Tuesday 3 May 2016

"လမုတော" (The Mangroves) ဝတ္ထုအပေါ် စာရေးသူဧ။် အမြင်


အမေရိကန်စာရေးဆရာ ဂျွန် စီ ကန်ဘဲမှာ အောင်မြင်သော တစ္ဆေသရဲဝတ္ထုရေးသူဖြစ်သည်။ ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော သူဧ။် အိုမီဂါနေ့ရက်များ (Omega Days) အမည်ရှိ တစ္ဆေသရဲစာအုပ်က သူ့ကို နေ့ချင်းညချင်း အောင်မြင်မှုရရှိစေခဲ့ပြီး ယခုအခါ ထိုဝတ္ထုဧ။်နောက်ဆက်တွဲ လေးအုပ်မြောက်စာအုပ်ကို ထုတ်ဝေနိုင်တော့မည်အထိ အောင်မြင်ခဲ့သည်။ ထိုသို့ သရဲတစ္ဆေဝတ္ထု ရေးသားရာတွင် လက်စွမ်းထက်လှသည့် ကန်ဘဲမှာ ရမ်းဗြဲကျွန်းပေါ်မှ ကမ္ဘာကျော်ဖြစ်ရပ်ကို အခြေခံသည့် ဤသမိုင်းနောက်ခံဝတ္ထုကို ရေးသားရာတွင်လည်း သူဧ။် လက်ဖျားခါလောက်သည့် ရေးသားတင်ပြမှုစွမ်းရည်ဖြင့် အလွန်စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းဇာတ်ကွက်များကို ဖန်တီးနိုင်ခဲ့သည်ဟု ဆိုရမည်ပင်။ ဝတ္ထုမှာ ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ သုံးရက်တာကာလအတွင်း အဖြစ်အပျက်များကို အသေးစိပ်ခြယ်မှုန်းထားသော်လည်း အရေးအသားကောင်းခြင်း၊ စိတ်ဝင်စားဖွယ်ကောင်းခြင်းတို့ကြောင့် စာဖတ်သူများကို ဝတ္ထုအဆုံးထိ လက်မှမချတမ်း ဖတ်ဖြစ်သွားအောင် ဆွဲခေါ်သွားနိုင်စွမ်းရှိသည်။ ဗြိတိသျှတို့ဧ။် ဗုံးကြဲလေယာဉ်များမှ ကြဲချသော ဗုံးဒဏ်၊ စစ်သင်္ဘောများမှ အမြောက်ဖြင့်ပစ်သည့်ဒဏ်များအကြား ကင်း၊ ကင်းမြီးကောက်၊ မိကျောင်းတို့ဖြင့် ပြွန်းတီးသည့် လမုတောရွှံပြင်ကို နေ့ညမရှောင် မောကြီးပမ်းကြီး ဖြတ်ကျော်ခဲ့ကြရသည့် ဂျပန်များမှာ လောကငရဲထဲသို့ ရောက်သွားသည်နှင့် တူအောင် သူ ရေးဖွဲ့နိုင်ခဲ့သည်။
ဤဝတ္ထုကို ရေးသားရာတွင် ဂျပန်ဗိုလ်ကလေးရှိုဂျီနေရာမှ ခံစားရေးဖွဲ့ထားသည်။ ဗိုလ်ကလေးရှိုဂျီဧ။် တာဝန်ယူတတ်သည့် စိတ်၊ ခေါင်းဆောင်ကောင်းပီသသည့် စရိုက်တို့ကို ပေါ်လွင်စေသည့်အပြင် နောက်ဆုံး၌ မိမိကို သေနတ်ဖြင့်ချိန်ထားသည့် ရန်သူဗြိတိသျှစစ်သားကိုပင် မိကျောင်းလာနေသည်ကို စိုးရိန်တကြီးသတိပေးလျက် ဘေးမဖြစ်စေလိုသော မြင့်မြတ်သည့် စိတ်ထားကိုလည်း ဖော်ပြနိုင်သည်။ တစ်ချို့နေရာများတွင် သရဲဇာတ်ကားကြည့်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်စေသည်။ အဝါရောင် ပေါက်ဖက်တစ်ကောင်ဧ။် တိုက်ခိုက်မှုအကြောင်း မပြောမီ အဝါရောင်အစင်းအကြောင်းရှိသည့် ကျားကြီးနှင့် ပက်ပင်းတိုးရမည်ကို သူ အလွန်ကြောက်ကြောင်း သရုပ်ဖော်လိုက်ခြင်းက မိမိဧ။် မျက်လုံးထဲတွင် ထိုပေါက်ဖက်ကြီးကိုပင် ကျားကြီးသဏ္ဍာန် အသွင်ပြောင်း၍ မြင်ယောင်လာမိစေသည်။
