ကြုံရဆုံရ မနက်ခင်း အမှတ်တရ (သို့) အမှတ်တရ လာထရုပ် (၂)
==========================အိပ်ရာဝင်နောက်ကျတာမို့ မနက် ၉ နာရီမှာ ထဖို့ နှိုးစက်ချထားမိခါမှ မနက် ၇ နာရီထိုးဖို့ ၁၀ မိနစ်လောက်အလိုမှာ နှိုးစက်သံတစ်ခု အဆက်မပြတ် ထမြည်ပါလေရော။ စိတ်ထဲမှာ အိပ်မက်လိုလို၊ တစ်ကယ်လိုလိုနဲ့ ဝိုးတဝါး။ မြန်မြန်ပျောက်သွားပါစေလို
အပြင်မှာတော့ သန့်ရှင်းရေးသမားနှစ်ယောက်န
မီးဘေးအချက်ပေးသံကတော့ ဆက်တိုက် မြည်နေဆဲ။ ဒီအချိန်မှာပဲ အဆောင်ရဲ့ ကျောင်းသားခေါင်းဆောင်အဖြစ်
မကြာခင်မှာပဲ မီးသတ်ရဲဘော်တွေ ဝတ်စုံပြည့်နဲ့ ချီလာကြတယ်။ လေးငါးယောက်ပါပဲ။ မီးသတ်ကားကိုတော့ နီးနီးဝေးဝေးမှာ မမြင်မတွေ့ရပါဘူး။ သူတို့က ကျွန်တော်တို့အနားက အေးအေးလူလူ ဖြတ်သွားရင်း ကျွန်တော်တို့ကို လှမ်းမေးလာတယ်။ "မင်းတို့တွေ မီးဖိုချောင်မှာ တစ်ခုခုများ ချက်ပြုတ်ထားတာ ရှိလား" တဲ့။ ဒီမေးခွန်းကို စောစောတုန်းက ဖနောင့်လေးဆောင့်ပြီး ညည်းတွားသူ သြစီသူက ပြန်ဖြေတယ်။ "ကျွန်မတို့တွေက အိပ်နေကြတာလေ။ ဘာမှ သိဘူး။ ဟီးးး " တဲ့။ ကျွန်တော်တို့တွေ ပြုံးမိကြပြန်သပေါ့။ ဟုတ်လည်း ဟုတ်နေတာကိုး။ ကျွန်တော့်အခန်းရဲ့ ဘေးပတ်ပတ်လည်အခန်းတွေမှာ သတိပြုမိသလောက် မနက် ၇ နာရီအချိန်မှာ အိပ်ရာက စောစော နိုးတတ်တဲ့သူရယ်လို့ တစ်ယောက်ပဲ တွေ့မိပါတယ်။ ကျွန်တော့်အခန်းဖော် အိန္ဒိယသူငယ်ချင်းဆိုရင် ညဖက်မှာ ၄ နာရီကျော်လောက်မှပဲ အိပ်တတ်တယ်။ ပြီးရင် နောက်ကျမှ အိပ်ရာက နိုးတတ်တယ်။ ဒါပေမယ့် ဒီရက်ပိုင်းတွေမှာ အချိန်ပိုင်းအလုပ် စောစောဆင်းစရာရှိလို့ အိပ်ရာစောစောဝင်၊ စောစောထနေရလေရဲ့။ သူ့အဖြစ်ကလည်း ရယ်စရာ။ မီးဘေးအချက်ပြသံစပေါ်လာတဲ့အခ
မီးသတ်သမားတွေ အဆောက်အဦထဲ ဝင်သွားပြီး ၁၅ မိနစ်လောက်ကြာတော့ ပြန်ထွက်လာတာ တွေ့ရတယ်။ ပြန်ဝင်လို့ရပြီဆိုပြီး သူတို့က ပြောတယ်။ မီးဘေးအချက်ပြသံလည်း မကြားရတော့။ ဒီတော့မှ အားလုံး ကိုယ့်အခန်းထဲကိုယ်ပြန်ဝင
