Tuesday 4 October 2016

အပြစ်ဆိုခြင်းလို့ မမှတ်စီချင်ပါ (လေးတောင်မဂ္ဂဇင်းပါ ဆောင်းပါးနှစ်ပုဒ်နန့်ပတ်သက်ပနာ ဝေဖန်တင်ပြချက်)

ဟိုနိက ကျောင်းဆရာညီချေတစ်ယောက်နန့် အွန်လိုင်းကတစ်ဆင့် စကားလှမ်းပြောဖြစ်ကတ်တေ။ သူက မဂ္ဂဇိန်းမာပါရေ အကျွန့်ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရေလို့ ဆိုပါရေ။ ယေခါ တစ်ဆက်တစ်စပ်တည်း ဇာပိုင် သဘောရလဲ၊ ပပွင့်လလင်း ဝီဖန်ပီးပါ လို့ဆိုခါ သူက ပြောပါရေ။ "ဖတ်လို့တော့ ကောင်းယင့်အစ်ကို။ ယေလေး စာရီးသူဧ။်အမြင်ဆိုရေ ဝတ္ထုဝီဖန်ချက်ပိုင်းကို ဝတ္ထုအစိတ်အပိုင်းလို့ ထင်လခပါရေ။ ခေါင်းစဉ်တပ်ထားစွာ မသေချာလို့ဖြစ်ဖို့" လို့ သူက ဆိုပါရေ။ ပြီးကေ သူက ယင်းစာမျက်နှာကို ဓာတ်ပုံရိုက်ပနာ ပို့ပီးပါရေ။ ယင်းစာမျက်နှာကို ကြည့်ပနာ နောက်ထပ်ပြောစရာတစ်ချို့ပါ ပေါ်လာလို့ ဒေစာကို ရီးပါရေ။ မဂ္ဂဇိန်း တည်းဖြတ်သူအဖွဲ့ကို အပြစ်ပြောခြင်းမဟုတ်ပါ။ ဝီဖန်တင်ပြခြင်းသက်သက်ရာ ဖြစ်ပါရေ။ မဂ္ဂဇိန်းပြန်လည်ထွက်ပေါ်နိုင်ရေးအတွက် အချိန်ကုန်လူပမ်းခံပေါ် ကြိုးစားပီးခကတ်တေ အဖအရွယ်၊ အစ်ကိုကြီးအရွယ် ပုဂ္ဂိုလ်ကြီးတိကို လေးစားကျေးဇူးတင်ပါကြောင်း ပထမဆုံး ပြောလိုပါရေ။ 
မဂ္ဂဇိန်းမာပါရေ ဒေဆောင်းပါးဧ။် ပထမစာမျက်နှာနန့် (အဂုပုံပါ) နောက်ဆုံးစာမျက်နှာကိုရာ အကျွန် မြင်ဖူးသိရေအတွက် ဒေထဲက အကြောင်းအရာတစ်ချို့ကိုရာ တင်ပြချင်ပါရေ။ ဒေဆောင်းပါးကိုပို့ခါ "ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်း (၃)" လို့ ခေါင်းစဉ်တပ်ခပါရေ။ "နိဒါန်း၊ ဝတ္ထုအကျဉ်း၊ ဝတ္ထုအပေါ် စာရေးသူဧ။် အမြင်" ဆိုရေ သုံးပိုင်းနန့် တင်ပြထားပါရေ။ ယေဒါလေး မဂ္ဂဇင်းထွက်လာရေခါ "မူရင်းခေါင်းစဉ်နန့် နိဒါန်း" ပျောက်နီရေအပြင် "ဝတ္ထုအကျဉ်း" ဆိုစွာကိုပါ ဖြုတ်ပြီးကေ "ရမ်းဗြဲဧ။် ဆည်းဆာ" လို့ရာ ခေါင်းစဉ်တပ်ထားပါရေ။ ဒေအထိ ပြဿနာမဟိပါသိ။ ရှေ့မာ ဖြုတ်ထားဟာနန့်အညီ ဆောင်းပါးနောက်ပိုင်းမာလေး သင့်တော်ရေပိုင် ဆိကေ ပြင်ဆင်တည်းဖြတ်လို့ရနိုင်သိလို့ ဖြစ်ပါရေ။
