ဒုတိယကမ္ဘာစစ်နိဂုံးပိုင်း အင်္ဂလိပ်တို့ဧ။် ရမ်းဗြဲကျွန်းသိမ်းတိုက်ပွဲကြောင့် ဂျပန်တို့ အထိနာလျက်ရှိသည်။ ရမ်းဗြဲကျွန်းမှ ပိတ်မိနေသော ဂျပန်တပ်သားများကို ကယ်ထုတ်ယူလာရန် တောင်ကုတ်မှ ဂျပန်တပ်ဖွဲ့တစ်ဖွဲ့ကို မော်တော်ဘုတ်ဖြင့် စေလွှတ်လိုက်သည်။ တွေ့သမျှကယ်တင်ရန်ကား မဖြစ်နိုင်တော့ချေ။ မိကျောင်းစားဖြစ်သူဖြစ်၊ သေနတ်ဒဏ်ဖြင့် သေသူသေ ဖြစ်သည်။ တစ်ထောင်မျှ အရေအတွက်ရှိသော ဂျပန်စစ်သားများထဲမှ လေးရာခန့်မျှသာ တောင်ကုတ်သို့ ရောက်နိုင်ခဲ့ကြသည်။ ထိုသမိုင်းမှတ်တမ်းထဲမှ မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်မှာ ကမ္ဘာ့ဂင်နစ်မှတ်တမ်းကြီးတွင် "တိရစ္ဆာန်ကြောင့် ဖြစ်သော လူအသေအပျောက်အများဆုံးဖြစ်ရပ်" အဖြစ် မှတ်တမ်းတင်ထားသည်။ အောက်ပါစာအုပ်မှ ဂျပန်လူမျိုး ဝတ္ထုရေးဆရာရေးသော စာအုပ်တစ်အုပ်ဖြစ်သည်။ အောက်ပါ လင့်ကိုနှိပ်၍ သွားရောက် ဒေါင်းလုဒ် ရယူနိုင်ပါပြီ။ တင်ပေးထားသူကို ကျေးဇူးတင်ပါသည်။
No comments:
Post a Comment