Wednesday 15 June 2016

စာမေးပွဲအောင်မြင်ခြင်းနှင့် ရှေ့သို့ ခြေနှစ်လှမ်းတိုးနိုင်အောင် နောက်ဆီ ခြေတစ်လှမ်းဆုတ်လိုက်သူများ



ယနေ့ (၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့) နံနက်တွင် တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်ပေပြီ။ တစ်ချို့က စာမေးပွဲရလဒ်ကို ညကတည်းက ကြိုသိပြီး ကြိုပျော်နေကြသည်ကို တွေ့ရသကဲ့သို့ မနက်မှသိပြီး မနက်မှ ပျော်ကြရသူများစွာ ရှိသည်။ မည်သို့ပင်ဖြစ်စေ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်မှုသည် မြန်မာကျောင်းသား၊ကျောင်းသူဘဝအတွက် ဘဝမှတ်တိုင်တစ်ခု ဖြစ်သဖြင့် စာမေးပွဲ အောင်မြင်သော အခါသမယသည် ဂုဏ်ယူဝမ်းမြောက်စရာ ဘဝစာမျက်နှာတစ်ခုပင် ဖြစ်ပါဧ။်။ သို့သော် တစ်ချို့ကမူ စာမေးပွဲကျရှူံးမှုကြောင့် ဝမ်းနည်းနေကြလေပြီ။ စာမေးပွဲဧ။် သဘောသဘာဝအရ အောင်မြင်သူ၊ ကျရှူံးသူများမှာ ရှိတတ်စမြဲပင်။ အထူးအဆန်းကား မဟုတ်ပါချေ။
.
ကြိုးစားမှုနှင့် တန်သော ထူးချွန်စွာ အောင်မြင်မှုကို ပိုင်ဆိုင်လိုက်ကြသူများက ပျော်ရွှင်မဆုံး ပီတိဖုံးလျက် ရှိကြဧ။်။ ထိုထူးချွန်သူတို့နှင့် နှီးနွယ်ဆက်စပ်သူများကလည်း ဂုဏ်ယူမဆုံး ချီးကျူးမဆုံးပင် ဖြစ်နေကြလေပြီ။ ကြိုးစားမှုသည် မည်သည့်အခါမှ အချည်းနှီးမဖြစ်ပါချေ။ မိမိကြိုးစားမှုကြောင့် ရလာသော အသီးအပွင့်များသည်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ကြိုးစားဖြစ်ရန် တွန်းအားများကို ပေးတတ်ကြလေသည်။ ထိုသို့ တစ်ခါထူးချွန်ဖူးသူများသည် နောင်လည်း ထူးချွန်တတ်စမြဲပင် ဖြစ်ပါဧ။်။ ထိုထိုသော မျိုးဆက်သစ်တို့အတွက် အားရစရာ၊ ပီတိဖြစ်စရာ၊ ဂုဏ်ယူစရာ အခါသမယပင် မဟုတ်ပါလော။ ထိုအောင်မြင်ထွန်းပေါက်သူများကို ပိုမိုထူးချွန်ထက်မြက်စေရန်၊ မိမိဝါသနာအရ မိမိလမ်းကိုရွေးလျှောက်စေရန်လည်း အားပေးသင့်ပေသည်။
.
