစာသားကို ဘာသာပြန်သည်။)

Wednesday, 17 August 2016

Humour on the job (အလုပ်အကိုင်ဆိုင်ရာ ဟာသများ)


ဒီနေ့ ဈေးဝယ်သွားတုန်း သြဂုတ်လထုတ် Reader's Digest ကို ဝယ်လာဖြစ်ပါတယ်။ စာအုပ်ပေါ်မှာတော့ Reader's Digest ဆိုတဲ့နာမည်အပေါ်က Australia ဆိုတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် သြစီတစ်နိုင်ငံတည်းအတွက် ရည်ရွယ်ထုတ်ဝေတဲ့ စာအုပ်လို့ တွေးမိပါတယ်။ စာအုပ်ဈေးက AUD 6.50 ပါ။ မြန်မာငွေနဲ့ဆိုရင် ၅၈၀၀ ခန့် ကျသင့်ပါတယ်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ဝယ်ခဲ့စဉ်က Reader's Digest တစ်အုပ်ကို ငွေ (၃၀၀၀) ပေးရပါတယ်။ အခုတော့ တစ်အုပ်ကို ဘယ်လောက်ဈေးပေးဝယ်ရတယ်မသိ။
.
ဒီစာအုပ်မှာပါတဲ့ Humour on the job (အလုပ်အကိုင်ဆိုင်ရာ ဟာသ) ထဲက အနှစ်သက်ဆုံးလေးပုဒ်ကို ဘာသာပြန် တင်လိုက်ပါရစေ။ အင်္ဂလိပ်စာလေ့လာဆဲ မိတ်ဆွေတွေအတွက်လည်း တစ်စုံတစ်ရာအကျိုးရှိစေဖို့ မူရင်းအင်္ဂလိပ်ဟာသတိုတွေကိုပါ ယှဉ်တွဲတင်လိုက်ပါတယ်။
.
(1) Not a doctor
.
My mum had a small decorative windmill in her front yard. A storm broke one of the blades, causing the windmill to shake violently.
.
Dad announced that he would 'take care of it' and rebalanced the windmill by snapping off the opposing blade.
.
Watching him through the window, Mum remarked, "I hope I never break a leg."
.
(Submitted by Gerald Loffredo)
.
ဆရာဝန်မှ မဟုတ်တာ
................
.
အမေ့အိမ်ရှေ့ဝင်းခြံထဲမှာ အလှသဘော ပြုလုပ်ထားတဲ့ လေရဟတ်ငယ်တစ်ခု ရှိခဲ့ပါတယ်။ မုန်းတိုင်းတိုက်တော့ ဒလက်တစ်ခုကျိုးပြီး လေရဟတ် သွက်သွက်ခါ ရမ်းနေပါလေရော။
.

Tuesday, 16 August 2016

အရှေ့တောင်အာရှဆယ်နိုင်ငံက ဘာသာစကားတွေ


မြန်မာနိုင်ငံမှာ ဘာသာစကားတွေ အင်မတန်များပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဘာသာစကားအများဆုံးနိုင်ငံဖြစ်လေမလားလို့ တွေးဖူးခဲ့ပါတယ်။ ကျွန်တော် ဒီလိုမျိုး ဝါးလုံးခေါင်းထဲမှာ လသာခဲ့ဖူးလေရဲ့။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာတောင် ဘာသာစကားအများဆုံးနိုင်ငံ ဖြစ်မနေပါ။

Ethnologue အရ လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာစကားပေါင်း (၁၁၈) မျိုးရှိပြီး ဒီဘာသာစကားတွေထဲကမှ တစ်မျိုးဟာ လုံးဝပျောက်ကွယ်သွားပါပြီတဲ့။ ကျန်တဲ့ ရှင်သန်နေဆဲ ဘာသာစကား (၁၁၇) မျိုးအနက် (၁၁၁) မျိုးက တိုင်းရင်းသားဘာသာစကားတွေဖြစ်ပြီး အခြား (၆) မျိုးက တိုင်းခြားဘာသာစကားတွေ ဖြစ်ပါသတဲ့။ ဒီဘာသာစကားတွေထဲမှာပဲ ခိုင်မာတဲ့ ဘာသာစကား (၁၁) မျိုး၊ ဖွံ့ဖြိုးဆဲဘာသာစကား (၄၈) မျိုး၊ အသုံးများဆဲ ဘာသာစကား (၃၇) မျိုး၊ ပျောက်ကွယ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖစ်တဲ့ ဘာသာစကား (၁၈) မျိုးနဲ့ ပျောက်ကွယ်လုဆဲဆဲ ဘာသာစကား (၃) မျိုး ရှိပါသတဲ့။

