Thursday, 12 January 2017

ဟောင်းသော်လည်း ကောင်းနေဆဲ အဆိုအမိန့်တစ်ချို့
………………………………………………………………..

(၁) ကျောင်းဆရာတိုင်းဧ။် အကြီးမားဆုံးသော အရည်အချင်းသည် အကျင့်စာရိတ္တကောင်းမွန်ရေး ဖြစ်ဧ။်။ သို့မှသာလျှင် ကျောင်းသူကျောင်းသားများသည် အကျင့်စာရိတ္တ ကောင်းနိုင်ပေမည်။ မည်သည့်အတန်းကိုပင် အောင်မြင်စေကာမူ မည်ကဲ့သို့ပင် အသင်အပြ ကောင်းစေကာမူ အကျင့်စာရိတ္တ မကောင်းသောသူသည် ဆရာအဖြစ် မလျော်၊ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော ဆရာ၊ ဆရာမများသည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။

~ ဦးသန့် (ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း)

(၂) ပညာရေးအကြောင်းပြောရင် စိတ်နဲ့ စာရိတ္တ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမယ်ဆိုတာပါတယ်။ ပညာရေးဟေ့ဆိုရင် ကျန်တာတွေ ဘယ်လောက်တတ်တတ် စိတ်နဲ့ စာရိတ္တကို မေ့ထားလို့ မရဘူး။ ကောင်းမြတ်တဲ့ စိတ်ထားသဘောထားတွေ ကောင်းမြတ်တဲ့ စာရိတ္တတွေပေါ်အောင်လည်း ပညာရေးက လုပ်ပေးနိုင်တယ်။

~ တက္ကသိုလ်ဘုန်းနိုင်

(၃) လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်။ အဲဒါကတော့ ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ်။ ဒါပဲ ဖြစ်တယ်။ ဘယ်နေရာမဆို အမှန်ကို အမှန်အတိုင်းပဲ ပြောရဲရမယ်။ ပြောရဲတဲ့သတ္တိလည်း ရှိရမယ်။

~ ဗိုလ်ချုပ်အောင်ဆန်း


(စာရေးဆရာ သူရထိုက်ဧ။် “အကျင့်စာရိတ္တနှင့် ပညာရေး” ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)

Saturday, 17 December 2016

သြစတြေးလျနိုင်ငံက ကိုယ်တွေ့ ဘွဲ့နှင်းသဘင်တစ်ခု


၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့က သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့ရှိ လာထရုဘ်တက္ကသိုလ်တွင် ကိုယ်တိုင် တက်ရောက်ဖြစ်ခဲ့သော ဘွဲ့နှင်းသဘင်အကြောင်းကို ပြန်လည်ဖောက်သည်ချလိုသည်။ သြစတြေးလျနိုင်ငံက ဘွဲ့နှင်းသဘင်အလေ့အထတစ်ခုကို မျှဝေသိရှိစေရန် ရည်ရွယ်ပါသည်။
.
ဘွဲ့နှင်းသဘင်မစမီ
.........................
ဘွဲ့နှင်းသဘင်မစမီ နှစ်နာရီခွဲအလိုမှစ၍ ဘွဲ့ရမောင်မယ်များ ဝတ်စုံထုတ်ခြင်း၊ အမှတ်စာရင်း ထုတ်ယူခြင်းနှင့် တက္ကသိုလ်ဧ။် အထင်ကရနေရာများတွင် မိသားစု၊ မိတ်ဆွေများနှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ကြသည်။ ပွဲမစမီ ဘွဲ့ရမောင်မယ်များနှင့် ဧည့်သည်တော်များ နာရီဝက်ခန့်ကြို၍ ခန်းမထဲ ဝင်ရန် သတ်မှတ်ထားသည်။ 