တစ်ချို့သော ကျောင်းသား၊ ကျောင်းသူများကမူ စာမေးပွဲကျရှူံးကြသည်။ အများနည်းတူ သူတို့လည်း အောင်မြင်ချင်ကြပေမည်သာ။ သို့သော် ယခုမူ သူတို့ ဝမ်းနည်းမှု၊ သိမ်ငယ်မှုတို့ကို ယူကျုံးမရ ခံစားနေကြပေလိမ့်မည်။ ထိုထိုသော ကျောင်းသား၊ ကျောင်းသူများအတွက် မိဘဆွေမျိုးများ၊ ဆရာသမားများ၊ မိတ်ဆွေများကလည်း ဝမ်းနည်းနေကြမည်မှာ မလွဲပါပေ။ တစ်ချို့မိဘ၊ ညီအစ်ကိုမောင်နှမများက ထိုစာမေးပွဲကျရှူံးသူအပေါ် စာမေးပွဲကို အောင်မြင်အောင် မဖြေဆိုနိုင်ခဲ့လေခြင်းဟူ၍ ကရုဏာဒေါသဖြင့် ပြစ်တင်စကား ဆိုလျှင်ဆိုဖြစ်ကြပေမည်။ သို့သော် ထိုသို့ စာမေးပွဲကျရှူံးမှုသည် ထိုကျောင်းသား၊ ကျောင်းသူများတွင် အကြောင်းရင်းမျိုးစုံရှိကြမည်ကို စာနာနားလည်သင့်ပေသည်။ တစ်ချို့က စာမကြိုးစားသဖြင့် စာမေးပွဲကျသော်လည်း တစ်ချို့ကမူ စာကြိုးစားလျက်နှင့် သင်ယူလေ့လာကြိုးစားမှုပုံစံ မမှန်ကန်သေး၍ စာမေးပွဲကျသည်လည်း ရှိတတ်သည်။ တစ်ချို့ကမူ ဘဝပေးအခြေအနေအရ ဘဝအတွက် တစ်ဘက်က ရုန်းကန်ကြိုးစားရင်း တစ်ဘက်က စာကြိုးစားသော်လည်း စာမေးပွဲကျသည်။ ထိုစာမေးပွဲကျသည့် ကျောင်းသူ၊ကျောင်းသားများ၊ သူတို့နှင့် နှီးနွယ်ဆက်စပ်သော ပုဂ္ဂိုလ်များက စာနာနားလည်ပေးပြီး နောက်တစ်ကြိမ်ပြန်ကြိုးစားဖြစ်ရန် အားပေးကူညီလျက် အခွင့်အရေးပေးသင့်ပေသည်။ ထိုအချက်မှာ အလွန်အရေးကြီးသည်ဟု စာရေးသူ ယုံကြည်ပါသည်။
.
အထက်ပါအချက်နှင့် ပတ်သက်၍ စာရေးသူဧ။် အတွေ့အကြုံကို ပြန်လည်ဖောက်သည်ချလိုပါဧ။်။ စာရေးသူ တက္ကသိုလ်ဝင်တန်းတက်သောနှစ်သည် စနစ်သစ်သင်ရိုးကို စတင်ပြဌာန်းခဲ့သော ၂၀၀၁-၂၀၀၂ ပညာသင်နှစ် ဖြစ်သည်။ ထိုနှစ်မတိုင်မီ နဝမတန်းတက်သော ၂၀၀၀-၂၀၀၁ ခုနှစ်တွင် နဝမတန်းသင်ရိုးသစ် စပြောင်းခဲ့ပြီး ထိုမျိုးဆက်ကို တက္ကသိုလ်ဝင်တန်းတွင် တစ်ဖန် သင်ရိုးသစ်ဖြင့် မိတ်ဆက်ပေးခြင်းပင် ဖြစ်သည်။ စာရေးသူမှာ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်တွင် အလွန်အားနည်းခဲ့သဖြင့် နဝမတန်းတွင် သိပ္ဗံဘာသာတွဲကို ယူထားရာမှ တစ်လအကြာ၌ ဝိဇ္ဇာဘာသာတွဲသို့ ပြန်ပြောင်းလိုက်သည်။ ရှေ့က အစ်မများမှာ စာတော်သူများဖြစ်သဖြင့် ဆရာ၊ ဆရာမတစ်ချို့က စာရေးသူဧ။် ဆုံးဖြတ်ချက်အပေါ် အားမလိုအားမရ ဖြစ်ကြသည်။ မည်သို့ဆိုစေ စာရေးသူမှာ စနစ်သစ်သင်ရိုးအပေါ် ကြောက်ရွံ့စိတ်ဖြင့် သိပ္ဗံတွဲကို တူးတူးခါးခါး ဖြစ်ခဲ့လေသည်။ သို့သော် နဝမတန်းတက်နေစဉ် စာရေးသူမှာ ရှေ့မှ အစ်မများဧ။် ကြိုးစားမှုရလဒ်များကို အားကျပြီး တက္ကသိုလ်တက်လိုစိတ် တဖွားဖွား ပေါ်လာခဲ့သည်။ သို့ဖြင့် ထိုနှစ်နွေရာသီတွင် အင်္ဂလိပ်စာကို ရှိစုမဲ့စု စာအုပ်များအားကိုးဖြင့် ကြိုးစားလေ့လာဖြစ်ခဲ့သည်။ ထိုသို့လေ့လာသည်နှင့်အမျှ အင်္ဂလိပ်စာကို အလွန် စိတ်ဝင်စားလာခဲ့သည်။ တက္ကသိုလ်ဝင်တန်း တက်ချိန်တွင် စာရေးသူမှာ အင်္ဂလိပ်စာဘာသာရပ်တွင် ဝိဇ္ဇာဘာသာတွဲခန်း၌ အနူတောကလူချောဆိုသလို ဖြစ်လာခဲ့သည်။ ထိုနှစ် စာရေးသူမှာ တက္ကသိုလ်ဝင်တန်းကို အစ်မများနည်းတူ ဂုဏ်ထူးများဖြင့် အောင်မြင်ချင်ခဲ့သည်။ ထိုသို့ဖြစ်စေရန်လည်း လွန်စွာ ကြိုးစားဖြစ်ခဲ့သည်။ သို့သော် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်တို့တွင် ကောင်းစွာလေ့လာကျက်မှတ်နိုင်ခဲ့သလောက် သင်္ချာဘာသာရပ်ကိုမူ ကျောင်းတွင် တွက်ချက်သည့်အခါ ရသလိုလိုရှိသော်လည်း အိမ်တွင် သေချာစွာ ပြန်လှန်မလေ့ကျင့်ဖြစ်သောကြောင့် အားနည်းနေခဲ့သည်ကို မိမိကိုယ်တိုင်ပင် သတိမပြုမိခဲ့တော့ပေ။ ထိုသို့ဖြင့် စာမေးပွဲတွင် အခြားဘာသာရပ်များကို ကောင်းစွာဖြေဆိုနိုင်ခဲ့သော်လည်း သင်္ချာဘာသာရပ်ကို မဖြေဆိုနိုင်ခဲ့ပေ။
.
၂၀၀၂ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ဟု ထင်မိဧ။်။ မြန်မာပြည်သူများ မျက်ရည်ဖြိုင်ဖြိုင်ကျရသော အာဇာနည်နေ့အပြီး နောက်တစ်ရက်။ ထိုနေ့သည် ကျွန်တော့်အဖို့ မျက်ရည်ဖြိုင်ဖြိုင်ကျရမည့်နေ့ဟူ၍ကား စာရေးသူ မထင်ထားခဲ့သည်မှာ အမှန်ပင်။ ထိုနေ့သည် မြန်မာတစ်နိုင်ငံလုံး စာမေးပွဲအောင်စာရင်းများကို ကြေညာသည့်နေ့ပင် ဖြစ်ပါဧ။်။ မည်မျှပင် သင်္ချာဘာသာရပ်တွင် မဖြေနိုင်ခဲ့သည်ဆိုစေ အခြားဘာသာရပ်များတွင် ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့သော စာရေးသူမှာ စာမေးပွဲအောင်ရန် မချင့်မရဲ မျှော်လင့်လျှက် မိခင်ကျောင်းတော်ကြီးဆီသို့ ချီခဲ့သည်။ သွားနေရင်း ကိုယ့်နှလုံးခုန်သံကို ကိုယ်တိုင် တဒုန်းဒုန်း ပြန်ကြားနေရဧ။်။ ကျောင်းရောက်ပါပြီ။ စာမေးပွဲအောင်စာရင်းတွင် မိမိအမည်ကို ရှာဖွေကြည့်လိုက်သည်။ မတွေ့။ မိမိခုံနံပါတ်နှင့်အမည်ကို တစ်ဖန် ရှာဖွေကြည့်လိုက်သည်။ မမြင်။ စာမေးပွဲကျသည်မှာ သေချာပေပြီ။ စာရေးသူ လူအုပ်ကြားမှ အတင်းထိုးထွက်ခဲ့သည်။ ဝမ်းနည်းစွာ မျက်ရည်ကျမိခဲ့ပြီ။ ရွာအဝင်လမ်းတွင် စာမေးပွဲအောင်စာရင်းကြည့်ရာမှ ပြန်လာသော စာရေးသူကို လူအများက အောင်၊ မအောင် မေးကြသည်။ မအောင်ကြောင်း ပြန်ဖြေလျှင် တစ်ချို့က အံ့သြဟန်ပြုကြသည်။ တစ်ချို့ကမူအဲလောက်ကြိုးစားတာတောင် မအောင်ဘူး။ ဘာလို့ပါလိမ့်။ဟူ၍ ပဟေဠိအဖြေညှိလျှက် ကျန်ခဲ့ကြသည်။ တစ်ချို့ကမူ ခနဲ့တဲ့တဲ့ မေးငေါ့လှောင်ပြုံးလျှက်လည်း ရှိသည်။ စာရေးသူမှာ လွန်စွာ ရှက်ရွှံ့မိသည်။ မေးလာသူကို ပြန်၍ပင် မဖြေချင်တော့။ ဖျော့တော့တော့ဟန်ဆောင်အပြုံးဖြင့်သာ ပြီးစလွယ် ဖြေလာခဲ့သည်။ ဤသည်မှာ စာမေးပွဲကျခြင်းဧ။် ခါးသီးမှုတစ်ချို့ပင် ဖြစ်ဧ။်။
.