အင်တာနက်ပေါ်တွင် ဤဝတ္ထုကို ဝယ်ယူနိုင်သည့် Amazon ဝက်ဘ့ဆိုဒ်ရှိ ဝတ္ထုအညွှန်းအောက်မှ စာဖတ်သူများဧ။် ထင်မြင်သုံးသပ်ချက်များမှာလည်း အလွန်ကောင်းသည်။ စာဖတ်သူတစ်ဦးကဆိုလျှင် ဒုတိယကမ္ဘာစစ်အတွင်း ရမ်းဗြဲကျွန်းပေါ်မှ မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်ကိုအခြေခံ၍ ရေးဖွဲ့ထားသည့် ဖတ်ဖူးသမျှ ဝတ္ထုများအနက် အကောင်းဆုံးဝတ္ထုဖြစ်သည်ဟု မှတ်ချက်ပြုသည်။ တစ်ဦးကမူ အဖြစ်အပျက်များကို ဆက်တိုက် သရုပ်ဖော်ထားသော်လည်း ရိုးအီမသွားပါဟု ဆိုသည်။ မည်မျှဆိုးဝါးသော အန္တရာယ်များကို ဖြတ်ကျော်ရပါစေ နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူ (၂၀) ဦးခန့်ထဲတွင် ဇာတ်ဆောင် ဗိုလ်ကလေးရှိုဂျီ ပါပါစေဟု ဝတ္ထုဖတ်ရင်း မျှော်လင့်ဆုတောင်းနေမိကြောင်း စာဖတ်သူတစ်ဦးက မှတ်ချက်ရေးထားသည်။ စာရေးသူမိမိကိုယ်တိုင်လည်း ဝတ္ထုဖတ်ရင်း ဗိုလ်ကလေးရှိုဂျီ အသက်ရှင်ပါစေဟု ဆုတောင်းနေခဲ့မိသည်မှာ အမှန်ပင်။ အခြားစာဖတ်သူတစ်ဦးကဆိုလျှင် ဤဝတ္ထုကို ဖတ်ပြီးနောက် ရမ်းဗြဲကျွန်းပေါ်မှ ထိုဖြစ်ရပ်အကြောင်း ပို၍ လေ့လာဖတ်ရှုဖြစ်သွားအောင် သူ့ကို တွန်းအားပေးခဲ့သည်ဟု ဆိုသည်။ စာဖတ်သူအချို့က ဤဝတ္ထုကို ဖတ်ရှုပြီးနောက် အလွန်ကြောက်စရာကောင်းလှသော ရမ်းဗြဲကျွန်းသို့ ဘယ်သောအခါမှ မသွားရောက်လိုကြောင်း တူးတူးခါးခါး ဆိုထားပြန်သည်။
ယခုဆောင်းပါးအထိ စာရေးသူတင်ပြလာခဲ့သော ဝတ္ထုများမှာ ရမ်းဗြဲကျွန်းပေါ်မှ မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို အခြေခံထားသည့် တွေ့မိသမျှ ကမ္ဘာကျော်စာရေးဆရာများဧ။် ဝတ္ထုများ ဖြစ်သည်။ ယခင်ဆောင်းပါးအပိုင်း (၃) တွင် ဒုတိယကမ္ဘာစစ်အတွင်း မိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်ကြောင့် ရမ်းဗြဲကျွန်းသည် ကမ္ဘာပေါ်၌ အန္တရာယ်အများဆုံးကျွန်းများအနက် နံပါတ် (၂) အဖြစ်သော်လည်းကောင်း၊ နံပါတ် (၃) အဖြစ်သော်လည်းကောင်း သတ်မှတ်ခံရကြောင်း တင်ပြခဲ့သည်။ ထိုသို့ ကြောက်စရာအကောင်းဆုံးကျွန်းတစ်ကျွန်းအဖြစ် သတ်မှတ်ခံရမှုသည် ထိုသမိုင်းဝင်ဖြစ်ရပ်ကို ကမ္ဘာကျော်ဂင်းနစ်မှတ်တမ်းကြီးက “တိရစ္ဆာန်ကြောင့်ဖြစ်သော လူသေအများဆုံးဖြစ်ရပ်” အဖြစ် မှတ်တမ်းတင်ထားခဲ့ခြင်း၊ ကမ္ဘာကျော်စာရေးဆရာကြီးများဧ။် ထိုဖြစ်ရပ်နောက်ခံ သည်းထိပ်ရင်ဖိုဝတ္ထုများ ရေးဖွဲ့ဖန်တီးမှုများဧ။် အကျိုးဆက် ဖြစ်သည်ဟု ဆိုနိုင်ပေမည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအဖို့ ရမ်းဗြဲကျွန်းသည် သူတို့ခရီးစဉ်တွင် မထည့်ဖြစ်စေရန် တမင်တကာ သတိထားရှောင်ကွင်းစရာ ဖြစ်စေမည်ပင်။ ယနေ့ခေတ်တွင် ရမ်းဗြဲကျွန်းပေါ်၌ မိကျောင်းများမတွေ့ရသည်မှာ ဆယ်စုနှစ်အတော်များများရှိပြီဆိုသည့်အချက်ကို သူတို့ မသိကြသကဲ့သို့ ကျောက်ဖြူမြို့ ကမ်းခြေအပါအဝင် ရမ်းဗြဲကျွန်းပေါ်ရှိ အခြားကမ်းခြေများဧ။် အလှအပများကို သူတို့ မမြင်ကြတော့ချေ။