မြန်မာနိုင်ငံထက် ဘာသာစကားပိုများတဲ့ အာဆီယံနိုင်ငံတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ ဘာသာစကားပေါင်း (၇၀၀) ကျော်၊ ဖိလစ်ပိုင်မှာ ဘာသာစကားပေါင်း (၁၇၀) ကျော်နဲ့ မလေးရှားမှာ ဘာသာစကား (၁၄၀) ကျော် ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံဟာ အာဆီယံ (၁၀) နိုင်ငံထဲမှာ ဘာသာစကား စတုတ္ထအများဆုံးနိုင်ငံဖြစ်ပါတယ်။ ဘာသာစကား ပဉ္စမအများဆုံးနိုင်ငံက ဗီယက်နမ်နိုင်ငံ ဖြစ်ပြီး ဘာသာစကား (၁၀၉ ) မျိုး ရှိပါတယ်။ လာအိုနိုင်ငံက ငယ်သာငယ်ပေမယ့် ဒီနိုင်ငံထဲမှာ ဘာသာစကား (၈၂) မျိုးကို နိုင်ငံသားတွေ ပြောဆိုကြပါသတဲ့။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ဘာသာစကား (၇၀) ကျော်ကို ပြောဆိုသုံးနှုန်းကြပါသတဲ့။ စင်ကာပူနိုင်ငံမှာတော့ ဘာသာစကားအမျိုးအစား (၂၀) ကျော်ကို အသုံးပြုကြပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာ ဘာသာစကားအမျိုးပေါင်း (၂၀) ခန့် ပြောဆိုကြပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ဘာသာစကားအနည်းဆုံးနိုင်ငံက ဘရူနိုင်းနိုင်ငံပါပဲ။ ဒီနိုင်ငံမှာ ဘာသာစကား (၁၇) မျိုးကိုသာ
ပြောဆိုကြပါတယ်။

ZT(RMM)
16.8.2016

ကျမ်းကိုး
..........
၁။ Ethnologue.com
၂။ UNESCO Bangkok.(2007). Advocacy kit for promoting multilingual education: Including the excluded.

Fame is a bee (ကျော်စောမှုဟာ ပျားပမာ)


Fame is a bee
............
Fame is a bee
It has a song.
It has a sting.
Ah,too,it has a wing.

(Emily Dickinson)

ကျော်စောမှုဟာ ပျားပမာ
................

ကျော်စောမှုဟာ ပျားပမာလေ
သာယာအေးကြူ ဆိုတေးမြူလည်း
ပျားတူဆိပ်တုတ် သူပင်လုပ်ရဲ့
အဟုတ်တစ်ခါ တောင်ပံပါတော့
ဝေးရာပျံလို့ ပြေးတတ်သေး။

ဘာသာပြန် = ဇွဲသစ် (ရမ္မာမြေ)

