Monday 12 December 2016

လွတ်လပ်ခြင်း၊ ဘာသာတရားနှင့် ကိုယ်တွေ့စာတွေ့


(၁)
ခမ်းခမ်းနားနား ပြင်ဆင်ထားသော ဖျော်ဖြေရေးစင်မြင့်တစ်ခု။
ထိုဖျော်ဖြေရေးစင်မြင့်ဧ။် အလယ်ဗဟိုတွင်မူ မီးရောင်ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူ ရှိလေဧ။်။ ဖျော်ဖြေရေးစင်မြင့်ဧ။် ရှေ့ဘက်တွင် ပရိသတ် များလှပါဘိ။ 
ဗုဒ္ဓရုပ်ပွားတော်ဟူသည် စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်း စသည့် သာသနိကအဆောက်အဦတို့တွင် သပ္ဗာယ်စွာ စံပါယ်တော်မူတတ်စမြဲ။ ဖျော်ဖြေရေးစင်မြင်ဟူသည် ဗုဒ္ဓရုပ်ပွားတော်နှင့် လားလားမှ မအပ်စပ်ပါလေ။ သို့သော် ...
များမကြာမီ ဂီတသံစဉ်တစ်ခု မြူးကြွစွာ ထွက်ပေါ်လာသည်။ ဖျော်ဖြေရေးစင်မြင့်ထက်မှ မီးရောင်လည်း တစ်မူထူး၍ လင်းလက်သွားသယောင် ရှိဧ။်။ အဖွင့်ဂီတသံ၊ မီးရောင်အလှည့်အပြောင်းတို့နှင့်အတူ ဖျော်ဖြေရေးစင်မြင့်ထက်မှ ဗုဒ္ဓရုပ်ပွားတော်မှာ ဆုံလည်ကုလားထိုင်လှည့်သကဲ့သို့ ဘယ်ဘက်သို့ တဖြည်းဖြည်းချင်း လှည့်လာသည်။ 
ဗုဒ္ဓရုပ်ပွားတော်ဧ။် နောက်ဘက်ဆီ ဗွီဒီယိုကင်မရာက ရိုက်ပြနိုင်ပြီ။ မြင်လိုက်ရသည့် မြင်ကွင်းကား မလုံ့တလုံ အဝတ်အစားနှင့် စတိုင်အပြည့်ထုတ်ထားသည့် အဆိုတော်အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်ဧ။် နောက်ဘက်၌ ပြုလုပ်ထားသည့် တံခါးဝတွင် မတ်တပ်ရပ်နေသည့် အနေအထားပင်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပရိသတ်များ နှစ်ထောင်းအားရကြဟန် လက်ခုပ်သံများ၊ လက်ခေါက်ချိုးမှုတ် သြဘာပေးသံများ ညံစီသွားတော့သည်။ 
ခဏအကြာ ထိုအဆိုတော်အမျိုးသမီးက သူ ရပ်နေသော တံခါးမှ ရှေ့သို့လှမ်းထွက်၍ သီဆိုဖျော်ဖြေတော့သည်။ နောက်ဘက်တွင်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အတိုင်းသား မြင်နေရဆဲ။
အထက်ပါမြင်ကွင်းကား (၂၀၁၅) ခုနှစ်၊ ဖေဖော်ဝါရီလခန့်က သြစတြေးလျနိုင်ငံဧ။် နိုင်ငံပိုင်အကြီးဆုံးရုပ်သံလိုင်းဖြစ်သည့် ABC မှ တင်ဆက်သော ဖျော်ဖြေရေးအစီအစဉ်တစ်ခုမှ မြင်ကွင်းတစ်ခုပင် ဖြစ်ပါဧ။်။ လွတ်လပ်မှုကို သူတို့ တစ်မျိုးတစ်မည် အဓိပ္ဗာယ်ဖွင့်ဆိုကြသည်လား မဆိုနိုင်။ သူတို့ဧ။် လွတ်လပ်မှုကြောင့် တခြားဘာသာအယူဝါဒတစ်ခုဧ။် အထွတ်အမြတ်အထားဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဗုဒ္ဓဧ။် ရုပ်ပွားတော်ကို ဤအခြေအနေဖြင့် အသုံးပြုခြင်းသည် မသင့်တော်ကြောင်း၊ ထိုဘာသာတရားကို သက်ဝင်ယုံကြည်သူများအပေါ် စော်ကားသလို ဖြစ်နေမည့်အကြောင်း သူတို့ မသိလေကြရော့သလား မပြောတတ်ပြီ။ နိုင်ငံပိုင် မီဒီယာကြီးတစ်ခုက ထိုသို့ တင်ဆက်နေလေရဲ့။ 