ထို့ကြောင့် ယခုအခြေအနေမှန်ကို နိုင်ငံခြားသားများ သိရှိပြီး ရမ်းဗြဲကျွန်းကို ကြောက်စရာကျွန်းဟူသောအမြင်မှ ချစ်စရာ၊ သွားရောက်လည်ပတ်ချင်စရာ ကျွန်းတစ်ကျွန်းဟူသော အမြင်မှန်မျိုးပေါ်လာအောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းသင့်ပါသည်။ ထိုသို့ ချစ်စရာကျွန်းအဖြစ် နိုင်ငံခြားသားများ အမှန်အတိုင်း ရှုမြင်လာခြင်းဧ။်အကျိုးဆက်အဖြစ် ရမ်းဗြဲကျွန်းပေါ်သို့ သွားရောက်လည်ပတ်ရန် ကမ္ဘာလှည့်ခရီးသည်များ၊ နိုင်ငံတွင်းမှ ခရီးသွားများ စိတ်ဝင်စားလာပေမည်။ ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးလာမှုနှင့်အတူ ဒေသဖွံ့ဖြိုးမှုလည်း အတိုင်းအတာတစ်ခုထိ ဖြစ်လာနိုင်မည်ဟု မြင်မိပါသည်။ ထို့အပြင် သက်ဆိုင်ရာ ပညာရှင်များ (ဥပမာ - သတ္တဗေဒပညာရှင်များ) က ရမ်းဗြဲကျွန်းပေါ်တွင် ယခင်က မိကျောင်းများစွာ ရှိခဲ့သော်လည်း ယခုအခါ မျိုးတုန်းပျောက်ကွယ်သွားရခြင်းဧ။်အကြောင်းရင်းကို ထိုမိကျောင်းတိုက်ခိုက်မှုဖြစ်ခဲ့သည်ဆိုသော နေရာတစ်ဝိုက်တွင် ကွင်းဆင်းသုတေသနပြု၍ ကမ္ဘာသို့ တင်ပြနိုင်ကြလျှင် အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပြီး အကျိုးရှိမည်ဟု ယုံကြည်မိပါသည်။ ဆောင်းပါးအပိုင်း (၁) တွင် ဟောလိဝုဒ်ရှိ ရုပ်ရှင်ကုမ္ဗဏီတစ်ခုက ထိုမိကျောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို မှတ်တမ်းရုပ်ရှင် (Documentary) လာရောက်ရိုက်ကူးမည်ဟူသော သတင်းကို တင်ပြခဲ့သည်။ အလားတူပင် ကမ္ဘာကျော်ရုပ်ရှင်ကုမ္ဗဏီတစ်ခုက ဤဝတ္ထုကို အခြေခံ၍ ဇာတ်လမ်းရုပ်ရှင်ရိုက်ကူးလျှင် ကောင်းလေစွဟု စာရေးသူ တောင့်တမိသည်။ မကြာသော ကာလတစ်ခုတွင် ထိုသို့ဖြစ်လာပါစေဟုလည်း ဆုတောင်းနေမိသည်။ မည်သို့ဆိုစေ မှတ်တမ်းရုပ်ရှင်ကိုမူ မကြာမီ ကြည့်ရှုရတော့မည်ဖြစ်၍ ဝမ်းသာမိသည်မှာ အမှန်ပင် ဖြစ်ပါဧ။်။

                                                                                                               ဇွဲသစ် (ရမ္မာမြေ)

                                                                                                               3.5.2016
(ရခိုင့်တန်ဆောင်မဂ္ဂဇင်း၊ အမှတ် (၂၂) (၂၀၁၇ ခုနှစ်) သို့ ပို့ထားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။ အပြည့်အစုံကို မဂ္ဂဇင်းထွက်ပြီးနောက်မှ ဖော်ပြပါမည်။)

No comments:

Post a Comment