Wednesday, 10 August 2016

ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေ

သြစတြေးလျနိုင်ငံက ပုံမှန်စီးကရက်ဘူးတစ်ဘူးရဲ့ နောက်ကျောဖက်

မြန်မာနိုင်ငံမှာ ရောင်းတဲ့ စီးကရက်ဘူးတိုင်းမှာ ပါတတ်တဲ့ သတိပေးစာက
" စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်" တဲ့။
.
သြစတြေးလျနိုင်ငံမှာ ရောင်းတဲ့ စီးကရက်ဘူးတိုင်းရဲ့ ရှေ့မျက်နှာစာမှာ စာလုံးကြီးနဲ့ ထင်ထင်ရှားရှား ပါနေတတ်တဲ့ စာက အောက်ပါအတိုင်း ဖြစ်ပါတယ်။
"Smoking doubles your risk of stroke.
(ဆေးလိပ်သောက်ခြင်းသည် လေဖြတ်ခြင်းကို နှစ်ဆတိုး ဖြစ်စေနိုင်သည်။)"
ဒီစာအပြင် ဆေးလိပ်သောက်ခြင်းကြောင်း ဆိုးကျိုးဖြစ်သွားတဲ့ အမျိုးသမီးကြီးတစ်ဦးရဲ့ ကြောက်စဖွယ် မျက်နှာကို ပြထားပါသေးတယ်။
.
စီးကရက်ဘူးရဲ့ နောက်ဘက်မှာတော့ အပေါ်က စာကို တစ်ခါ ထိပ်စီးက ထင်ထင်ရှားရှား ဖော်ပြထားပြန်ပါတယ်။ ပြီးရင် ဘူးနောက်ကျောဘက်မှာဖော်ပြထားတဲ့ အမျိုးသမီးရဲ့ ကြောက်စရာ့မျက်နှာကို ပြထားပြန်ပါတယ်။ ဒီအောက်မှာ ဒီအမျိုးသမီးရဲ့ အကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားပါသေးတယ်။ 
"Cynthia, a smoker for 25 yrs, had a stroke aged 39. The stroke damaged her ability to speak and move parts of her body. She says "The hardest part was relying on my kids to look after me _ I should be looking after them." Don't think it can't happen to you _ younger people suffer strokes too.
Thinking of quitting? Call Quitline 13 7848.
talk to your doctor or pharmacist, or visit www.quitnow.gov.au"
(စင်သီယာ ဆေးလိပ်သောက်လာတာ ၂၅ နှစ် ရှိပါပြီ။ သူ အသက် ၃၉ နှစ်အရွယ်ရောက်တော့ လေဖြတ်ပါလေရော။ လေဖြတ်တော့ သူ စကားလည်း မပြောနိုင်၊ ကိုယ့်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း မလှုပ်နိုင်ဖြစ်သွားခဲ့တယ်။ သူမက ပြောပါတယ်။ "(ကျွန်မအတွက်) အခက်ခဲဆုံးအပိုင်းက ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ သားသမီးတွေကိုပဲ မှီခိုနေရတာပါပဲ။ တကယ်တော့ ကျွန်မကသာ သူတို့လေးတွေကို ပြုစုစောင့်ရှောက်သင့်တာပါ" တဲ့။ ကိုယ်ကိုယ်တိုင်တော့ မဖြစ်နိုင်လောက်ပါဘူးလေလို့ မတွေးမိပါလေနဲ့။ လူငယ်တွေလည်း လေဖြတ်တတ်ပါတယ်။
ဆေးလိုက်ဖြတ်ဖို့ တွေးနေပြီလား။ ...... ဒီဖုန်းကို ခေါ်ပါလေ။
ဆရာဝန် (သို့မဟုတ်) ဆေးဆိုင်ဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒါမှမဟုတ်ရင် ...... ဒီဝက်ဘ်ဆိုက်ကို သွားပြီး လေ့လာပါ။) 
