![]() |
Photo credit: http://jaysonchristinejoy.blogspot.com.au/2014/06/3idiots-bollywood-2009-movie-that.html |
မနေ့က စတေးတပ်တစ်ခုတင်ခဲ့တယ်။
အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံ နဲ့ ဘောပင်၊
ခဲတံအကြောင်း။
အဲဒီမှာ ကျွန်တော့် မိတ်ဆွေတစ်ယောက်က 3
Idiots ဇာတ်ကားအကြောင်း ပြောဖြစ်ခဲ့တယ်။
အဲဒီကားထဲမှာပါတဲ့ စကားပြောခန်းတွေမှာ ကျွန်တော်ရေးထားတဲ့
အကြောင်းအရာပါနေတယ်တဲ့လေ။
ကျွန်တော်လည်း ဒီနေ့ ညနေပိုင်းပဲ အဲဒီဇာတ်ကားကို
ဝယ်ကြည့်လိုက်တယ်။
အိန္ဒိယနာမည်ကျော် မင်းသမီး ကရီနာကာပူး ပါတော့
ပိုတောင်ကောင်းသေးတယ်။
အဓိကမင်းသားက တကယ်ကို သရုပ်ဆောင် ပီပြင်တယ်။
အရူးသုံးယောက် ဆိုတဲ့အတိုင်း မင်းသားသုံးယောက်
ပျော်ပျော်နေတတ်တဲ့ စရိုက်ကို သရုပ်ဆောင်ထားတယ်။
အဓိကမင်းသားက သူများနဲ့မတူ တမူထူးခြားသူ၊ ဥာဏ်ကြီးရှင်တစ်ယောက်။
သမရိုးကျ အတွေးမျိုးက ခွဲထွက်ချင်သူ။
နောက်တစ်ယောက်က အရာရာကို စိုးကြောက်တတ်သူ။
နောက်ဆုံးတစ်ယောက်က ဓာတ်ပုံဆရာဝါသနာထုံပေမယ့်
မိဘဆန္ဒအရ အင်ဂျင်နီယာကျောင်းရောက်လာခဲ့သူ။
သူတို့သုံးယောက်က ဘယ်သွားသွား၊ ဘယ်စားစား တတွဲတွဲ...
အားလုံး အတန်းတူ အင်ဂျင်နီယာကျောင်းသားတွေ။
ကျောင်းအုပ်ကြီးက စည်းကမ်းတင်းကျပ်သလောက်၊
စာအုပ်ကြီးသမား။
သူ့ကြောင့်ဘဝပျက်သွားသူတွေလည်းမနည်း၊ သတ်သေသွားသူတွေလည်းရှိပါတယ်။
အဓိကမင်းသားက ငယ်ငယ်ကတည်းက အင်ဂျင်နီယာတစ်ယောက်
ဖြစ်ချင်ခဲ့သူ။ ကြိုးစားခဲ့သူ။
အများနဲ့မတူတော့ အများက ဂျစ်ကန်ကန်လို့သတ်မှတ်ခြင်းခံရသူ။
ထိုသူတစ်ယောက်က... သူများတွေအပေါ် ဘယ်လိုမျိုး
အကျိုးပြုခဲ့နိုင်ပုံ၊ သူ့ကို အမုန်းဆုံးကျောင်းအုပ်ကြီးရဲ့ သမီးလေးကို ချစ်ကြိုက်လာအောင်
ဖမ်းစားနိုင်ခဲ့ပုံ၊ ဘယ်လို ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးဖြစ်သွားခဲ့ပုံ၊ ပြိုင်ဘက်ကို
အာဃာတမထားဘဲ အနိုင်ယူနိုင်ခဲ့ပုံ၊ အကြီးမားဆုံးအောင်မြင်မှုကတော့ သူ့ကို အမုန်းဆုံး
ကျောင်းအုပ်ကြီးကို သူ့အပေါ်အလေးစားဆုံးဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပုံ။
ကျွန်တော် ဒီကားကို ကြည့်အပြီး ကျေနပ်မှုနဲ့
သက်ပြင်းချခဲ့မိတယ်။ သက်ပြင်းချတာ အများအားဖြင့် စိတ်ညစ်လို့ ကျွန်တော်ချလိုက်တဲ့ သက်ပြင်းက
စိတ်ကြေနပ်လွန်းလို့။
ဒီဇာတ်ကားကို ကျောင်းဆရာတွေ အဓိက ကြည့်သင့်တယ်။
မိတ်ဆွေကောင်းဆိုတာဘာလဲလို့ အဖြေရှာနေသူတွေ
ကြည့်သင့်တယ်။
ကိုယ်ဘာဖြစ်ချင်တာလဲ၊ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေတာကိုက်ညီမှုရှိရဲ့လားလို့
ဒွိဟဖြစ်နေသူတွေ ကြည့်သင့်တယ်။
ကိုယ်ဝါသနာပါမှ ထူးချွန်မယ်ဆိုသူတွေ ကြည့်သင့်တယ်။
ဆုံးဖြတ်ချက်ဝေဝါးတတ်သူတွေ ကြည့်သင်တယ်။
အထူးသဖြင့် သားသမီးတွေ ဘာဖြစ်ချင်မှန်းမသိဘဲ
အတင်းဆရာဝန်ဖြစ်ရမယ် ဆိုပြီး တွန်းအားပေးတတ်သူတွေ ကြည့်သင့်တယ်။
ကျွန်တော် ဒီကားကို ကြည့်လိုက်လို့ ကုန်ဆုံးသွားတဲ့
အချိန်တွေကို Well-spent လို့ပဲ ဆိုချင်တယ်။
ဒီထဲက ဘဝအသိတွေတပွေ့တပိုက်ကြီး ရလိုက်ပါတယ်။
မိတ်ဆွေများလည်း ကြည့်ဖြစ်အောင်ကြည့်လိုက်စမ်းစေချင်ပါဘိ။
By: ဇွဲသစ် (ရမ္မာမြေ)
၁၊ ၇၊ ၂၀၁၃ (တနင်္လာနေ့)
No comments:
Post a Comment