မနက် ကိုးနာရီမှာ ဖုန်းနှိုးစက်သံကြောင့် နိုးလာပြီး၊ မျက်နှာသစ်လိုက်တယ်။ ကျွန်တော် မီးဖိုချောင်ထဲ ဝင်ပြီး မနက်စာပြင်ဆင်နေချိန်မှာပဲ ပစ္စည်းပြုပြင်သူတွေ ဝတ်လေ့ရှိတဲ့ ဝတ်စုံလို့ ထင်ရတဲ့ တူညီဝတ်စုံတစ်မျိုးကို ဝတ်ပြီး လူနှစ်ယောက် ကျွန်တော့် မျက်စောင်းထိုးအခန်းကို တံခါးခေါက်သံ ကြားရတယ်။ ပြဿနာဖြစ်တဲ့အခန်းက သူ့အခန်းထဲကပါပဲ။ ခဏနေတော့ တံခါးဖွင့်သံ၊ စကားပြောသံ ကြားလိုက်ရတယ်။ ပြီးတော့ အဲဒီလူနှစ်ယောက် ကျွန်တော်ရှိရာ မီးဖိုခန်းထဲဝင်လာပြီး သူတို့မှာပါလာတဲ့ ကိရိယာတစ်ခုနှစ်ခုကို ရေဆေး၊ သန့်စင်နေတာ တွေ့ရတယ်။ သူတို့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတုန်း ကျွန်တော် ပြင်ဆင်ထားပြီးတဲ့ မနက်စာကို အခန်းထဲ ယူလာလိုက်တယ်။ မနက်စာမစားခင် မျက်စောင်းထိုးအခန်းက ကနေဒါနိုင်ငံသား ကျောင်းသားဆီ ဘယ်လိုဖြစ်ရတာလဲလို့ အကျိုးအကြောင်း သွားမေးလိုက်တယ်။
"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူးကွာ။ ငါ့ အခန်းထဲက ရေခဲသေတ္တာအောက်ခံအဝတ်စ ရေစိုပြီး နည်းနည်း ညစ်ပေနေတာကြောင့် ရာသီဥတုကလည်း စိုတိုတိုဆိုတော့ အကုန်ပေါင်းပြီး ပြဿနာတက်သွားလို့ မီးဘေးအချက်ပေးသံ ထမြည်တာလို့ သူတို့ ပြောကြတယ်။ ဒါမျိုး မနှစ်တုန်းက ၅ ခါ ၆ ခါ ဖြစ်ခဲ့ဖူးတယ်။ ငါတို့ကတော့ ကြုံဖူးလို့ သိပ်မထူးဆန်းတော့ပါဘူးကွာ " တဲ့။ ဒါဆို မီးဖိုချောင်ထဲမှာ ဟိုပုဂ္ဂိုလ်နှစ်ယောက် သန့်စင်ပေးနေတာ သူ့ရေခဲသေတ္တာရဲ့ အသုံးအဆောင်တွေပဲပေါ့။ အခုမှပဲ ဇာတ်ရည်လည်ပါတော့တယ်။
အမှန်တကယ်က ဒီကိစ္စဟာ သိပ်တော့ ပြဿနာမရှိလှပါဘူး။ မီးဘေးအချက်ပေးသံ မြည်လောက်အောင် ပြဿနာ မကြီးလောက်ပါဘူး။ ဒါပေမယ့် မီးသတ်သမားတွေ ရောက်လာခဲ့ပါတယ်။ အသေအချာ စစ်ဆေးခဲ့ကြပါတယ်။ စိတ်ချရပြီဆိုတော့မှ ကျောင်းသားတွေကို အဆောက်အဦထဲ ဝင်စေပြီး သူတို့ ပြန်သွားကြပါတယ်။ သူတို့တွေအတွက် တက္ကသိုလ်က ပိုက်ဆံပေးရလိမ့်မယ်တော့ ထင်ပါတယ်။ ဘယ်ရွေ့ဘယ်မျှပေးရတယ်ရယ်တော