စီးကရက်ဘူးရဲ့ အပေါ်ဘက်မှာ တစ်ခါ ထပ်ပြီး သတိပေးထားတာက ဒီလိုပါ။
"Warning
Inhaling even small amounts of the toxic chemicals in tobacco smoke can trigger sudden blood clots, heart attacks and strokes."
(သတိ။ ။ ဆေးရွက်ကြီးမီးခိုးငွေ့မှာ ပါဝင်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းပမာဏအနည်းငယ် ရှူရှိုက်မိရင်တောင် ရုတ်တရက် သွေးခဲခြင်း၊ နှလုံးရောဂါနဲ့ လေသင်တုန်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။) 
အထက်ပါအတိုင်း ဆိုးကျိုးတွေကို သင်ခန်းစာယူစဖွယ် တိုတိုတုတ်တုတ် တင်ပြထားပြီး ဆေးလိပ်ဖြတ်ချင်လာအောင် ဆွဲဆောင်ထားပါသေးတယ်။ ဆေးလိပ်ငွေ့ဟာ အင်မတန် ဆိုးကျိုးတွေပေးကြာင်းကို ပြောပြထားပါတယ်။
.
ဒါပေမယ့် ဆေးလိပ်သောက်သူအများစုက ဆေးလိပ်ကို မဖြတ်လိုကြတာ တွေ့ရပါတယ်။ အခု ပေါင်းနေကျ သူငယ်ချင်းတစ်ယောက်က ဆေးလိပ်သောက်တတ်သူပါ။ "ဆေးလိပ်ဖြတ်တော့လေကွာ။ မင်းအတွက် မကောင်းဘူး။" လို့ သူ့ကို ပြောလေတိုင်း "ဖြတ်တော့မယ်ကွ။ ဒါ နောက်ဆုံးတစ်ဘူးပဲ။ ဒီတစ်ဘူးကုန်ရင် ငါ လုံးဝ မသောက်တော့ဘူး။" လို့ ပြန်ပြောတတ်လေရဲ့။ ဒါပေမယ့် သူ့ လက်ကျန်တစ်ဘူးက ဘယ်တော့မှ မကုန်ခဲ့။ ဟိုတစ်ခေါက်တုန်းကတော့ သူ ဆေးလိပ်ဖြတ်လိုက်ပြီလို့ ဆိုတယ်။ ဆေးလိပ်သောက်ချင်စိတ် မဖြစ်စေနိုင်အောင် ဆရာဝန်က သူ့လက်မှာ ပလာစတာတစ်ခုနဲ့ ကတ်ပြီး ဆေးထည့်ပေးထားတာတွေ့တယ်။ ဒါကို သုံးထားရင် ဆေးလိပ်ပြတ်တာ မြန်တယ်ဆိုပဲ။ သိပ်မကြာပါဘူး။ သူ ဆေးလိပ် ပြန်သောက်တယ်။ အခုလည်း ဆေးလိပ်ဖြတ်ဖို့ ပြောမိရင် "လက်ကျန်တစ်ဘူး ကုန်ရင် နောက်ထပ် မသောက်တော့ဘူးကွာ။" လို့ ခါတိုင်းလို ပြောနေကျ။ ဒါပေမယ့် တစ်နှစ်ကျော်သာ ကြာလာတယ်။ သူ့ လက်ကျန် စီးကရက်ဘူးက ကုန်မသွားခဲ့။ သူလည်း သောက်မြဲတိုင်း သောက်နေဆဲ။
.
ဆေးလိပ်သောက်တာဟာ အမှန်တကယ် ဆေးလိပ်သောက်သူ (active smoker) နဲ့ ဆေးလိပ်ငွေ့ ရှူရှိုက်မိသူ (passive smoker) နှစ်ဦးလုံးအတွက် ဆိုးကျိုးက အတူတူဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ်ကို ကိုယ်တိုင်လည်း မသောက်သလို ဆေးလိပ်ငွေ့ကိုလည်း တစ်ဆင့် မရှူရှိုက်မိဖို့ သတိပြုရှောင်ရှားနိုင်ဖို့ပါ။ ဆေးလိပ်ထက်ပိုဆိုးတဲ့ ဆေးခြောက်တို့၊ ဘိန်းတို့ဆိုတာတွေကတော့ အနားတောင်မှ မသိလေ ကောင်းလေပေါ့ဗျာ။ "ရှောင်လေဝေးဝေး မူးယစ်ဆေး" ဆိုသလိုမျိုး "ရှောင်လေဝေးဝေး ဆေးလိပ်ဘေး" "ရှောင်လေဝေးဝေး စီးကရက်ဘေး" ဆိုပြီး ထပ်ခွဲပြောဖို့ လိုဦးမယ် ထင်ပါ့။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၁၀.၈.၂၀၁၆ (ဗုဒ္ဓဟူးနေ့)