ယေဒါလေး နောက်ဆုံးပိုင်းမာ ပြင်ဆင်တည်းဖြတ်စွာတစ်ချို့က မသင့်တော်ရေအပြင် စာဖတ်သူကိုပါ ထင်ယောင်ထင်မှား ဖြစ်စီနိုင်ရေ အခြေအနေ ဖြစ်လခပါရေ။ စာရီးသူဟာ ဒေဝတ္ထုကို ဘာသာပြန်ခြင်းမဟုတ်ပါ။ ယေဒါလေး တည်းဖြတ်သူ ပြင်ဆင်ထားရေ မဂ္ဂဇင်းပါဆောင်းပါးမာ (စာရီးသူက) "ဘာသာပြန်ဖော်ပြ" လို့ ဖြစ်နီပါရေ။ အမှန်က ဘာသာပြန်ခြင်းမဟုတ်ပါ။ အင်္ဂလိပ်ဘာသာနန့်ရီးထားရေ ဝတ္ထုလတ်တစ်ခုလုံးကို Penguin Ladder Series မာ ဝတ္ထုအကျဉ်းရီးရေပုံစံမျိုးနန့် မူလရသမပျက်စီဘဲ အကျဉ်းရီးသားတင်ပြထားခြင်း (Abridgement) ရာ ဖြစ်ပါရေ။ ဘာသာပြန်ခြင်းနန့် ဝတ္ထုအကျဉ်းရီးခြင်း မတူပါ။ အကျွန် လိလာမှတ်သားဖူးသလောက်ဆိုရကေ ဘာသာပြန်ခြင်းမာ တိုက်ရိုက်ဘာသာပြန်ဆိုခြင်းနန့် ညှိယူဘာသာပြန်ဆိုခြင်းလို့ ဟိပါရေ။ ဝတ္ထုအကျဉ်းအဖြစ် ကိုယ့်စကားနန့်ကိုယ် တင်ပြခြင်းဟာ ဘာသာပြန်ဆိုခြင်းထဲမာ အကျုံးမဝင်ပါ။ Penguin Ladder Series, Longman Series စရေ ဂန္တဝင်ဝတ္ထုကြီးတိကို မူလရသမပျက်စီဘဲ အင်္ဂလိပ်ဘာသာနန့် ဝတ္ထုအကျဉ်း ရီးသားတင်ပြထားစွာတိ ကမ္ဘာ့စာပီမာ တွင်တွင်ကျယ်ကျယ် ဖြစ်နီစွာ ကြာပါယာ။ ယင်းပိုင် ဝတ္ထုအကျဉ်းရီးရေ ရည်ရွယ်ချက်က ကမ္ဘာကျော်ဝတ္ထုကြီးတိကို စကားလုံးလွယ်လွယ်နန့် စာဖတ်သူတိအကြား များများရောက်ပြီး မူလရသကို ခံစားနိုင်ယောင် ကြိုးပမ်းခြင်းဖြစ်တေလို့ နားလည်မိပါရေ။ ယေနန့် "ဘာသာပြန်ဖော်ပြလိုက်ပါသည်" ဆိုပြီးကေ စကားလုံးသုံးလိုက်ခြင်းက စာရီးသူအပေါ်လည်း အပြစ်မကင်းရေပိုင် ခံစားရစီပါရေ။ စာဖတ်သူရှုထောင့်က ကြည့်ရေခါလေး (မူရင်းဝတ္ထုလတ်ကို သိသူ၊ ဖတ်ဖူးရေ စာဖတ်သူဆိုပါကေ) စာရီးသူကို "ဘာသာပြန်ရေ" ဆိုပြီး လိမ်ညာရီးသားသူလို့ ထင်လားနိုင်ပါရေ။ ယေနန့် ယင်းပိုင် မသုံးနှုန်းသင့်ရေ စကားလုံးလို့ ဆိုခြင်း ဖြစ်ပါရေ။ "ဘာသာပြန်ဖော်ပြလိုက်ပါသည်" အစား စာမူဧ။်မူရင်းအတိုင်း "အကျဉ်းချုပ် တင်ပြလိုက်ပါသည်။" ဆိုကေ အမှန်အတိုင်း ဖြစ်ခပါဖို့။