Monday, 12 December 2016

လွတ်လပ်ခြင်း၊ ဘာသာတရားနှင့် ကိုယ်တွေ့စာတွေ့


(၁)
ခမ်းခမ်းနားနား ပြင်ဆင်ထားသော ဖျော်ဖြေရေးစင်မြင့်တစ်ခု။
ထိုဖျော်ဖြေရေးစင်မြင့်ဧ။် အလယ်ဗဟိုတွင်မူ မီးရောင်ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူ ရှိလေဧ။်။ ဖျော်ဖြေရေးစင်မြင့်ဧ။် ရှေ့ဘက်တွင် ပရိသတ် များလှပါဘိ။ 
ဗုဒ္ဓရုပ်ပွားတော်ဟူသည် စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်း စသည့် သာသနိကအဆောက်အဦတို့တွင် သပ္ဗာယ်စွာ စံပါယ်တော်မူတတ်စမြဲ။ ဖျော်ဖြေရေးစင်မြင်ဟူသည် ဗုဒ္ဓရုပ်ပွားတော်နှင့် လားလားမှ မအပ်စပ်ပါလေ။ သို့သော် ...
များမကြာမီ ဂီတသံစဉ်တစ်ခု မြူးကြွစွာ ထွက်ပေါ်လာသည်။ ဖျော်ဖြေရေးစင်မြင့်ထက်မှ မီးရောင်လည်း တစ်မူထူး၍ လင်းလက်သွားသယောင် ရှိဧ။်။ အဖွင့်ဂီတသံ၊ မီးရောင်အလှည့်အပြောင်းတို့နှင့်အတူ ဖျော်ဖြေရေးစင်မြင့်ထက်မှ ဗုဒ္ဓရုပ်ပွားတော်မှာ ဆုံလည်ကုလားထိုင်လှည့်သကဲ့သို့ ဘယ်ဘက်သို့ တဖြည်းဖြည်းချင်း လှည့်လာသည်။ 
ဗုဒ္ဓရုပ်ပွားတော်ဧ။် နောက်ဘက်ဆီ ဗွီဒီယိုကင်မရာက ရိုက်ပြနိုင်ပြီ။ မြင်လိုက်ရသည့် မြင်ကွင်းကား မလုံ့တလုံ အဝတ်အစားနှင့် စတိုင်အပြည့်ထုတ်ထားသည့် အဆိုတော်အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်ဧ။် နောက်ဘက်၌ ပြုလုပ်ထားသည့် တံခါးဝတွင် မတ်တပ်ရပ်နေသည့် အနေအထားပင်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပရိသတ်များ နှစ်ထောင်းအားရကြဟန် လက်ခုပ်သံများ၊ လက်ခေါက်ချိုးမှုတ် သြဘာပေးသံများ ညံစီသွားတော့သည်။ 
ခဏအကြာ ထိုအဆိုတော်အမျိုးသမီးက သူ ရပ်နေသော တံခါးမှ ရှေ့သို့လှမ်းထွက်၍ သီဆိုဖျော်ဖြေတော့သည်။ နောက်ဘက်တွင်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အတိုင်းသား မြင်နေရဆဲ။

လေးတောင်မြေက ဟာသများ (၁)


             ဇွဲသစ် (ရမ္မာမြေ)

(၁) ကိုကြွားပို

တစ်နေ့လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ တစ္ဆေချွတ်ပွဲ လုပ်ဖို့ပြင်ဆင်နေတယ်။ တစ္ဆေချွတ်ပေးမယ့် နတ်ကတော်ကြီးကလည်း တစ်နယ်လုံးမှာ နာမည်ကြီးနေလေတော့ ဘေးပတ်ဝန်းကျင် အိမ်တွေက သူ့အစွမ်းအစကို လာရောက်အကဲခတ်ဖို့ စောင့်ဆိုင်းနေကြတယ်။ ပွဲက မစသေး။ သို့သော် နတ်ကတော်ကြီးက မိန်းမလျှာသံကြီးနှင့် ကြွားနေလေရဲ့။
“အားလုံး…သိတယ်…။ အားလုံး…တတ်တယ်…။ အားလုံး…သိတယ်…။ အားလုံး…တတ်တယ်…။ ”
ဒီစကားနှစ်ခွန်းကလွဲပြီး ဘာမှ သူမပြော။ ဒါကိုပဲ ဆက်တိုက်ဆိုနေလေတော့ လူ့တစ်ချို့ စိတ်မသက်မသာ ဖြစ်ကြတယ်။ ၀ိုင်းကြည့်နေကြသူတွေထဲမှာ ဆယ်တန်းကျုရှင်က ပြန်လာတဲ့ ကျောင်းသားနှစ်ယောက်လည်း ရှိပါသတဲ့။ ခဏကြာတော့ သူတို့ထဲက တစ်ယောက် ရှေ့သို့ လျှပ်တစ်ပြက် တိုးထွက်သွားပြီး မာန်ပါပါ ပြောလိုက်ပုံက-
“ဒါ…ဒါ…ဒါဆို…ငါတို့အတန်းက ဆီးကွန့်ဆီးရီး သိလား”
အဲဒီတော့မှ ပြောဆိုသံလည်းရပ်၊ နတ်ကတော်လည်း ပြေးထွက်သွားပါလေရောတဲ့။
မှတ်ချက်။  ။ဆီးကွန့်ဆီးရီးဆိုတာ ဆယ်တန်းသချာင်္မှာ အရမ်းခက်တယ်လို့နာမည်ကြီးတဲ့ အခန်းတစ်ခု ဖြစ်ပါတယ်။