ရှက်ဖွယ် … ရှက်ဖွယ် … ။
xxxxx xxxxx xxxxx
(၂)
လွန်ခဲ့သော လဝက်ခန့်က ပညာသင်ဆုတူ နိုင်ငံတကာသူငယ်ချင်းများနှင့် မဲလဘုန်းမြို့ထဲရှိ ကိုရီးယားအသားကင်ဆိုင်တစ်ဆိုင်၌ တွေ့ဆုံ၍ ညစာစားဖြစ်ကြသည်။ ညစာစားပြီးနောက် ဆွန်စတန်လမ်း (Swanston Street) ပေါ်ရှိ ဝိတိုရိယပြည်နယ်စာကြည့်တိုက်ရှေ့တွင် စုပေါင်းဓာတ်ပုံရိုက်ဖြစ်ကြသည်။ ထိုမှတစ်ဖန် စာကြည်တိုက်ရှေ့တည့်တည့် လမ်းတစ်ဘက်တွင် တည်ရှိသော ABC အမည်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်ဖြစ်ကြသည်။ ABC မှာ Asian Beer Club (အာရှဘီယာကလပ်) ဧ။် အတိုကောက်အမည်ဟု ဆိုသည်။ 
မိမိမှာ ABC သို့ ပထမဦးဆုံး ရောက်ဖူးခြင်းပင် ဖြစ်ပါဧ။်။ ဆိုင်ဝင်ပေါက်နားအရောက်တွင် ခြေလှမ်း တုံ့ခနဲ ဖြစ်သွားမိသည်။ အကြောင်းမှာ ထိုဘီယာဆိုင်ဝင်ပေါက်ဧ။် ဘေးတစ်ဘက်တစ်ချက်တွင် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်နှစ်ဆူကို ဖူးတွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူလုံးမှာ ဥာဏ်တော် (၇) ပေခန့် ရှိပေမည်။ ထိုဆိုင်မှာ မဲလဘုန်းမြို့တွင် အလွန်နာမည်ကြီးသော ဆိုင်တစ်ဆိုင်ဖြစ်သဖြင့် ဆိုင်အတွင်း၌ လွန်စွာ လူစည်ကားလှဧ။်။ 
မိမိမှာမူ သူငယ်ချင်းများနှင့်အတူ ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ရသော်လည်း စိတ်မသက်သာလှပေ။ မတတ်သာတော့။ သူငယ်ချင်းတစ်ချို့ကိုမူ ဘီယာဆိုင်မှာ ဒီလိုမျိုး ဗုဒ္ဓရုပ်ပွားတော်ကို ထားတာ မဖြစ်သင့်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် စိတ်မသက်သာရှိကြောင်း ပြောဆိုဖြစ်ခဲ့သည်။
xxxxx xxxxx xxxxx
(၃)
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့က Eleven Broadcasting ဧ။် ဗွီဒီယိုသတင်းတစ်ပုဒ်အရ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားက “Buddha Lounge Bar” အမည်ရှိ အရက်ဆိုင်ကို ဗုဒ္ဓအမည်ပေးထားသည့်အချက်နှင့် ဆိုင်အတွင်း ဗုဒ္ဓရုပ်ပွားတော်မျိုးစုံကို အသုံးပြုထားမှုတို့ကြောင့် ဆိုင်ပိုင်ရှင် ဒဏ်ရိုက်ခံရသည့်အပြင် ဆိုင်အမည်ကိုပါ ပြောင်းလဲရန် တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။ ရုရှားနိုင်ငံတွင် ဘာသာအယူဝါဒတစ်ခုခုကို စော်ကားလျှင် ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ချမှတ်နိုင်ကြောင်းလည်း ထိုရုပ်သံသတင်းတွင် ဆိုထားသည်။ ဆိုင်ပိုင်ရှင်အမျိုးသမီးကမူ ဤသို့ ဗုဒ္ဓရုပ်ပွားတော်များကို