နောက်တစ်ချက်က Sunset on Ramree (ရမ်းဗြဲဧ။် ဆည်းဆာ) ဝတ္ထုလတ်ကို ရီးရေ စာရီးဆရာ Robert Appleton ကို အကျွန် "ရော့ဘတ် အက်ပယ်တန်" လို့ရာ အသံဖ,လှယ်ပါရေ။ ယေဒါလေး မဂ္ဂဇိန်းစာမျက်နှာထက်မာ "အက်ပတန်" ဖြစ်နီပါရေ။ ဒေနီရာမာလေး တည်းဖြတ်သူ မပြောင်းလဲသင့်ရေ စကားတစ်လုံးဖြစ်ပါရေ။ အင်္ဂလိပ်ပုဂ္ဂလနာမ်စားတိကို ဘာသာပြန်ရေအခါမာ မြန်မာဘာသာပြန်အကျော်အမော်ဆရာကြီးတိဧ။် အဆိုအရ "မြန်မာ့နားနန့် ကိုက်ညီဆီလျော်ရေ အနီးစပ်ဆုံးအသံနန့် ဖ,လှယ်ပြန်ဆိုသင့်ရေ" လို့ ဆိုထားစွာကို ဖတ်မှတ်ဖူးပါရေ။ ယေဒါလေး ဘာသာပြန်အကျော်အမော်တိ၊ စာရီးဆရာကြီးတိဧ။် အင်္ဂလိပ်ပုဂ္ဂလနာမ်စားတစ်ခုတည်းအပေါ် ဘာသာပြန်ဆိုချက် မတူညီမှုတိ ဟိတတ်တေဆိုစွာ အားလုံးအသိပါ။ တစ်နည်းဆိုရကေ သူ့မူနန့်သူ ဘာသာပြန်ဆိုခြင်းတိ ဖြစ်ပါရေ။ ဥပမာ - ဒဿနပညာရှင် Socrates ကို ဆရာကြီးနန္ဒာသိန်းဇံက "ဆော့ခရတ္တိ" လို့ အသံဖ,လှယ်တတ်ကေလေး ပုံမှန်အားဖြင့် "ဆိုကရေးတီး" ဆိုပြီးကေ အများသိကတ်ပါရေ။ ကျောင်းသင်ရိုးပါ အသုံးကလည်း " ဆိုကရေးတီး" ဖြစ်ပါရေ။ အကျွန်ရို့ အငယ်ချေခါက ယင်းသင်ခန်းစာကို ပထမဦးဆုံး သင်ရခါ "ဆို၊ က၊ ရေး၊ တီး" ပြိုင်ပွဲရာ ကြားဖူးထားလို့ "ဆို၊ က၊ ရေး၊ တီး" ဆိုပြီး အသံထွက်ပနာ မုတ်ဆိတ်မွီးထထူနန့် လူပုံကို မျက်မှောင်ကျုံ့လို့ ကြည့်ဖူးခပါရေ။ ယေဒါလေး သိလာရေခါ "ဆိုကရေးတီး" ဆိုရေအသံကို လူတိ ပိုလို့ "အာတွိ" ကတ်စွာ လတ်ပြုမိလာပါရေ။ ဇာပိုင်ပင်ဖြစ်ဖြစ် Socrates နာမေတစ်ခုတည်းကိုတောင် ဆရာကြီးနန္ဒာသိန်းဇံပိုင် ဘာသာပြန်မူခွဲတိလေး တခြားဘာသာပြန်အကျော်အမော်တစ်ချို့က သုံးခကတ်စွာ တွိနိုင်ပါသိရေ။ ယေနန့် Robert Appleton ကို "ရောဘတ် အက်ပယ်တန်" လို့ အသံဖ,လှယ်ထားခြင်းကို ပြောင်းလဲလိုက်စွာရေ မဖြစ်သင့်လို့ ဆိုရခြင်းပါ။