"Open Day"


ပုံမှန်အားဖြင့် ဘာသာရပ်အများစုအတွက် စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျောင်းပိတ်နေကျ ဖြစ်ပါတယ်။ တနင်္လာကနေ သောကြာနေ့အထိ ရုံးဖွင့်ရက်အတွင်း ပုံမှန် ကျောင်းဖွင့်တတ်ပါတယ်။ အဲဒီရက်တွေမှာဆို ကျောင်းလာတက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ အခြားတက္ကသိုလ်ဝန်ထမ်းတွေ တရုံးရုံး ဖြစ်တတ်သလောက် ဒီလို စနေ၊ တနင်္ဂနွေရက်တွေမှာ တစ်ချို့ဘာသာရပ် ယူတဲ့ ကျောင်းသား၊ကျောင်းသူရာဂဏာန်း မပြည့်တပြည့်၊ ဆရာ၊ဆရာမအချို့၊ စာကြည့်တိုက်ဝန်ထမ်းအချို့နဲ့ စာကြည့်တိုက်လာသုံးတဲ့ ကျောင်းသား၊ကျောင်းသူအချို့တို့သာ တက္ကသိုလ်ပုရဝုဏ်ထဲမှာ တွေ့ရတတ်လေတော့ ခြောက်ခြောက်ကပ်ကပ် ဖြစ်လွန်းနေတတ်သပေါ့။ ဒါပေမယ့် သြဂုတ်လ (၇) ရက်နေ့ဖြစ်တဲ့ ဒီနေ့လေးကတော့ အတော် ထူးခြားနေလေရဲ့။ တနင်္ဂနွေနေ့ဖြစ်ပေမယ့် တက္ကသိုလ်ပုရဝုဏ်ထဲမှာ အင်မတန် လူစည်ကားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။
.
ဒီနေ့ကို "Open Day" လို့ အမည်ပေးထားပုံလေးက ရိုးရိုးလေးပေမယ့် ထူးခြားနေသယောင်ယောင်ရယ်။ Open Day ဆိုတော့ တစ်ချို့တွေက ဒီနေ့မှ တက္ကသိုလ်စတက်ရတဲ့ "အဖွင့်နေ့" ကိုပဲ ဆိုလိုလေသလားလို့ သို့လောသို့လော ဖြစ်မိကြပါမယ်။ ဒါပေမယ့် တက္ကသိုလ်ပထမနေ့ကို ဆိုလိုတာ မဟုတ်ပါဘူး။ အမှန်တော့ ဒီပညာသင်နှစ်ဝက်အတွက် တက္ကသိုလ်ပြန်ဖွင့်တာ ဒီသီတင်းပတ်က နှစ်ပတ်မြောက် ဖြစ်ပါတယ်။ ဒီတော့ "အဖွင့်နေ့" လို့ ဘာကြောင့်ခေါ်သေးသတုန်းလို့ မေးချင်ကြပါလိမ့်မယ်။ ဟုတ်ပါတယ် ... ။ အဖွင့်နေ့တော့ အဖွင့်နေ့ပေါ့။ သို့ပေမယ့် ဒီနေ့ ဖွင့်ပြလိုက်တဲ့ ပုံစံမျိုးလေးက စိတ်ဝင်စားစရာပါပဲ။ လာထရုတ်တက္ကသိုလ်မှာ ရှိတဲ့ ပညာရပ်ဆိုင်ရာဌာနအသီးသီးက သတ်မှတ်အခန်းတွေနဲ့ သတ်မှတ်နေရာတွေမှာ စေတနာ့ဝန်ထမ်းကျောင်းသား၊ကျောင်းသူတွေ၊ ဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမတွေက လာရောက်လေ့လာတဲ့ ကြီးငယ်ရွယ်လတ် ပုဂ္ဂိုလ်တွေကို သိလိုသမျှကို စိတ်ရှည်လက်ရှည် ကူညီရှင်းပြပေးတဲ့ ပွဲဖြစ်ပါတယ်။ ဒီဌာနတွေက ပေးနေတဲ့ ဘွဲ့တွေအကြောင်း၊ ဘယ်လို ဆက်သွယ်တက်ရောက်နိုင်မယ်ဆိုတဲ့အကြောင်း စိတ်ဝင်စားဖွယ် ရှင်းလင်းတင်ပြထားတဲ့ လက်ကမ်းစာစောင်တွေလည်း ရယူနိုင်ကြပါတယ်။
.
စာကြည့်တိုက်အရှေ့နားမှာတော့ တိုက်ရိုက်ထုတ်လွှင့်နေတယ်လို့ ထင်ရတဲ့ ရုပ်သံတစ်ခုက တစ်ချို့ပုဂ္ဂိုလ်တွေနဲ့ အင်တာဗျူးလုပ်ပြီး တင်ဆက်နေတာ တွေ့ရပါတယ်။ စာကြည့်တိုက်အရှေ့ က ဝက်ဝိုင်းသဏ္ဍာန်မြက်ခင်းပြင်ပေါ်မှာ ခန့်ခန့်ထည်ထည် လုပ်ထားပြီး ရွှေ့ပြောင်းနိုင်တဲ့ ပိုက်ကွန်ပါ ဘောလုံးဂိုးပေါက်တစ်ခု လုပ်ထားပါတယ်။ တစ်ချို့ကလေးတွေက ဒီမြက်ခင်းပြင်ပေါ်မှာ တပျော်တပါး ဆော့ကစားနေကြတယ်။ စာကြည့်တိုက်နဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်တွေရှိတဲ့ အက်ဂိုရာဘက်ခြမ်းကလွဲပြီး တခြားဘက်တွေမှာတော့ ဘာသာရပ်အသီးသီးနဲ့ သက်ဆိုင်တဲ့ ဌာနတစ်ချို့၊ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိနိုင်တဲ့ နေရာတွေ၊ ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တဲ့အချက်အလက်တွေ ပေးတဲ့ နေရာ စသည်ဖြင့် စုံလို့ပါပဲ။ ဒါ့အပြင် စာကြည့်တိုက်ရှေ့ မြက်ခင်းပြင်ရဲ့ လေးဘက်လေးတန်မှာ ဆင်ထားတဲ့ ဆောင်းဘောက်တွေဆီက မြူးကြွတဲ့ သီချင်းသံကလည်း ပွဲကို ပိုပြီး အသက်ဝင်စေပါတယ်။ ဒီနေ့က လူတွေများတော့ ကျောင်းပိတ်ရက်တွေမှာ ပိတ်နေကျ ဆိုင်တွေတောင် အရောင်းသွက်နေတာ တွေ့ရပါတယ်။ တက္ကသိုလ်ရဲ့ ပင်မနေရာတွေတင်မကပါဘူး။ စာကြည့်တိုက်ဘေးနားက အဆောက်အဦ၊ သူ့နောက်ဘက်က အဆောက်အဦတွေ၊ အခြား စာကြည့်တိုက်နဲ့ နီးတဲ့ ဥပဒေဌာနစတဲ့ နေရာတွေမှာလည်း ဌာနက ပေးနိုင်တဲ့ ဘွဲ့တွေအကြောင်း၊ ဘာသာရပ်တွေအကြောင်းကို ဗန်းခင်းပြနေကြလေရဲ့။
.
လာရောက်လေ့လာကြည့်ရှုသူတွေက အစုံပါဝင်ပါတယ်။ အထက်တန်း တက်ရောက်နေတဲ့ ဆယ်ကျော်သက်တွေကို အုပ်စုလိုက်တွေ့ရသလို မိဘညီအစ်ကိုမောင်နှမတစ်ချို့လည်း အတူပါလာကြတာ တွေ့ရပါတယ်။ ဒါ့အပြင် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေလည်း တွေ့ရပါတယ်။ ဒေသခံတွေများပေမယ့် ဒေသခံမဟုတ်သူတွေလည်း အတော်လေး တွေ့ရပါတယ်။ ကျွန်တော်တို့လို ဒီတက္ကသိုလ်မှာ တက်ရောက်နေဆဲ ကျောင်းသား၊ကျောင်းသူတွေကလည်း ပါဝင်နေကြပါတယ်။ ကြည့်ရတာ ဒီပွဲကို လုပ်နိုင်ဖို့ တက္ကသိုလ်အနေနဲ့ အတော်လေး ပြင်ဆင်ထားရမယ့် ပုံပါပဲ။ အထူးသဖြင့် ဒီပွဲလုပ်မယ့် အစီအစဉ်တွေကို လူထုဆီ ကြိုတင် အသိပေးထားခဲ့ရပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီနေ့လို စည်ကားခဲ့တာ ဖြစ်ပါလိမ့်မယ်။
.
အမှန်တော့ ဒီပွဲမျိုးကို မြန်မာနိုင်ငံမှာလည်း တွေ့ရတတ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုခုက တက်္ကသိုလ်ကြီးတစ်ခုခု (သို့မဟုတ်) တက္ကသိုလ်တွေစုပေါင်းပြီး "ပညာရေးပွဲတော်" (သို့မဟုတ်) "တက္ကသိုလ်တွေကို ဗန်းခင်းပြတဲ့ ပွဲ" မျိုးပါပဲ။ ပြည်ပမှာ ပညာဆက်လက်ဆည်းပူးလိုသူတွေအတွက် ဒီလိုပွဲမျိုးက အင်မတန် ဗဟုသုတတိုးစေပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်နိုင်ကြပါတယ်။ ကိုယ်လျှောက်ရမယ့် လမ်းကြောင်းတွေကို မြင်သွားနိုင်ကြပါတယ်။ ဒါကြောင့် အင်မတန်အကျိုးရှိတဲ့
"ပညာရေးကို ဗန်းခင်းပြတဲ့ ပြပွဲ" တွေလို့ ခေါ်နိုင်ကြမှာပါ။
.
ဒီနေ့ လာထရုတ်တက္ကသိုလ်မှာ လုပ်တဲ့ "ပညာရေးကို ဗန်းခင်းပြတဲ့ ပြပွဲ" ကတော့ ဒေသခံတွေနဲ့ သြစတြေးလျနိုင်ငံမှာ ပြောင်းရွေ့နေထိုင်နေတဲ့ သြစတြေးလျနိုင်ငံသားတွေအတွက် အဓိက ရည်ရွယ်တာ တွေ့ရပါတယ်။ တက္ကသိုလ်အနေနဲ့ "ငါတို့တွေက ဒါတွေကိုတော့ ပေးနိုင်တယ်။ မင်းတို့ စိတ်အားထက်သန်ရာ ပညာရေးခရီးလမ်းကို ကြိုက်သလို ရွေးကြပါ။" လို့ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခွင့် ပြုလိုက်တဲ့ သဘောပါပဲ။ ဒီတော့ ဒီနေ့ ပြုလုပ်တဲ့ Open Day ဆိုတာ "ပညာရပ်တွေကို ပွင့်လင်းမြင်သာစွာ ဗန်းခင်းပြလိုက်တဲ့ နေ့" လို့ပဲ အဓိပ္ဗာယ်ဖွင့်ဆိုရမယ် ထင်ပါတယ်။ ဒီနေ့ပွဲကို တက်ရောက်ဖြစ်ခဲ့ကြတဲ့ ကြီးငယ်ရွယ်လတ်တွေထဲက ဘယ်နှစ်ရာခိုင်နှုန်းသော ပုဂ္ဂိုလ်တွေ ဒီနေ့ပွဲရဲ့ ညှို့ငင်ဖမ်းစားမှုကို ခံလိုက်ရမယ်တော့ မသိ။ ဒါပေမယ့် သူတို့အတွက် အမှတ်တရ နေ့ရက်တစ်ရက်တော့ ဖြစ်ခဲ့ကြမှာ အမှန်ပါပဲ။
.
လေးစားစွာ
.
ZT (RMM)
7.8.2016 (Sun)

