[သင်္ခန်းစာအပြည့်အစုံကို ကြည့်ရန်လင့် - http://ed.ted.com/lessons/what-would-happen-if-you-didn-t-sleep-claudia-aguirre ]
[အမေရိကန်နိုင်ငံတွင် လူကြီး (၃၀) ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက် (၆၆) ရာခိုင်နှုန်းမှာ ပုံမှန်အိပ်ရေးပျက်နေသည်ဟု ခန့်မှန့်ကြသည်။ ၎င်းသည် သာမန်အဆင်မပြေမှုသက်သက်မဟုတ်ပေ။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်ကို ကြီးစွာဆိုးကျိုးဖြစ်စေသောကြောင့် ဖြစ်သည်။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်နှင့်ဦးနှောက် မည်သို့ဖြစ်နိုင်ကြောင်း ကလော်ဒီယာအဂီရီက ရှင်းပြထားသည်။
ကလော်ဒီယာအဂီရီဧ။် သင်္ခန်းစာကို TED-Ed က သရုပ်ဖော်သည်။]
.
[အမေရိကန်နိုင်ငံတွင် လူကြီး (၃၀) ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက် (၆၆) ရာခိုင်နှုန်းမှာ ပုံမှန်အိပ်ရေးပျက်နေသည်ဟု ခန့်မှန့်ကြသည်။ ၎င်းသည် သာမန်အဆင်မပြေမှုသက်သက်မဟုတ်ပေ။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်ကို ကြီးစွာဆိုးကျိုးဖြစ်စေသောကြောင့် ဖြစ်သည်။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်နှင့်ဦးနှောက် မည်သို့ဖြစ်နိုင်ကြောင်း ကလော်ဒီယာအဂီရီက ရှင်းပြထားသည်။
ကလော်ဒီယာအဂီရီဧ။် သင်္ခန်းစာကို TED-Ed က သရုပ်ဖော်သည်။]
.
မအိပ်စက်ရင် ဘာဖြစ်မလဲ
=============
.
(၁၉၆၅) ခုနှစ်က အသက် (၁၇) နှစ်အရွယ် အထက်တန်းကျောင်းသားရန်ဒီဂါနာဟာ
(၂၆၄)နာရီကြာကြာ မအိပ်ဘဲနေပါတယ်။ မအိပ်ရင်ဘယ်လိုနေမလဲ သိနိုင်ဖို့ (၁၁) ရက်တာစမ်းသပ်ချက်ပါပဲ။ ဒုတိယနေ့မှာမျက်လုံးတွေ အာရုံစိုက်မရတော့ဘူး။ နောက် ထိတွေ့သိနိုင်မှု ပျောက်လာရော။ တတိယနေ့မှာ ဂါနာဟာ မျက်နှာသုန်မှုန်ပြီး စနစ်တကျမလုပ်နိုင်တော့ဘူး။ စမ်းသပ်မှုအပြီး သူဟာ အာရုံစိုက်ဖို့
ကြိုးစားနေရတယ်။ ကာလတိုမှတ်ဥာဏ် သုံးရခက်လာတယ်။
ကယောင်ကတမ်း ဖြစ်လာတယ်။ သွေးလေချောက်ခြားလာတယ်။
ရေရှည်စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုမဖြစ်ဘဲ
ဂါနာ ပြန်သက်သာလာပေမယ့် တပါးသူတွေအဖို့တော့ အိပ်ပျက်တာဟာ ဟော်မုန်းဟန်ချက်မညီဖြစ်စေတယ်။
နေမကောင်းတာ၊ အလွန်ဆုံး သေတာထိ ဖြစ်စေနိုင်တယ်။
.
ဘာလို့ အိပ်ရတာလဲဆိုတာ နားလည်ပြီပေါ့။ ဒါပေမယ့်
အိပ်စက်ဖို့လိုတယ်လို့ ကျွန်တော်တို့ သိကြတာပဲ။ လူကြီးတွေဟာ တစ်ည (၇) နာရီ၊ (၈) နာရီ အိပ်ဖို့လိုပါတယ်။ ဆယ်ကျော်သက်တွေက အိပ်ချိန်ဆယ်နာရီလောက် လိုတယ်။
အိပ်စက်ဖို့လိုတယ်လို့ ကျွန်တော်တို့ သိကြတာပဲ။ လူကြီးတွေဟာ တစ်ည (၇) နာရီ၊ (၈) နာရီ အိပ်ဖို့လိုပါတယ်။ ဆယ်ကျော်သက်တွေက အိပ်ချိန်ဆယ်နာရီလောက် လိုတယ်။
.