နောက်ဆုံးပြောလိုစွာတစ်ခုက မဂ္ဂဇိန်းပါ နောက်ဆောင်းပါးတစ်ပုဒ်ဖြစ်တေ Kowtongrait and Two Dragon Brothers ဒဏ္ဍာရီဘာသာပြန် ထဲက မပြင်သင့်ရေ စကားလုံးတစ်ခုအကြောင်း ဖြစ်ပါရေ။ အင်္ဂလိပ်ဘာသာပြန်အဆုံးမာ မူရင်းရီးသူ ရခိုင်သမိုင်းသုတေသီ "အရှင်စက္ကိန္ဒ" ကို ရခိုင်သံပါယောင် "Ashon Sekkeinda" လို့ ဘာသာပြန်ထားစွာကို "Ashin Sekkeinda" ဆိုပြီး ဗမာသံနန့် ပြင်ဆင်ထားစွာ တွိရပါရေ။ ယင်းအင်္ဂလိပ်ဘာသာပြန်မာ Personal pronoun တိကို အကျွန် ရခိုင်သံနန့် တောက်လျှောက် ပေါင်းလာခြင်း ဖြစ်ပါရေ။ ဆောင်းပါးထဲမာ စာလုံးအကျအပေါက် အားနည်းချက် ဆိကေ ဟိကေလေး ယင်းရခိုင်သံနန့်ပေါင်းထားရေ အင်္ဂလိပ်နာမေတိက မူရင်းအတိုင်း ဟိနီစွာတစ်ခုတော့ ဝမ်းသာစရာပါ။ ယေဂေလေး နောက်ဆုံးနားမာ မူရင်းရီးသူ ဆရာတော်ကြီးကို ရခိုင်သံနန့်ရည်ညွှန်းခေါ်ဝေါ်စကားလုံး Ashon ကို Ashin ဆိုပြီး ပြောင်းလိုက်ခြင်းက စာတစ်ပုဒ်လုံးကို အကျည်းတန်စီရေလို့ အကျွန် ခံစားမိပါရေ။ ဇာကြောင့် ယင်းပိုင် စာလုံးပေါင်းလိုက်လေး အကျွန် မသိပါယာ။ အားမရဖြစ်မိစွာတော့ အမှန်ပါ။
ဒေစာနိဒါန်းမာ ဆိုခရေအတိုင်း ကိုယ်နန့်ဆိုင်ရေလောက်ရာ အကျွန် ဝေဖန်သုံးသပ်တင်ပြခြင်း ဖြစ်ပါရေ။ ဝေဖန်သုံးသပ်တင်ပြခြင်းဟာ အပြစ်တင်ခြင်း မဟုတ်ပါ။ အစမာ ဆိုခရေပိုင် အနစ်နာခံပြီး လုပ်ပီးခ၊ လုပ်ပီးနီကတ်တေ ဆရာကြီးတိအားလုံးကို လေးစားကျေးဇူးတင်ပါယင့်။ အမှားနန့် မကင်းနိုင်စွာ အကျွန် နားလည်ပါရေ။ အကျွန်ကိုယ်တိုင် မဂ္ဂဇင်းတစ်စောင်ကို တခြားဆရာ၊ ဆရာမ၊ ကျောင်းသူ၊ကျောင်းသားတိနန့် ပေါင်းပြီးကေ ထုတ်ဝီခကတ်ခါလေး အဝေဖန် ခံရဖူးပါရေ။ ယေဂေလေး အမှားတိကို ဝေဖန်ထောက်ပြခြင်းတိထဲကနီ အကျွန် သင်ယူစရာတိ အများကြီး ရခဖူးပါရေ။ အားလုံး အမှားတိ ဟိဖူးကေလေး နောင်အနာဂတ်မာ ပိုကောင်းယောင် ပြုပြင်နိုင်ဖို့ ရက်ပြတ် ကြိုးစားနီကတ်ရဖို့လို့ အကျွန် ယုံကြည်မိပါရေ။
လေးစားစွာ
ဇွဲသစ် (ရမ္မာမြီ)
၎၊ ၁၀၊ ၂၀၁၆

No comments:

Post a Comment