ဆိုင်တွင် အဆင်တန်ဆာအဖြစ် ထားရှိခြင်း၊ ဆိုင်အမည်တွင် ဗုဒ္ဓအမည်ပါခြင်းတို့အပေါ် မိမိတွင် အပြစ်ရှိသည်ဟု မထင်ကြောင်း ဆိုသွားသည်။ ဤသို့ မလုပ်ဆောင်သင့်ကြောင်း သူ မသိဟူ၍ ယူဆစရာပင် ဖြစ်ဧ။်။ ရုရှားနိုင်ငံတွင် အလားတူ အခြားအရက်ဆိုင်များ ရှိသေးသော်လည်း တိုင်တန်းသူရှိ၍သာ ထိုသို့ အရေးယူသည် ဟူသတတ်။
xxxxx xxxxx xxxxx
(၄)
လွန်ခဲ့သော (၃) နှစ်ခန့်က သတင်းတစ်ပုဒ်ကို အတော်များများ မှတ်မိကြပါဦးမည်။
ရန်ကုန်မြို့ရှိ ဘာသာမဲ့နိုင်ငံခြားသားတစ်ဦးပိုင် အရက်ဆိုင်တစ်ဆိုင်၌ ဗုဒ္ဓရုပ်ပွားတော်ပုံကို ပေါ်ပေါ်ထင်ထင် စော်ကားသည့်ဟန်ဖြင့် ဆိုင်တွင်အသုံးပြုမှုကြောင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် သတင်းပင် ဖြစ်ဧ။်။ ဆိုင်ပိုင်ရှင် ထိုနိုင်ငံခြားသား ပြောသည့် စကားကို မှတ်မိပါသေးသည်။ “တခြားနိုင်ငံတွေမှာ ကျွန်တော် ဒီလိုဆိုင်မျိုး ဖွင့်လာတာ ဘာမှ မဖြစ်ဘူး။ ဒီမှာကျမှ ပြဿနာဖြစ်တယ်” ဟူ၍ပင်။ မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသော နိုင်ငံတစ်နိုင်ငံတွင် ထိုသို့သော ဖြစ်ရပ်ကို ထိုကဲ့သို့ ထိထိရောက်ရောက် အရေးယူခဲ့ခြင်းကို အားရမိသည်မှာအမှန်ပင်။ 
ဤသို့ ပြောခြင်းဖြင့် ဗုဒ္ဓဘာသာကိုသာ ကွက်၍ ကာကွယ်ပြောလိုခြင်းမဟုတ်ပေ။ မည်သည့်ဘာသာအယူဝါဒအပေါ်တွင်မှ စော်ကားခြင်းမျိုးမဖြစ်သင့်ပေ။ သို့သော် ကြုံတွေ့နေရသည့် ဗုဒ္ဓဘာသာအပေါ် မရည်ရွယ်ဘဲလျက်သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း စော်ကားသလို ဖြစ်နေသည့် ဖြစ်ရပ်များမှာ နိုင်ငံတကာတွင် အတော်များများ ရှိနေဧ။်။ Eleven Broadcasting ပါ အထက်တွင် ကိုးကားဖော်ပြပြီး ရုပ်သံသတင်းအရ ရုရှားနိုင်ငံတွင် ဘာသာအယူဝါဒတစ်ခုခုအပေါ် စော်ကားမှုနှင့်ပတ်သက်၍ တိုင်ကြားသူရှိလျှင် အရေးယူမည်၊ ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်သည်ဟူ၍ ဥပဒေသတ်မှတ်ချက်မျိုးမှာ နိုင်ငံတိုင်းတွင် လိုအပ်သည်ဟု ယုံကြည်မိသည်။ 
သြစတြေးလျနိုင်ငံတွင်မူ အလားတူဖြစ်ရပ်မျိုးတွင် ရုရှားနိုင်ငံကဲ့သို့ တိုင်ကြားသူ မရှိ၍ အရေးမယူခြင်းပေလော၊ ဥပဒေတစ်ရပ်မသတ်မှတ်ထားခြင်းကြောင့်ပေလော၊ တစ်ဦးဦးက ထိုသို့သော ကိစ္စကို သက်ဆိုင်ရာသို့ တိုင်ကြားလျှင် အချိန်ကုန်၊ ငွေကုန်၊ လူပမ်းဖြစ်မည်ကို တွေးကြောက်နေ၍ပေလော ... မိမိအနေဖြင့် သို့လော သို့လော တွေးတောရင်းသာ … ။ ။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၈၊ ၁၂၊ ၂၀၁၆

No comments:

Post a Comment