Saturday, 28 November 2015

သို့ ... အဖေ


"အဖေ" 
ဒီအခေါ်အဝေါ်လေး
သား နှုတ်ဖျားက မဖွင့်ဟဖြစ်ခဲ့တာ
ဆယ်စုနှစ် (၂) ခုကျော် ကြာခဲ့ပေါ့။

မနူးမနပ် လူမမယ်လေးကျွန်တော့်ကို
အိမ်ေ
ခါင်းရင်းခန်းမှာ လှဲရင်း 
"သား" ... တဲ့
တိုးလျလျ လှမ်းခေါ်လိုက်တဲ့ အဖေ့အသံ
သောတအာရုံမှာ ညံနေဆဲ ...
အသံမဲ့စွာ ပြောနေတဲ့
အဖေ့မျက်ဝန်းတစ်စုံ
ညှိုးရိပ်တွေ အဖုံဖုံနဲ့
လုံးစုံ ဘာသာမပြန်တတ်ခဲ့တဲ့ သားတစ်ယောက်။

Friday, 27 November 2015

Online plagiarism

Online plagiarism

 by
Tun Min




Introduction

With a boost in information and communication technology (ICT) nowadays, there are more and more ICT-based educational practices. Such a development has also been coupled with benefits and risks. Disputably one of the prominent risks in the academic circle these days seems to be that easy access to the Internet, one of the essential ICT tools, has helped more individuals plagiarise (Baggaley & Spencer, 2006; Morgan & Vaughn, 2015; Howard & Davies, 2009; Townley & Parsell, 2005; Embleton & Helfer, 2007). This article first presents the definition of ‘online plagiarism’ along with the term ‘plagiarism.’ Next, it describes why students plagiarize. Then it discusses how it impacts students, teachers and educational institutions. Finally, it suggests how education system of a particular country can do to solve it and how the present author as an educator intends to solve the problem.

နှစ်သက်မိသော စကားလေးတစ်ခု (၁)


ဘယ်သူက ပြောခဲ့တယ်လို့မသိတဲ့ စကားလုံးလေးတစ်ခု။
Victory is within our reach! တဲ့။
အောင်မြင်မှုသည် ကျွန်တော်တို့၏ လက်တစ်ကမ်းအလိုတွင်ရှိသည် လို့ ဘာသာပြန်မိတယ်။
ဒီစကားလေးက ကျွန်တော် ၂၀၀၃ ခုနှစ် တက္ကသိုလ်ဝင်တန်းတက်စဉ် အားဖြစ်စေခဲ့တယ်။

နှစ်သက်မိသော စကားလေးတစ်ခု (၂)


နှစ်သက်မိတဲ့ ဒုတိယ စကားတစ်ခုကို ဆက်လက်တင်ပြလိုပါတယ်။

ပထမတစ်ခုလိုပဲ ဒီတစ်ခုကလည်း ကျွန်တော့် ဆရာတစ်ယောက်ရဲ့ စကားတစ်ခွန်းကို အမှတ်တရ တင်ပြချင်ပါတယ်။

ကျွန်တော် နဝမတန်းစတက်တဲ့ အချိန်တုန်းကပါ။

ကျွန်တော်တို့ကို အင်္ဂလိပ်စာသင်ပြပေးတဲ့ ဆရာက ပြောခဲ့တာပါ။

အဲဒါကို မတင်ပြမီ သူ့အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။

ဆရာက အင်္ဂလိပ်စာကို အတော်လေ့လာလိုက်စားထားလေတော့ အသံထွက်ရော၊ အရေးပါ အတော့်ကို ကောင်းတယ်လို့ ထင်ပါတယ်။

သူ့စတိုင်က စာသင်ရင်း ဖတ်ဖူး၊ မှတ်ဖူးတာလေးတွေကို ပြောပြောပြီး တပည့်တွေကို ဆုံးမတတ်တာပါပဲ။

ဆရာက အင်္ဂလိပ်စာ ကို ဖတ်ရင် (တစ်ခြားဆရာ၊ ဆရာမတွေရဲ့ နောက်ပြောင်ပြောဆိုချက်အတိုင်း ပြောရရင်) ပဲခပ်များများဗျ။