ခန္ဓာကိုယ်က အချက်ပြလို့ အိပ်ချင်လာတာပါ။ ပင်ပန်းလှပြီလို့ ဦးနှောက်ကို
ပြောတယ်လေ။ ပတ်ဝန်းကျင်က အပြင်မှာ မှောင်ပြီလို့ အချက်ပြတယ်။
အဒီနိုဆီး (Adenosine)၊ မက်လာတိုနင်
(Melatonin) တို့လို အိပ်ချင်စေတဲ့ ဓာတ်တွေ
တိုးလာတော့ မှေးစက်အိပ်ပျော်သွားစေတယ်။ အသက်ရှုတာနဲ့နှလုံးခုန်တာ နှေးကွေးပြီး၊ ကြွက်သားတွေ ပြေလျော့လို့ပေါ့။
ဒီ NREM အဆင့်မှာ DNA ကိုပြုပြင်ပေးပါတယ်။ နောက်နေ့အတွက်
ခန္ဓာကိုယ်ကို အားအင်သစ်တွေ ပြန်လည်ဖြည့်ဆည်းပေးပါတယ်။
.
အမေရိကန်နိုင်ငံမှာဆိုရင် လူကြီး
(၃၀) ရာခိုင်နှုန်းနဲ့ ဆယ်ကျော်သက် (၆၆) ရာခိုင်နှုန်းဟာ ပုံမှန်အိပ်မရကြဘူးလို့ ခန့်မှန်းထားတယ်။ ဒါသာမန်အဆင်မပြေရုံကိစ္စ
မဟုတ်ပါဘူး။ အိပ်ရေးပျက်တာဟာ ခန္ဓာကိုယ်ကို အင်မတန်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ အိပ်ရေးပျက်ရင်
သင်ယူမှု၊ မှတ်ဥာဏ်၊ စိတ်အခြေအနေနဲ့
တုန့်ပြန်လုပ်ဆောင်တဲ့အချိန်ကို ထိခိုက်တယ်။ အိပ်မရတာဟာ ရောင်ရမ်းမှုကို ဖြစ်စေတယ်။ သွေလေချောက်ခြားစေတယ်။
သွေးတိုးစေတယ်။ ဆီးချိုနဲ့အဝလွန်ရောဂါတောင်
ဖြစ်စေပါတယ်။
.
(၂၀၁၄) ခုနှစ်မှာ ဘောလုံးဝါဿနာအိုးတစ်ယောက်
ဆုံးသွားတယ်။
သကောင့်သားက (၄၈)နာရီကြာကြာ မအိပ်ဘဲ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ထိုင်ကြည့်တာတဲ့လေ။
သူဆုံးတာ လေဖြတ်လို့ဆိုပေမယ့် လေ့လာမှုအရ (၇)နာရီ၊ (၈)နာရီ ပုံမှန် အိပ်သူတွေနဲ့နှိုင်းယှဉ်ရင် တစ်ည အိပ်ချိန် (၆)
နာရီမပြည့်တဲ့သူတွေဟာ ကြာရင် လေဖြတ်နိုင်ခြေလေးဆခွဲ
ပိုများပါသတဲ့။ မျိုးရိုးဗီဇပြောင်းမှုကို
ရှားပါးစွာ ကြုံတွေ့ရတဲ့ လူတစ်ချို့အဖို့တော့
နေ့စဉ်ရက်ဆက် အိပ်မရဖြစ်တတ်ပါတယ်။ သေစေနိုင်တဲ့
မိသားစုဆိုင်ရာအိပ်မရရောဂါ (Fatal Familial Insomnia) လို့ခေါ်တဲ့
ရောဂါဟာ ခန္ဓာကိုယ်ကို အိပ်မက်ဆိုးလို နိုးထနေစေတယ်။ အိပ်မပျော်အောင် တားဆီးထားတာမျိုးပေါ့။ လတွေနှစ်တွေကြာတော့ ဒီရောဂါ ပိုပိုဆိုးလာပြီး ရူးသွပ်တာ၊ သေတာထိဖြစ်လာစေပါတယ်။
.
အိပ်မရတာနဲ့ ဒီလောက်ဆိုးတဲ့ ရောဂါဘယ်လိုဖြစ်စေလဲ။ သိပ္ဗံပညာရှင်တွေ တွေးတာက
ဦးနှောက်ထဲအမှိုက်တွေ တိုးလာလို့ပါတဲ့။ နိုးနေတဲ့အချိန်မှာ
ဆဲလ်တွေက တစ်နေ့တာ စွမ်းအင်တွေကို သုံးပစ်ပါတယ်။
စွမ်းအင်ရင်းမြစ်တွေက ဘေးထွက်ပစ္စည်းတွေအဖြစ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပါလေရော။ ဒီစွမ်းအင်ရင်းမြစ်တွေထဲမှာ အဒီနိုဆီးဓာတ်
(Adenosine) လည်း ပါဝင်ပါတယ်။ အဒီနိုဆီးဓာတ် များလာတာနဲ့ လူတွေ အိပ်ချင်စိတ်ပိုများလာပါတယ်။ ဒါကိုပဲ အိပ်ဖို့တွန်းအား (Sleep pressure) လို့ ခေါ်ကြတယ်။
တကယ်တော့ ကဖိန်းဓာတ်က
အဒီနိုဆီးဓာတ်လက်ခံလမ်းကြောင်းတွေကို ပိတ်ဆို့ပေးပါတယ်။ တခြားအမှိုက်တွေလည်း
ဦးနှောက်ထဲစုလာတတ်တယ်။ ဒါတွေကို
မရှင်းထုတ်ပစ်ရင် ဦးနှောက်ထဲ စုပြုံနေပါတယ်။ နောက်တော့ အိပ်ပျက်မှုရဲ့
ဆိုးရွားတဲ့လက္ခဏာရပ်တွေ ဖြစ်လာစေပါလေရော။
.
ဒီတော့ ဒီလိုမျိုးတွေမဖြစ်ရအောင် ကာကွယ်ဖို့ အိပ်စက်တဲ့အခါ
ဦးနှောက်ထဲ ဘာတွေ
ဖြစ်နေပါသလဲ။ သိပ္ဗံပညာရှင်တွေက
Glymphtic System ဆိုတဲ့အခြေအနေတစ်ခုကို ရှာဖွေတွေ့ရှိထားပါပြီ။ အဲဒါက အမှိုက်တွေရှင်းထုတ်တဲ့
စနစ်တစ်ခုပေါ့။ ဒီစနစ်က အိပ်ချိန်မှာ ပိုပြီးအလုပ်လုပ်ပါတယ်။ အဲဒါက အဆိပ်အတောက်ဖြစ်စေတဲ့
အမှိုက်သရိုက်တွေကို ဦးနှောက်နဲ့ကျောရိုးအရည်သုံးပြီး
ဆေးကြောရှင်းလင်းပေးပါတယ်။ ဒီပစ္စည်းတွေဟာ ဆဲလ်တွေကြားမှာ ပွားလာတာဖြစ်ပါတယ်။ ရောဂါကာကွယ်ပေးတဲ့ ဆဲလ်လမ်းကြောင်းတွေအဖြစ်လုပ်ဆောင်ကြတဲ့ သွေးဖြူဥသွေးကြောတွေကို
မကြာသေးခင်က ဦးနှောက်ထဲမှာ တွေ့ရပါတယ်။ ဦးနှောက်ရဲ့ နေ့စဉ်အမှိုက်သရိုက်တွေကို ရှင်းလင်းရာမှာ အဲဒီသွေးကြောတွေလည်းပါမှာပါပဲ။
သိပ္ဗံပညာရှင်တွေဟာ အိပ်စက်ခြင်းနောက်ကွယ်က ကျန်းမာရေးအထောက်အကူပြုစနစ်တွေကိုဆက်လက်လေ့လာနေကြတာဖြစ်ပေမယ့် လဲလျောင်းအိပ်စက်ဖို့လိုတယ်ဆိုတာတော့
သေချာပါတယ်။ ကျွန်တော်တို့တွေ ကျန်းမာရွှင်လန်းချင်ရင်ပေါ့လေ။
.
Trs: ဇွဲသစ် (ရမ္မာမြေ)
၁၀.၉.၂၀၁၆
(မူရင်း = What would happen if you didn’t
sleep? [A TED-Ed lesson])
No comments:
Post a Comment