Friday, 11 December 2015

ဥယျာဉ်မှူး၏ စိတ်ထား


ပန်းလှတစ်ပွင့်
ဆန်းတင့်လို့ထည်။


ဝတ်ရည်စုံ
ရနံ့မွှေးလေတော့
ညွှတ်ကြည်သူ
ဖော်တစ်သင်းမှာလ
ကဲတင်းဝိုက်လည်။

ချစ်စရာ့ပန်းကလေးနှယ်
မွှေးချင်တယ်စိတ်ထားပေမယ့်
ရူးပလေဆိုကြစမ်းလေတော့
ခူးစေဖို့ မကြံရွယ်
တွန်းပယ်လိမ့် ရန်လုံး။

ပိတုန်းနဲ့လိပ်ပြာတွေ
ချစ်ပါသလေ ဆိုကာနွဲ့နေတော့
စိတ်ကြံရာ ဒီမှာသိလေသမို့
ချစ်စရာ ဒီပန်းအရေးရယ်ကြောင့်
ကြိတ်ခါ ကိုယ်ပူဆွေးရတယ်
ပန်းလေးသိအုံး။

By: ဇွဲသစ် (ရမ္မာမြေ)
၁၇၊၁၂၊၂၀၁၃

No comments:

Post a Comment