ဝတိံနန်းဧ။် ခြုံလွှာကို လိုချင်သူ


+ ဝတိံနန်းဧ။်  
ထိန်လျှမ်းရွှေရောင်
ဘော်ငွေရောင်ယှက်
အမှောင်နဲ့အလင်း
ပဝင်းမပီ
ပြာရောင်ချီလို့
မှုန်မီမှုန်ဝါး
ပိတုန်းရောင်စားသည့်
နတ်များခြုံလွှာ
ကိုယ်ရပါမူ
ကြင်သူသက်ထား
ဖဝါးတော်အောက်
အသင့်နင်းလျှောက်ဖို့
တောက်လျှောက်ဖြန့်ခင်းပေးမယ်ကွယ် ...။

မိခင်


မိခင်ဟူသည် ...
- များစွာသော အရာများကို ပေးစွမ်းနိုင်သူ
- တစ်နေ့တခြား အိုမင်းရင့်ရော်လာနေသူ
- သားသမီးအသက်ကို ကယ်တင်နိုင်စေဖို့ မျက်ရည်တွေတွေ စီးကျခဲ့ရသူ
- အသန့်ရှင်းဆုံး ရွှေနှလုံးသားကို ပိုင်ဆိုင်သူ
- မေတ္တာရောင်လက် မျက်လုံးနက်တွေ ရှိသူ
- အမြဲဧကန် လမ်းကြောင်းမှန်ပြသူ
ဤကား မိခင်တည်း။
သူမသည် ကျွှနှ်ပ်အတွက် ကမ္ဘာမည်ဧ။်။

(10.5.2015 ရက်နေ့တွင် ကျရောက်သော အမေများနေ့အမှတ်တရအဖြစ် မူရင်းကဗျာဆရာ ... Howard Johnson ဧ။်ကဗျာကို ဆီလျော်အောင် ဘာသာပြန်သည်။ ကမ္ဘာပေါ်ရှိ မိခင်တိုင်း ကျန်းမာချမ်းသာကြပါစေ။)

ဘာသာပြန် ... ဇွဲသစ် (ရမ္မာမြေ)

အမေ့ခံ အမေ


ဆံပင်ဖြူဖြူ အဘွားအိုတစ်ယောက် တစ်ကိုယ်တည်း ထိုင်နေလေရဲ့ ...
ချစ်ခင်ကြင်နာမှု မရရှာတော့သူ
နှစ်သက်လက်ခံမှု မရှိရှာတော့သူ
အညတရ ဘဝနဲ့ သူ...
ကျိုးပဲ့နေတဲ့ တံခါးဘေးမှာ သူ ထိုင်နေရှာရဲ့ ...

သူတို့ပြောသော မာနအကြောင်း


1. “Generosity is giving more than you can, and pride is taking less than you need.” 
― Kahlil Gibran

ကိုယ်ပေးနိုင်တာထက် ပိုပေးခြင်းသည် ရက်ရောခြင်း။
ကိုယ်လိုအပ်တာထက် လျှော့ယူခြင်းသည် မာနတစ်မျိုး။
- (ကာလီဂျီဘရန်)

Tips for successful academic research and writing


Pilfered papers နဲ့ ဆက်စပ်ပြဿနာ ဘယ်လိုဖြေရှင်းကြမှာလဲ


Pilfered papers တဲ့။ ပထမဆုံး ဒီစကားစုကို မြင်လိုက်တော့ လှလိုက်တာလို့ စိတ်ထဲက ခံစားမိလိုက်တယ်။ ထင်လိုက်တာက စာလုံးလေးတွေလှသလို အဓိပ္ဗာယ်လည်း လှမယ်ပေါ့လေ။ စာဆက်ဖတ်ရင်း သူ့အဓိပ္ဗာယ်ကို စဉ်းစားတယ်။ သိပ်တော့ မဟန်တဲ့အဓိပ္ဗာယ်လို့ သိလာတယ်။ နောက်ဆုံး အဘိဓာန်ကြည့်လိုက်တော့မှ "သူများဆီက တရားမဝင် ဝယ်ယူ၊ ခိုးယူပြီး ဆရာ (သို့) ပညာရပ်ဆိုင်ရာအာဏာပိုင်အဖွဲ့ဆီကို ကိုယ့်စာလိုမျိုး တင်တဲ့စာတမ်းတွေ" ပါတဲ့။ စာခိုးမှု (Plagiarism) ပုံစံတစ်မျိုးပါပဲ။ ကျွန်တော့်အထင်နဲ့အမြင် တက်တက်စင် လွဲပါလေရော။