Tuesday, 9 August 2016

ကတိ


"ကတိစကားဆိုတာ ဖြတ်ကူးဖို့ မကောင်းတဲ့ တံထားလေးတစ်ခုပါ" တဲ့။ ဖတ်ခဲ့ဖူးတဲ့ ဆိုရိုးစကားလေးတစ်ခုပါ။ တစ်စုံတစ်ယောက်ကို လွယ်လွယ် ကတိစကားမဆိုဖို့ ဒီစကားလေးက သတိပေးနေသလိုပါပဲ။
တစ်ခါတစ်ရံ တစ်ဖက်လူအတွက် တစ်ခုခု လုပ်ပေးဖို့ ကတိတွေ ပေးမိပြီးခါမှ အကြောင်းကြောင်းကြောင့် ကတိအတိုင်း မဖြည့်ဆည်းနိုင် ဖြစ်တတ်ကြပါတယ်။
ဒီလိုမျိုး ကိုယ်ပေးထားတဲ့ ကတိတွေ မတည်နိုင်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိစမြဲပါပဲ။ နောင်တရတတ်စမြဲပါပဲ။ 
ကိုယ်ပဲ စိတ်မကောင်းဖြစ်မိတာ မဟုတ်ပါဘူး။ ကတိစကား လက်ခံလိုက်သူတွေ အနေနဲ့လည်း ကတိစကားအတိုင်း တစ်ဘက်လူက ဖြည့်ဆည်းပေးလာနိုးနိုး စောင့်စားရတာ အမောပါပဲ။ နောက်ဆုံး ကတိမတည်တဲ့အခါ ဒီလူ့အပေါ် ယုံကြည်မှုပျောက်ဆုံးသွားတတ်ပါတယ်။ စိတ်ထဲမှာ မမြင်နိုင်တဲ့ ဆူးလေးတစ်ချောင်း စိုက်ဝင်သွားတတ်ပါတယ်။ ဒီလူဟာ "ကတိမတည်တဲ့ သူ" ၊ "မယုံကြည်ရတဲ့ သူ" ဆိုပြီး စိတ်ထဲ တေးမှတ်သွားတတ်ကြပါတယ်။ 
ဒီတော့ ကတိစကားဟာ ထိလွယ်ရှလွယ် ဖြစ်လွန်းတဲ့ သဘောရှိပါတယ်။ လွယ်လွယ်နဲ့ ကတိစကားမဆိုဖို့ လူတိုင်း သတိပြုသင့်လှပါတယ်။
အခုနောက်ပိုင်းမှာ ကိုယ်ကိုယ်တိုင်လည်း လွယ်လွယ် ကတိတွေ မပေးမိအောင် အထူး ဂရုစိုက်ဖြစ်ပါတယ်။ ကိုယ်အမှန်တကယ် လုပ်နိုင်မယ့် ကိစ္စမျိုးမှာမှ ကတိတွေ ပေးဖြစ်လာပါတယ်။ ဒီကြားထဲ တစ်ခါတစ်ရံ ကတိမတည်နိုင်ခဲ့တာလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ဒီအတွက်လည်း သက်ဆိုင်သူတွေအပေါ် အင်မတန် အားနာရပါတယ်။
"မင်းမှာ သစ္စာ လူမှာ ကတိ" 
"ကတိသစ္စာ၊ တည်သောခါဝယ်
သြဇာလေးနက်၊ ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်ဧ။်" 
... စတဲ့ စကားတွေဟာ မြန်မာကျောင်းသား၊ကျောင်းသူတွေ မြန်မာစာ စာစီစာကုံးရေးတဲ့အခါ ကိုးကားသုံးနိုင်ဖို့ နှုတ်တိုက်အာဂုံဆောင်ထားတတ်ကြတဲ့ စကားတွေဖြစ်ပါတယ်။ ဒါတွေက လူတွေအတွက် ကတိစကားရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။ 
ဒီစကားတွေကို ညွှန်းဆိုကိုးကားစရာတွေအဖြစ် စာစီစာကုံးတွေနဲ့ အခြားစာပေတွေမှာသာ သုံးစွဲနိုင်တာတင်မက လက်တွေ့ဘဝမှာပါ လိုက်နာကျင့်သုံးဖြစ်ကြရင် အားလုံးအတွက် အင်မတန် ကောင်းပါလိမ့်မယ်။ ကိုယ်တိုင်လည်း ကတိတည်တဲ့သူဖြစ်အောင် ကြိုးစားလျက်ပါ။ ဒါပေမယ့် ကတိစကားဆိုတဲ့ တံတားကို ဖြတ်ကူးသင့်၊ မသင့်၊ ဖြတ်ကူးနိုင်၊မကူးနိုင်ဆိုတဲ့ကိစ္စကို ဒီတံထားပေါ် မရောက်ခင်ကတည်းက လေးနက်စွာ ကြိုတင်စစ်ဆေးအကဲဖြတ်ဖို့ ကျွန်တော်တို့ သတိရသင့်ပါတယ်။
လေးစားစွာ

