Wednesday 17 August 2016

Humour on the job (အလုပ်အကိုင်ဆိုင်ရာ ဟာသများ)


ဒီနေ့ ဈေးဝယ်သွားတုန်း သြဂုတ်လထုတ် Reader's Digest ကို ဝယ်လာဖြစ်ပါတယ်။ စာအုပ်ပေါ်မှာတော့ Reader's Digest ဆိုတဲ့နာမည်အပေါ်က Australia ဆိုတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် သြစီတစ်နိုင်ငံတည်းအတွက် ရည်ရွယ်ထုတ်ဝေတဲ့ စာအုပ်လို့ တွေးမိပါတယ်။ စာအုပ်ဈေးက AUD 6.50 ပါ။ မြန်မာငွေနဲ့ဆိုရင် ၅၈၀၀ ခန့် ကျသင့်ပါတယ်။ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ဝယ်ခဲ့စဉ်က Reader's Digest တစ်အုပ်ကို ငွေ (၃၀၀၀) ပေးရပါတယ်။ အခုတော့ တစ်အုပ်ကို ဘယ်လောက်ဈေးပေးဝယ်ရတယ်မသိ။
.
ဒီစာအုပ်မှာပါတဲ့ Humour on the job (အလုပ်အကိုင်ဆိုင်ရာ ဟာသ) ထဲက အနှစ်သက်ဆုံးလေးပုဒ်ကို ဘာသာပြန် တင်လိုက်ပါရစေ။ အင်္ဂလိပ်စာလေ့လာဆဲ မိတ်ဆွေတွေအတွက်လည်း တစ်စုံတစ်ရာအကျိုးရှိစေဖို့ မူရင်းအင်္ဂလိပ်ဟာသတိုတွေကိုပါ ယှဉ်တွဲတင်လိုက်ပါတယ်။
.
(1) Not a doctor
.
My mum had a small decorative windmill in her front yard. A storm broke one of the blades, causing the windmill to shake violently.
.
Dad announced that he would 'take care of it' and rebalanced the windmill by snapping off the opposing blade.
.
Watching him through the window, Mum remarked, "I hope I never break a leg."
.
(Submitted by Gerald Loffredo)
.
ဆရာဝန်မှ မဟုတ်တာ
................
.
အမေ့အိမ်ရှေ့ဝင်းခြံထဲမှာ အလှသဘော ပြုလုပ်ထားတဲ့ လေရဟတ်ငယ်တစ်ခု ရှိခဲ့ပါတယ်။ မုန်းတိုင်းတိုက်တော့ ဒလက်တစ်ခုကျိုးပြီး လေရဟတ် သွက်သွက်ခါ ရမ်းနေပါလေရော။
.

အဖေက "ငါ လုပ်လိုက်မယ်ဟေ့" လို့ ကြေညာမောင်းခလိုက်ပါတယ်။ ပြီးတော့ ဆန်ကျင်ဘက်ဒလက်ကို ဂျွတ်ကနဲ ချိုးလိုက်ပြီး လေရဟတ်ကို ဟန်ချက်ညီအောင်လုပ်ပါတော့တယ်။
.
အဖေလုပ်နေတာကို ပြတင်းပေါက်က စောင့်ကြည့်ရင်း အမေ မှတ်ချက်ပြုလိုက်ပုံက "ကျွန်မဖြင့် ခြေထောက်မကျိုးပါစေနဲ့လို့သာ ဆုတောင်းမိပါရဲ့ရှင် ..." တဲ့။
.

