Friday, 27 November 2015
ဝတိံနန်းဧ။် ခြုံလွှာကို လိုချင်သူ
+ ဝတိံနန်းဧ။်
ထိန်လျှမ်းရွှေရောင်
ဘော်ငွေရောင်ယှက်
အမှောင်နဲ့အလင်း
ပဝင်းမပီ
ပြာရောင်ချီလို့
မှုန်မီမှုန်ဝါး
ပိတုန်းရောင်စားသည့်
နတ်များခြုံလွှာ
ကိုယ်ရပါမူ
ကြင်သူသက်ထား
ဖဝါးတော်အောက်
အသင့်နင်းလျှောက်ဖို့
တောက်လျှောက်ဖြန့်ခင်းပေးမယ်ကွယ် ...။
+ ဒါပေမယ့် ...
ကိုယ့်မှာနုံနဲ့
ပစ္စည်းမဲ့မို့
ပိုင်တဲ့အိပ်မက်
နုရွလျက်ကို
ချစ်သက်ခြေအောက်
အသင့်လျှောက်ဖို့
တောက်လျှောက်ဖြန့်ခင်းပေးထားပြီ ... ။
+ နူးညံ့အိစက်
ကိုယ့်အိပ်မက်လေး
မပျက်မပြေ (ပြယ်)
လှပနေဖို့
ဖွဖွညင်သာ
နင်းလျှောက်ပါလှည့်
ချစ်သူနွဲ့ ... ။
(W.B. Yeats ဧ။် He wishes for the cloths of Heaven ကဗျာကို မြန်မာမှုပြုပါသည်။ အပျင်းပြေ ... grin emoticon )
By: ဇွဲသစ် (ရမ္မာမြေ)
၂၅.၃.၂၀၁၅
Subscribe to:
Post Comments (Atom)
No comments:
Post a Comment