Tuesday, 6 December 2016

ဗလက္ကာရပြုကျင့်ကြသူများ

မြန်မာစကားမှာ မကြားဝံ့မနာသာ စကားလုံးတွေကို နားဝင်ချိုအောင် လွှဲပြောင်းပြောဆိုတတ်ကြတာတွေရှိပါတယ်။ "မုဒိန်းမှု" လို့ သုံးမယ့်အစား "ဗလက္ကာရပြုမှု" လို့ ဆိုတတ်ကြပါတယ်။ "မုဒိန်းကောင်" လို့ ဆိုမယ့်အစား "ဗလက္ကာရပြုကျင့်သူ" လို့ လွှဲပြောင်းပြောဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားလုံးတွေကို ကြားလိုက်ရတာ၊ ဖတ်လိုက်ရတာနဲ့ ကြားသူ၊ ဖတ်သူတွေရဲ့ စိတ်မနောမှာ မနှစ်လိုမှုတွေ ဖြစ်တတ်တာ ဓမ္မတာပါပဲ။ အကျင့်စရိုက်ဆိုးကို ဖော်ပြညွှန်းဆိုတဲ့ အသုံးအနှုန်းတစ်ခုပေကိုး။
"ဗလက္ကာရ" ဆိုတာ "အကြမ်းပတမ်း" (သို့) "အတင်းအဓမ္မ" လို့ အဓိပ္ဗာယ်ရတဲ့ ပါဠိစကားဖြစ်တယ်လို့ မှတ်သားမိပါတယ်။ ဦးဟုတ်စိန်ပါဠိ-မြန်မာ-အင်္ဂလိပ်အဘိဓာန်အရ အင်္ဂလိပ်လို By force ဆိုပြီး အဓိပ္ဗာယ်ပြန်ဆိုနိုင်ပါတယ်။ ဒီတော့လည်း "ဗလက္ကာရ" ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ "မုဒိန်း" ဆိုတဲ့ စကားလုံးနဲ့ အမြဲတစေ ညီမျှခြင်းချလို့ မဖြစ်ဘူးဆိုတာ လက်ခံရမပေါ့။ သာမန်အသုံးအနှုန်းမှာတော့ "ဗလက္ကာရ" ဆိုတာ "အတင်းအဓမ္မ" ဆိုတဲ့ အဓိပ္ဗာယ်ဆောင်ကြောင်း အာရုံပြုသင့်ပါတယ်။

မလေးသူရဲ့ ပညာရေးအိပ်မက်




ဖဘပေါ်မှ မိတ်ဆွေတစ်ချို့ရဲ့ အကျိုးဖြစ်စေမယ့် ကိုယ်တွေ့ကြုံတွေ့သိမြင်ရမှုတစ်ချို့ကို စကရင်ရှော့ရိုက်ပြီး ဖော်ပြလိုက်ပါတယ်။