(2) Days and confused
.
Applications for jobs at the company where my friend Diana works are asked to fill out a questionnaire. Among the things candidates list is their high school and when they attended.
.
One prospective employee dutifully wrote the name of his high school, followed by the dates attended: Monday, Tuesday, Wednesday, Thursday and Friday.
.
(Submitted by Jennifer Caruana)
.
ရက်တွေနဲ့ ရှုပ်လေပြီ
........................
.
ကျွန်မသူငယ်ချင်း ဒိုင်ယာနာ အလုပ်လုပ်တဲ့ ကုမ္ဗဏီအတွက် အလုပ်လျှောက်ကြရာမှာ မေးခွန်းလွှာတစ်ခု ဖြည့်စွက်စေပါတယ်။ အလုပ်လျှောက်သူတွေ တင်ပြရတဲ့အရာတွေထဲမှာ သူတို့တက်ရောက်ခဲ့တဲ့ အထက်တန်းကျောင်းနဲ့ ဘယ်အချိန်က တက်ခဲ့တယ်ဆိုတဲ့အကြောင်း ပါဝင်ပါတယ်။
.
အလုပ်လျှောက်သူတစ်ဦးက သူတက်ခဲ့တဲ့ အထက်တန်းကျောင်းကို တာဝန်ကျေပွန်စွာ ရေးသားဖြည့်စွက်ထားပါတယ်။ ပြီးတော့မှ သူ ကျောင်းတက်ခဲ့တဲ့ နေ့ရက်တွေကို တန်းစီရေးလိုက်ပုံက ... တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ... ပါတဲ့။
.

(3) Double standard
.
My cousin Neil, a taxi driver, picked up an elderly couple from a restaurant. On the journey to their home, the lady remembered she'd left her glasses on the restaurant table. After asking Neil to return, the man shouted and criticised his wife for her forgetfulness.
.
As Neil drove into the car park, he volunteered to go inside and retrieve the glasses _ but he was interrupted by the man saying, "Can you ask if I left my scarf in there, too?"
.
(Submitted by Jill Cohen)
.
နှစ်ထပ်ကွန်း စံပြုစရာ
.....................
.
ကျွန်တော့် တူလေးဖြစ်တဲ့ နေးလ့ဟာ အငှားကားမောင်းသူ ဖြစ်ပါတယ်။ သူဟာ သက်ကြီးဇနီးမောင်နှံကို စားသောက်ဆိုင်တစ်ဆိုင်ကနေ ကားနဲ့ တင်ဆောင်လာခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာ အဘွားက စားသောက်ဆိုင် စားပွဲပေါ်မှာ မျက်မှန် ကျန်ခဲ့ပြီဆိုတာ သိလိုက်တယ်။ နေးလ့ကို ကားပြန်လှည့်ဖို့ ပြောပြီးနောက် အဘိုးက ဒီလောက် မေ့ရကောင်းလားဆိုပြီး ဇနီးသည်ကို အော်ဟစ်ဝေဖန်သဗျ။
.
နေးလ့က ကားရပ်နားတဲ့ နေရာအတွင်း မောင်းဝင်သွားရင်း သူကိုယ်တိုင် ဆိုင်တွင်း ဝင်ပြီး မျက်မှန် သွားယူပေးမယ်လို့ သူတို့ကို ဆိုလိုက်ပါတယ်။ ဒါပေမယ့် အဘိုး သူ့ကို ဖြတ်ပြောလိုက်တာက "အဘိုးရဲ့ တဘက်ကော အဲဒီမှာ ကျန်ခဲ့သေးလား မေးခဲ့ပေးပါဦးကွယ်" တဲ့။
.

(4) Dirty work
.
Although desperate to find work, I passed on a job I found on an employment website. It was for a wastewater plant operator. Among the job requirements: Must be able to swim.
.
(Submitted by Michael Leamons)
.
ညစ်တီးညစ်ပတ်
..........
.
ကျွန်တော်ဟာ အလုပ်ရှာဖို့ အပူတပြင်း လိုအပ်နေပေမယ့် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ့ဆိုဒ်တစ်ခုမှာ တွေ့တဲ့ အလုပ်တစ်ခုကိုတော့ ကျော်ဖတ်လိုက်ရပါသဗျ။ အဲဒီအလုပ်ကြော်ငြာက ရေဆိုးထုတ်စက်ရုံအလုပ်သမား ခေါ်တာပါ။ ဒီအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့အရည်အချင်းတွေထဲမှာ ပါတဲ့ တစ်ချက်က "ရေကူးနိုင်ရမည်" လို့ ဆိုထားသကိုး။
.
.(အားလုံး ပြုံးပျော်နိုင်ကြပါစေ ... )
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၁၈.၈.၂၀၁၆ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment