![]() |
Photo credit: http://www.guideformyanmar.com/rakhine.html |
ရမ်းဗြဲကျွန်းသည် မြန်မာနိုင်ငံဧ။်အနောက်ဖက်တွင် တည်ရှိပြီး စတုရန်းကီလိုမီတာ ၁၃၅၀ ကျယ်သော မြန်မာနိုင်ငံဧ။် အကြီးဆုံးကျွန်းဖြစ်သည်။ စင်ကာပူနိုင်ငံဧ။် နှစ်ဆနီးပါးကျယ်ဝန်းသည်။ သဘာဝသယံဇာတများကြွယ်ဝသော ရမ်းဗြဲကျွန်းသည် ယခုအခါ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့်လည်း နာမည်ကြီးသည်။ သို့သော် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံပြည်သူများဧ။် ညည်းညူသံများကို ကြားနေရဆဲပင်။
ရမ်းဗြဲကျွန်းသည် ဒုတိယကမ္ဘာစစ်အတွင်း ၁၉ ၄၅ ခုနှစ်က ဂျပန်စစ်တပ်နှင့် မဟာမိတ်တပ်တို့အကြား ဖြစ်ပွားခဲ့သော ရမ်းဗြဲကျွန်းတိုက်ပွဲကြောင့်လည်း နာမည်ကြီးသည်။ ကမ္ဘာ့လူအများဧ။် စိတ်တွင် ထင်ထင်ရှားရှား ရှိနေစေသည့် ဖြစ်ရပ်တစ်ခုမှာ မဟာမိတ်တပ်များကြောင့် တောတွင်းသို့ ဆုတ်ခွာသွားကြသော ဂျပန်စစ်သား ၁၀၀၀ ခန့်ကို ရေငန်မိချောင်းများက ကိုက်ဖြတ်စားသောက်ပစ်ကြသည့် ဖြစ်ရပ်ပင် ဖြစ်သည်။ ကမ္ဘာဂင်းနစ်မှတ်တမ်းကြီးက ကမ္ဘာပေါ်တွင် တိရစ္ဆာန်ကြောင့်ဖြစ်သော လူသေအများဆုံးဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ထားသည်။ ထိုဖြစ်ရပ်က ကမ္ဘာ့တစ်ဝှမ်းမှ စာရေးဆရာများကို ညှို့ယူဖမ်းစားနိုင်ခဲ့သည်။ ၄င်းတို့က ထိုဖြစ်ရပ်ကို ဝတ္ထုရှည်၊ ဝတ္ထုလတ်စသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖန်တီးလာကြသည်။ ကမ္ဘာ့စာဖတ်ပရိသတ်တို့ကလည်း ထိုဖြစ်ရပ်ကို စိတ်ဝင်စားကြသည်။ ရေးခဲ့ပြီးသော စာအုပ်များထဲမှ အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
1) Sunset on Ramree (Robert Appleton)
(ရမ်းဗြဲကျွန်းပေါ်မှ နေဝင်ဆည်းဆာ)
2) The Mangroves (John L. Cambell)
(လမုတော)
3) Meat (Lee Laughead)
(အသား)
4) Dragon of the Mangroves (Yasuyuki Kasai)
(လမုတောမှ ရေနဂါး)
၎င်းတို့အနက်မှ "Sunset on Ramree" (ရမ်းဗြဲကျွန်းပေါ်မှ နေဝင်ဆည်းဆာ) စာအုပ်မှာ ၂၀၁၁ ခုနှစ်တွင် EPIC Award ဆုကို ဆွတ်ခုူးရရှိခဲ့သော စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်သည်။ နံပါတ် (၄) စာအုပ်မှာ ဂျပန်လူမျိုး စာရေးဆရာ ရေးခဲ့သော ဝတ္ထုကောင်းတစ်အုပ်ဖြစ်သည်။ နံပါတ် (၁) နှင့် နံပါတ် (၃) တို့မှာ ဝတ္ထုလတ်အမျိုးအစားဖြစ်ပြီး၊ ကျန်နှစ်ခုမှာ ဝတ္ထုရှည်များဖြစ်သည်။
ယခုအခါ ထိုအကြောင်းကို ဟောလိဝုဒ်မှ ရုပ်ရှင်ကုမ္ဗဏီတစ်ခုက လာရောက်ရုပ်ရှင်ရိုက်ကူးတော့မည်ဟု (၂၆၊၃၊၂၀၁၅) ရက်စွဲပါ ပြည်မြန်မာဂျာနယ်သတင်းတစ်ခုအရ သိရသောကြောင့် ဝမ်းသာမိသည်။ ထိုကမ္ဘာကျော်လာမည့် ရုပ်ရှင်တွင် မိမိဧ။် ဇာတိဖြစ်သော ရမ်းဗြဲကျွန်းဧ။် အလှအပများကို အခြားစိတ်လှုပ်ရှားဖွယ် ဇာတ်ဝင်ခန်းများနှင့်အတူ ကြည့်ရှုခံစားနိုင်တော့ပေမည်။
By: ဇွဲသစ် (ရမ္မာမြေ)
၅.၅.၂၀၁၅ (အင်္ဂါနေ့)
No comments:
Post a Comment