မလေးရှားကနေ ဒီမှာ လာပြီး မဟာဘွဲ့တက်နေတဲ့ အဆောင်တူနေ ကျောင်းသူတစ်ယောက်နဲ့ ဒီနေ့ စကားပြောဖြစ်ကြတယ်။ သူက Speech pathology ဘာသာရပ်နဲ့ မဟာဘွဲ့တက်ရောက်နေပါတယ်။ ဒီဘာသာရပ်ကို Speech therapy လို့လည်း ခေါ်ပါသေးတယ်။ အပြောအဆိုနဲ့ ဘာသာစကားပိုင်းမှာ အခက်အခဲရှိသူတွေ ပိုမိုအဆင်ပြေလွယ်ကူစွာ ပြောဆိုဆက်သွယ်နိုင်အောင် ကူညီလေ့ကျင့်ပေးနိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်ကို Speech pathologist (သို့) Speech therapist လို့ ခေါ်နိုင်ပေမပေါ့။
ကျွန်တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာတော့ ဒီဘာသာရပ်ကို သင်ယူဖို့ အခွင့်အလမ်း မရနိုင်သေးဘူးထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဒီဘာသာရပ်အကြောင်း တစ်ခါမှ ပြောသံမကြားဖူးခဲ့လို့ပါ။ ဒီနေ့တော့ ဒီဘာသာရပ်အကြောင်းကို သူ့ဆီက နည်းနည်း စူးစမ်းမေးမြန်းဖြစ်တာကို ဒီမှာ ပြန်ပြီးဖောက်သည်ချချင်ပါတယ်။

တရုတ်၊ ဘာသာဗေဒပါမောက္ခနှင့် တစ်နေ့တာမှတ်တမ်း

ပါမောက္ခဒေးဗစ်ဘရက်ဒလေ၊ ပါမောက္ခမယာဘရက်ဒလေနှင့် စာရေးသူ

ပါမောက္ခဒေးဗစ်ဘရက်ဒလေ ဟောပြောစဉ်








ဒီနေ့ ကျွန်တော့်ရည်ရွယ်ချက်တစ်ခု ပြည့်မြောက်ခဲ့တယ်လို့ ဆိုနိုင်တယ်။
ကျွန်တော် လာထရုဘ်တက္ကသိုလ်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော် လေးစားတဲ့ ပါမောက္ခနှစ်ဦး ဒီမှာ လုပ်ကိုင်နေလို့ ဖြစ်ပါတယ်။ တစ်ဦးက မြန်မာလူမျိုး ဘာသာဗေဒပညာရှင် ဆရာကြီး ဒေါက်တာသိန်းထွန်း ဖြစ်ပါတယ်။ နောက်တစ်ဦးက သြစတြေးလျနိုင်ငံသား ဘာသာဗေဒပညာရှင်ကြီး ပါမောက္ခ ဒေးဗစ်ဘရက်ဒလေ (David Bradley) ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးနှစ်ဦး ပညာရေးဌာနမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ချိန်က မြန်မာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ပတ်သက်တဲ့ တစ်ချို့သော သုတေသနစာတမ်းတွေကို တွဲဖက်သုတေသနပြု ရေးသားတင်ပြခဲ့ဖူးကြပါတယ်။ ဆရာကြီး ဒေါက်တာသိန်းထွန်းကတော့ ကျွန်တော် ဒီကိုရောက်တဲ့အချိန်မှာ အငြိမ်းစားယူပြီး အခု ကွင်းစလန်ပြည်နယ်မှာ နေထိုင်နေပြီ။ ၂၀၁၂ ခုနှစ်လောက်က အင်းဝစာအုပ်ဆိုင်ကနေ ဝယ်ယူဖြစ်ခဲ့တဲ့ ဘာသာဗေဒအခြေပြု အင်္ဂလိပ်စာရေးနည်းစာအုပ်ကစပြီး ဒေါက်တာသိန်းထွန်း၊ လာထရုဘ်တက္ကသိုလ်ဆိုတဲ့ အမည်တွေကို တွဲလျက်သား ရင်းနှီးခဲ့တယ်။ အခု ဆရာကြီးနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်း မရနိုင်တော့။

ကိုထွန်းမင်းနှင့် ကဏ္ဍစုံလင် လေးတောင်တခွင် Facebook Page တို့ဧ။် အင်တာဗျူး (အပြည့်အစုံ)

[ကျွန်တော်နဲ့ "ကဏ္ဍစုံလင်လေးတောင်တခွင်" Facebook Page တို့ ပြောဖြစ်ခဲ့တဲ့ အင်တာဗျူးအပြည်အစုံကို ဒီနေရာမှာ စုစည်းဖော်ပြလိုက်ပါတယ်။ ဒီအင်တာဗျူးကို စီစဉ်တင်ဆက်ပေးတဲ့ ကိုအောင်ဇေမင်းကို ကျေးဇူးတင်ပါတယ်။]
.
မေး။ ကိုထွန်းမင်းနေကောင်းပါလားခင်ဗျ။ ကိုထွန်းမင်း သြစတြေးလျနိုင်ငံမှာ မဟာဘွဲ့တက်ရောက်နေတယ်ဆိုတော့ ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကို လေ့လာနေပါသလဲခင်ဗျာ။