ဇွဲသစ်(ရမ္မာမြေ)
၉.၈.၂၀၁၆ (အင်္ဂါနေ့)

Monday, 8 August 2016

သန်းခေါင်စာရင်းနှင့် တွေးမိတွေးရာ


အခုအချိန်ဟာ သြစတြေးလျတစ်နိုင်ငံလုံးမှာ သန်ခေါင်စာရင်းကောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေ့ သန်းခေါင်စာရင်းအတွက် တစ်ဦးချင်းဖြည့်စွက်ရမယ့် ပုံစံစာရွက်တွေကို သန်းခေါင်စာရင်းကိစ္စအတွက် လေ့ကျင့်ပေးထားတဲ့ အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦး ကျောင်းဆောင်သို့ လာပေးပါတယ်။ ဒါကို လူတိုင်း မဖြစ်မနေ ဖြည့်ရမယ်။ အင်တာနက်ဝက်ဘဆိုဒ်ကနေတစ်ဆင့် ဖြည့်နိုင်တယ်။ အင်တာနက်ကနေ မဖြည့်ချင်ဘူးဆိုရင် သူ ပေးလာတဲ့ ပုံစံထဲမှာသာ ဖြည့်ပြီး ဗုဒ္ဓဟူးနေ့မှာ ဖြည့်ပြီးသား ပုံစံတွေကို သူကိုယ်တိုင်ပြန်လာသိမ်းမယ်လို့ ပြောပါတယ်။ ဒီသန်းခေါင်စာရင်းကို သြစတြေးလျနိုင်ငံအတွင်းမှာ ရောက်နေတဲ့ နိုင်ငံသားရော၊ နိုင်ငံသားမဟုတ်သူတွေပါ လူတိုင်းစေ့ သြဂုတ်လ () ရက်နေ့ ညမှာ တစ်ပြိုင်တည်း ဖြည့်စွက်ပြီး နောက်နေ့မှာ ဖြည့်ပြီးသားပုံစံကို မဆိုင်းမတွ ပြန်ပေးရပါမတဲ့။ မဖြည့်တဲ့သူတွေက တစ်နေ့ကို သြစီဒေါ်လာ (၁၈၀) ပေးရပါမယ်တဲ့။ မြန်မာငွေနဲ့ဆိုရင်တော့ တစ်နေ့ကို တစ်သိန်းခွဲကျော်ကျော် ဒဏ်ကြေးဆောင်တာနဲ့ ညီမျှပါလိမ့်မယ်။ ဒါပေမယ့် နောက်ကျလို့ ဒဏ်ငွေသာဆောင်ပြီး သတ်မှတ်ပုံစံမဖြည့်စွက်လိုက်ဘဲ ဒီကိစ္စမပြီးသွားနိုင်ပါဘူး။ နောက်ကျနေရင်လည်း သတ်မှတ်ဒဏ်ငွေကို ပေးဆောင်ပြီး သတ်မှတ်ပုံစံကို ဖြည့်ပေးရဦးမှာပါ။ ဒီတော့လည်း ဘယ်သူတွေများ ဒီသန်းခေါင်စာရင်းပုံစံကို မဖြည့်ဘဲ နေပါတော့မလဲ။ ဖြည့်ကြပေမပေါ့ဗျာ။