ဒီဖြစ်စဉ်မှာ ကျွန်တော် မှတ်မှတ်ရရ သတိပြုမိလိုက်တဲ့ သူတစ်ယောက် ရှိပါသေးတယ်။ သူကတော့ ပါကစ္စတန်သား ကျောင်းသားခေါင်းဆောင် ကိုကာဆင်ပါပဲ။ သူက တခြားကျောင်းသား၊ ကျောင်းသူတွေ အားလုံးကို အဆောက်အဦရဲ့ အပြင်ဘက်မှာ နေစေပြီး မီးသတ်သမားတွေ မရောက်မီ မီးဘေးအချက်ပြသံ ဆူညံနေတဲ့ အဆောက်အဦထဲကို တစ်ယောက်တည်း ဝင်ပြီး ပြဿနာဇာစ်မြစ်ကို ရှာဖွေခဲ့တယ်။ ရှာဖွေနိုင်ခဲ့တယ်။ ဒါဟာ သာမန်ကြည့်လိုက်ရင်တော့ ဘာမှ မထူးခြားသလိုလိုပါပဲ။ "သူက တာဝန်ရှိတဲ့သူပဲ၊ ဒါကို သူမလုပ်လို့ ဘယ်သူက လုပ်မှာလဲ" ဆိုပြီး ပေါ့ပေါ့လေး တွေးလိုက်ရင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလုပ်ရပ်နောကွယ်မှာ စွန့်စားမှု၊ ခေါင်းဆောင်ကောင်းပီသမှု၊ တာဝန်ယူမှု၊ တာဝန်သိတတ်မှု ဆိုတဲ့အချက်တွေကို သွားတွေ့လိုက်ရပါတယ်။ အမှန်ဆို သူလည်း ကျောင်းသားတစ်ယောက်ပါပဲ။ တခြားသူတွေနဲ့ အသက်မတိမ်းမယိမ်းဖြစ်သလို၊
တကယ်တော့ အိပ်ချင်မူးတူး မနက်ခင်းလေးဟာ ကျွန်တော်တို့တွေအတွက် လာထရုပ်အမှတ်တရအဖြစ် ပြန်ပြောဖြစ်ကြမယ့် ဖြစ်ရပ်တစ်ခုဆိုရင် မမှားပါဘူး။ ကျွန်တော့်အတွက်တော့ ဒီအမှတ်တရနဲ့အတူ သင်ခန်းစာတွေလည်း ရလိုက်ပါတယ်။ အသိအမြင်တွေလည်း တိုးခဲ့ပါတယ်။ လာထရုပ်တက္ကသိုလ် ပညာတော်သင်ဘဝရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်မိရင် ဒီအဖြစ်အပျက်ကလေးက ဦးဆုံးပေါ်လာမယ့် ပုံရိပ်လေးတွေထဲက တစ်ခု ဖြစ်နေမယ် ထင်မိပါရဲ့။ လာထရုပ်အမှတ်တရတွေထဲက ကြုံရဆုံရ မနက်ခင်းအမှတ်တရ တစ်ခုလို့ပဲ ကမ္ဗည်းတင်မိပါရဲ့။
(အခါသင့် အခွင့်ကြုံရင် အမှတ်တရလာထရုပ် (၃) အဖြစ် တခြားအကြောင်းကို ဆက်ပါဦးမည်။)
လေးစားစွာ
ဇွဲသစ် (ရမ္မာမြေ)
11/3/2016 (Fri)
မှတ်ချက်။ ။ အဖြစ်အပျက်က မနက်ခင်းဖြစ်ခဲ့ပြီး ဓာတ်ပုံက ညနေပိုင်းမှ ရိုက်ထားတာပါ။
No comments:
Post a Comment