လှိုင်းတွေအလွန်


လှိုင်းတွေချည်းပါပဲ။
နဒီရိုင်းက ဒီလှိုင်းတွေလေလား။
ကန်ရေပြာပေါ် လေအသွေ့
တရွေ့ရွေ့လူးသွားတဲ့
လှိုင်းကြက်ခွပ်လေလား။
ဇီဝိန်အထပ်ထပ် ဆတ်ဆတ်ယူသွားမယ့်
ဆူနာမီလှိုင်းတံပိုးလေလား။
လရဲ့ ဆွဲအားကိုပဲ ပုံမချကြပါနဲ့၊
လေကြောင့်လည်း လွန့်သလို
မြေကြောင့်လည်း တွန့်ပါသဗျ။
လှိုင်းတွေမြူးတဲ့ညမှာ
လှိုင်းမူးသူတစ်ယောက်
ရေပြင်ထုကို ကျဉ်ချင်တာလည်း
အပြစ်မမြင်မိပါနဲ့ မိတ်ဆွေ။

By: ဇွဲသစ် (ရမ္မာမြေ)
15/9/2015

Wednesday, 25 November 2015

ပြတင်းပေါက်ဘောင်ပေါ်က ရေမွှေးပန်း


The Geranium on the Windowsill
+++++++++++++++++++++++++

I was good at everything 
- honest, everything! –
until I started being here with you.
I was good at laughing,

ကြက်ဟင်းခါးသီး ရှာပုံတော်


ဟင်းသီးဟင်းရွက်သာ အစားများသူ ကျွန်တော် Woolworths မှာ ဟင်းသီးဟင်းရွက်မျိုးစုံ ဝယ်ပြီး ကောင်တာမှာ ငွေရှင်းဖို့ တန်းစီလိုက်တယ်။

ကိုယ့်အလှည့်ရောက်လာတော့ ငွေကိုင်စာရေးက ကိုယ်ဝယ်လာတဲ့ သောင်းပြောင်းထွေလာ ဟင်းသီးဟင်းရွက်တွေကို တစ်ခုပြီးတစ်ခု ကွန်ပျူတာနဲ့မှတ်ပြီး အိတ်ထဲထည့်တယ်။ ဒီအထိ သာသာယာယာပါပဲ။ ကိုယ်လည်း အေးဆေး။

ခေတ်သစ် မသိုးထမင်း၊ မသိုးဟင်း


ညအိပ်ရာမဝင်မီ လူကြီးသူမများက မိမိတို့ဧ။် သားသမီး၊ မြေး၊ မြစ်များကို ဝတ္တု၊ ပုံပြင်များ ပြောပြတတ်သည်မှာ မြန်မာတို့ဧ။်အစဉ်အလာဖြစ်သည့်အတိုင်း ဦးထင်ကြီးတစ်ယောက် သူ့မြေးနှစ်ယောက်ကို ပုံပြင်ပြောနေသည်။ မြေးကလေးနှစ်ယောက်မှာလည်း ကလေးတို့ သဘာဝအတိုင်း အဖိုးပြောပြသည်ကို တက်ကြွစွာ နားထောင်ရင်း "ဟုတ်ကဲ့" လိုက်ကြသလို

လေးတောင်မြေက ဟာသများ (၄)

Photo credit: http://stuffpoint.com/spongebob-square-pants/image/69825/xgn-picture/
(၁၁) ကဲ … မှတ်ကရော
++++++++++

လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ အသက် ရှစ်ဆယ်ကျော်အရွယ် အဘွားတစ်ယောက် ရှိပါတယ်။ သူ့မှာ သား၊သမီးတွေလည်း ချမ်းချမ်းသာသာ ရှိကြတယ်။ သား၊ သမီးတွေက မြို့ပေါ်မှာဆိုတော့ အမေကို သူတို့နဲ့ အတူ ခေါ်ထားကြတယ်။ အမေကလည်း သား၊သမီးတွေနဲ့ အေးအေးလူလူ နေတယ်။ အပူအပင် မရှိဘဲ စိတ် ချမ်းချမ်းသာသာ နေရတယ်။ ခေတ်ပေါ် ကိုးရီးယားဇာတ်လမ်းတွဲတွေကိုလည်း သူ ကြည့်ဖြစ်သပေါ့လေ။

လေးတောင်မြေက ဟာသများ (၃)


Photo credit: http://walluck.com/hello-kitty-in-paris-desktop.html
(၁၀) ကိုယ့်ယောက်ဖတောင် ကိုယ်မသိဘူးလား
......................................................

တစ်ခုသောနေ့ နံနက်ပိုင်းတွင် လေးတောင်နယ်ရှိ ရွာတစ်ရွာတွင် နေထိုင်သူလူငယ်တစ်ယောက် အခြားတစ်ရွာရှိ အစ်မဝမ်းကွဲတစ်ယောက်ထံသွားလည်သည်။

လေးတောင်မြေက ဟာသများ (၂)

Photo credit: http://www.fansshare.com/gallery/photos/10760734/pikachu-pokemon-cute-face-creative-cartoon-hd-face/?displaying

(၉) လေတိုးသံလား၊ ဗုံးသံလား
.............................

ဂျပန်ခေတ်က ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်မှ အလွန်ဆင်းရဲသော အသက် (၅၀) အရွယ် အမျိုးသမီးတစ်ယောက်သည် အနီးရှိ ကံတိုင်းနယ်သို့ ရေနံဆီရောင်းရန် သွားခဲ့သည်။

Tuesday, 24 November 2015

ငှက်တွေ တေးသီတဲ့ မနက်ခင်းလေး


နောက်ဆုံး Assignment ပထမအဆင့်ဖြစ်တဲ့ စာရှာဖတ်ပြီးရေးတဲ့အဆင့်ကို လက်စသတ်နိုင်ဖို့ ၂ ရက်ဆက်တိုက် အလုပ်တော်တော်လေး ကြိုးစားလိုက်ရလေတော့ အအိပ်ကလည်း နည်းခဲ့သပေါ့။ ဒီတော့ ဒီနေ့မနက် နောက်ကျမှ အိပ်ရာထနိုင်ခဲ့တယ်။ အိမ်မှာ စာမလုပ်ဖြစ်မှာစိုးလို့ စာကြည့်တိုက်ကို အားကိုးခင်တွယ်နေရသူကျွန်တော် စာကြည့်တိုက်ကို သွားမှ ဖြစ်မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အိမ်က အခန်းထဲမှာ နေရင် အိပ်ရာကလည်း ဘေးနားမှာ အသင့်ဆိုတော့ မျက်လုံးတွေလည်း အလိုလို ပိတ်ချင်လာတတ်တာက ဆိုးပါ့။ 

ကြမ္မာရဟတ် တစ်ပတ်လည်ပြီ


သူ့အမည်က ဦးတင်လှ။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်ရှိ သရက်ချိုရွာတွင် မွေးဖွားကြီးပြင်းခဲ့သည်။ ငယ်စဉ်က မိဘနှစ်ပါး ဆင်းရဲပြီး အမြင်မကျယ်ကြသောကြောင့် အတန်းစာ မသင်ခဲ့ရချေ။ ထို့ကြောင့်လည်း အရေး၊ အဖတ် မတတ်ပေ။ သို့သော် အတွက်အချက် အနည်းငယ် တတ်သည်။

ဘီလူးမကျောက်ခေါင်းနှင့် ဖေဇော်ဂျီ



မှိုင်းညိုညို ရမ်းဗြဲကျွန်း၏ အလယ်ပိုင်းလောက်တွင် ရှိသည့် လေးတောင်နယ်၌ ရှေးလွန်လေပြီးသော တစ်ခေတ်တစ်ခါက ပုံပြင်လိုလို ဒဏ္ဍာရီလိုလို ဇာတ်လမ်းတစ်ခု ရှိခဲ့လေသည်။