TM: ဟုတ်ကဲ့။ နေကောင်းပါတယ်။ ကျွန်တော် အခု မဲလဘုန်းမြို့က La Trobe University မှာ မဟာပညာရေးဘွဲ့ (M.Ed) တက်ရောက်နေပါတယ်။ အထူးပြုဘာသာရပ်က သင်ရိုးလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးဘာသာရပ်ပါ။ ဒါပေမယ့် သင်ရိုးဆိုင်ရာဘာသာရပ်တွေအပြင် တခြားပညာရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေထဲက စိတ်ဝင်စားရာ ဘာသာရပ်တွေကိုလည်း ရွေးချယ်ယူရပါသေးတယ်။

မေး။ အဲဒီဘွဲ့အတွက် ဘယ်နှစ်နှစ် တက်ရောက်သင်ယူရမှာလဲခင်ဗျ။ အဲဒီကျောင်းမှာ မြန်မာပြည်ကကျောင်းသားတွေကောရှိပါသလား။

TM: ဟုတ်ကဲ့။ နှစ်နှစ်သင်တန်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော့်ရဲ့ နောက်ဆုံးပညာသင်နှစ်ဝက်ပါ။ ကျွန်တော် လာထရုတ်တက္ကသိုလ်ကို စရောက်တဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာကျောင်းသားတွေ သိပ်မများသေးဘူး။ စုစုပေါင်း လေးယောက်လောက်ပဲ ရှိဦးမယ်ဗျ။ ၂၀၁၆ ခုနှစ်မှာ နောက်ထပ် မြန်မာကျောင်းသားတွေတိုးလာတော့ အခုဆိုရင် မြန်မာကျောင်းသား၊ ကျောင်းသူတစ်ဆယ်ကျော်ရှိသွားပါပြီ။ Ph.D ကျောင်းသားနှစ်ဦးနဲ့ ကျန်တဲ့ Master ကျောင်းသားတွေ ရှိကြပါတယ်။

Monday, 17 October 2016

Teacher education in Finland

by
Tun Min

Introduction
Finnish teachers are highly trained professionals. Since they have strong professional autonomy, they need to undergo high training level (Finnish National Board of Education (FNBE), n.d.-a, para.1). Further, it is strongly believed in Finland that pre-service teacher education is “the most important arena for developing professional knowledge” (Afdal, 2012, p.169). Hence, this essay will first present how teacher education policy originated and developed in Finland. Next, it will turn to how student teachers are normally selected and how initial Finnish teacher education is being implemented. Then, the author will make a brief explanation of teacher recruitment and in-service teacher training that were covered by one of the group members during the seminar presentation, before concluding the essay.

Thursday, 13 October 2016

Bilingual education policy in Northern Territory of Australia, the implications on its development for educational leaders and its impact on the NT curricula


Tun Min


Introduction
One of the aims of the Australian national language policy is to support Indigenous language programs or to support the formal instruction of Indigenous languages in schools in Australia (Our Languages, 2016a, para.3). However, there seems to be occasional inconsistencies with this aim if the past practices of the Australian government are scrutinized. Bilingual education programs have been among the most significant Indigenous language programs in Australia. In this essay, the focus will be on bilingual education programs undertaken by the Indigenous people in Northern Territory. The essay will start with the definition of the term “bilingual education”, followed by an overview of the origin and development of bilingual education policy in Australia and Northern Territory. Next, it will discuss how education leaders in Northern Territory implicated the bilingual education policy and occasional pressures on it. Then, the consequences of this policy initiative on the current contexts of Northern Territory with an emphasis on its impact on the NT curriculum and alternative future directions for positive conditions for bilingual education will be analysed before concluding the essay.
The definition of bilingual education and a description of BE programs
Since the focus of this essay will be mainly associated with the term “bilingual education” (BE), it is deemed appropriate to define BE, discuss the main features of BE and present relevant BE programs in Northern Territory in this section.