Monday 3 October 2016

ဘုရားသခင်က ဆရာတွေကို ဘာကြောင့်ဖန်ဆင်းခဲ့ပါ့


ဘုရားသခင်က ဆရာတွေကို ဖန်ဆင်းပေးတာဟာ
လူသားတွေအတွက် မိတ်ဆွေကောင်းတွေ ပေးတာပါ။
ဘုရားသခင်ဖန်ဆင်းတဲ့ ကမ္ဘာလောကကြီးကို လူတွေနားလည်ဖို့၊
မြင်မြင်သမျှအရာတိုင်းရဲ့ ပသာဒနဲ့အဗ္ဘုတရသကို
အမှန် နားလည်စေဖို့နဲ့
လေ့လာတွေ့ရှိမှုတိုင်းနဲ့အတူ
ပိုမိုကောင်းမြတ်တဲ့ လူသားတွေဖြစ်လာစေဖို့
ဒီမိတ်ဆွေကောင်းတွေက စွမ်းဆောင်ပေးသပေါ့။
.
ဘုရားသခင်က ဆရာတွေကို ဖန်ဆင်းပေးတာဟာ
လူသားတွေအတွက် လမ်းပြကောင်းတွေ ပေးတာပါ။
လူ့ဘဝမှာ ရှင်သန်နေထိုင်ရမယ့် နည်းလမ်းတွေကို ညွှန်ပြပြီး
အမှားကိုရှောင် အမှန်ဆောင်နိုင်ဖို့
ဘယ်ပုံဘယ်နည်း စခန်းသွားရမယ်ဆိုတာ
လူသားတွေ ဆုံးဖြတ်တတ်စေဖို့၊
ကိုယ့်ဘဝကိုယ် ဦးဆောင်နိုင်အောင် ခေါင်းဆောင်ပေးရင်း
လောကဓံမုန်တိုင်းကြားမှာ သက်လုံကောင်းအောင်ကြိုးစားနည်း ပေးဖို့
ဒီလမ်းပြကောင်းက လမ်းညွှန်ပြသပေးသပေါ့။
.
ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ဥာဏ်တော်၊ မေတ္တာတော်နဲ့
ဆရာတွေကို ဖန်ဆင်းပေးတဲ့ အကြောင်းရင်းက
ပိုမိုကောင်းမွန်တဲ့၊ ပိုပြီးပညာရှိတဲ့ ကမ္ဘာလောကကို
လူသားတွေ ဖန်တီးတတ်အောင် ကူညီပေးဖို့ပါပဲ။
.
Trs: ဇွဲသစ် (ရမ္မာမြေ)
၎၊ ၁၀၊ ၂၀၁၆

No comments:

Post a Comment