စာရေးသူ အိမ်သို့ရောက်သည်။ မိမိကို စောင့်မျှော်နေသော မိခင်ကို စာမေးပွဲကျကြောင်း ပြောဖြစ်သည်။ မိခင်မှာ ဝမ်းနည်းသယောင် အရိပ်အရောင်ကို ခေတ္တပြသော်လည်းစာမေးပွဲကျရင်လည်း ဒီနှစ်မှာ ဂုဏ်ထူးတွေနဲ့ အောင်အောင်ဖြေပေါ့ သားရယ်ဟု ဝမ်းသာအားတက်ဖွယ် ပြောလာသည်။ စာရေးသူမှာ မိခင်စကားကြောင့် အားတက်သွားခဲ့သည်။ သို့သော် ပန်းနာသည် မုဆိုးမမိခင်ဧ။် ကြိုးစားရုန်းကန်ရမှုကို သိနားလည်ထားသော စာရေးသူမှာ မိခင်က အပူရုပ်ကို ဟန်လုပ်ကာ သား အားတက်အောင် ပြောခဲ့ခြင်းဖြစ်သည်ကို နားလည်မိဧ။်။ ထိုနေ့တွင်ပင် စာရေးသူမှာ မိမိကိုယ်ကိုယ် သန္နိဌာန်ပြုဖြစ်ဧ။်။ငါ ဒီနှစ် ဘာသာစုံဂုဏ်ထူးပါအောင် ကြိုးစားမယ်။ အားနည်းတဲ့ သင်္ချာဘာသာရပ်ကို အချိန်ပေးပြီး လေ့ကျင့်မယ်။ ကျန်တဲ့ဘာသာရပ်တွေကိုလည်း တပြေးညီတည်း တိုးတက်အောင် လေ့ကျင့်မယ်ဟူ၍ ဖြစ်ဧ။်။ ထိုသို့သန္နိဌာန်ချမှုနှင့်အတူ ကြိုးစားရန် တွန်းအားတို့ တိုးလာသလို ခံစားမိဧ။်။
.
နောက်တစ်နေ့၌ မိခင်ကျောင်းတော်ဧ။် ဝိဇ္ဇာဘာသာတွဲအခန်းတွင် ပြန်လည်တက်ရောက်ဖြစ်ဧ။်။ အခန်းထဲတွင်မူ ကျောင်းသား၊ ကျောင်းသူအသစ်များက နေရာယူထားကြလေပြီ။ သူတို့ထဲမှ အချို့က စာရေးသူကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်ကြသည်။ “Repeater” ဟူသောဘွဲ့ဖြင့် စာရေးသူနောက်ကွယ်တွင် စာရေးသူကို သူတို့ လှောင်ပြောင်နေကြပေမည်ဟု တွေးမိသည်။ သို့သော် အချို့သော ကျောင်းသား၊ ကျောင်းသူအသစ်များက မိမိကို တရင်းတနှီး အားပေးလာကြသည်။ အတန်းဝင်လာသော ဆရာတစ်ချို့ကလည်း စာရေးသူကဲ့သို့ နှစ်ကျကျောင်းသားများကို အားပေးစကား ပြောကြသည်။ ဆရာမတစ်ဦးက ဤသို့ဆိုဧ။်။စာမေးပွဲကျတာ ဘဝမှာ ကျရှူံးသွားတာမှ မဟုတ်တာပဲလေ။ ဒီလိုစာမေးပွဲကျသူသာ ကိုယ့်လိုအပ်ချက်တွေကို ဖြည့်ဆည်းပြီး ပြန်လည်ကြိုးစားဖြစ်ရင် ထိုက်တန်တဲ့အောင်မြင်မှုကို ပြန်ရနိုင်တာပဲ။ အမှန်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်တာ ရှေ့သို့ ခြေနှစ်လှမ်းတိုးနိုင်အောင် အားယူလိုက်တာပါ။ဤစကားမှာ စာရေးသူဧ။် နာမကျန်းဖြစ်နေသော စိတ်ကို အပြီးအပျောက် ကုသပေးလိုက်သော နတ်ရေစင်ပင် ဖြစ်ပါဧ။်။ ဆရာမဧ။် စကားထဲမှခြေတစ်လှမ်း နောက်ဆုတ်လိုက်တာဟာ ရှေ့သို့ ခြေနှစ်လှမ်းတိုးနိုင်အောင် အားယူလိုက်တာပါဟူသော အပိတ်စကားမှာ စာရေးသူအဖို့ လွန်စွာအဓိပ္ဗာယ်ရှိလှဧ။်။ ထိုစကားသည် စာရေးသူဧ။် စာကြည့်စားပွဲရှေ့ နံရံပေါ်တွင် အခြားသော အားဖြစ်စေမည့် စာသားအချို့နှင့်အပြိုင် နေရာယူထားပြီး စာရေးသူဧ။် ရင်ထဲသို့ ကြိုးစားလိုစိတ်များ တရစပ် ဖြည့်ဆည်းပေးခဲ့လေသည်။ ထိုသို့ ကြိုးစားမှုမှာ စာရေးသူအတွက် အချည်းနှီး မဖြစ်ခဲ့ပါပေ။ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ကြေညာသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် စာရေးသူမှာ မြန်မာစာအပါအဝင် ဂုဏ်ထူး () ဘာသာဖြင့် အောင်မြင်ခဲ့သည်။ မိမိ ကနဦး သန္နိဌာန်ချခဲ့သကဲ့သို့ ဘာသာစုံဂုဏ်ထူးမရခဲ့သော်လည်း လုံးဝမျှော်လင့်မထားသော အခြားထပ်တိုးအောင်မြင်မှုတစ်ခုကိုပါ ရရှိခဲ့သည်။ အမေနှင့်အတူ အားလုံးပျော်နိုင်ပေပြီ။ ထိုအချိန် ချီးကျူးဂုဏ်ပြုမှုတို့ များစွာ ရှိလာခဲ့ဧ။်။ ယခင်နှစ်က ဂုဏ်ငယ်ခဲ့ရသော၊ အထင်သေးမျက်လုံးဖြင့် အကြည့်ခံခဲ့ရသော စာရေးသူမှာ ယခုနှစ်တွင် ကံကြမ္မာတစ်လှည့်ပြောင်းခဲ့ပြီပင်။ သြော်အောင်မြင်မှုဧ။် ချိုမြိန်ခြင်းရသပင်တည်း။
.
အောင်မြင်မှုသည် လူတစ်ဦးဧ။် ခံယူချက်၊ ယုံကြည်ချက်တို့နှင့်လည်း များစွာဆိုင်သည်ဟု စာရေးသူ ယုံကြည်မိသည်။ စာရေးသူမှာ တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံဂုဏ်ထူးပါရမည်ဟု မျှော်မှန်းခဲ့သော်လည်း ထိုမျှဂုဏ်ထူးမရခဲ့ပေ။ သို့သော် ထိုမျှမျှော်မှန်း၍ ကြိုးစားဖြစ်သဖြင့် အမှတ်ကောင်းခဲ့သည်။ စာရေးသူ ဒုတိယအကြိမ် ပြန်ကြိုးစားဖြစ်သော ခုနှစ်တွင် စာရေးသူဧ။် စာကြိုးစားဖော်သူငယ်ချင်းတစ်ဦးရှိသည်။ သူက သင်္ချာအလွန်တော်ပြီး အခြားဘာသာရပ်များတွင်လည်း မဆိုးလှပေ။ သူက စာရေးသူကို မင်း ဒီစာမေးပွဲကို ဘယ်လိုမျိုးအောင်ချင်လဲ” ဟု မေးသည့်အခါတိုင်း စာရေးသူက ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်အောင် ကြိုးစားမည်ဟု ပြောတတ်စမြဲဖြစ်သည်။ စာရေးသူက သူ့ကို ပြန်မေးသည့်အခါငါက အမှတ်ကောင်းကောင်းနဲ့ အောင်ရင် တော်ပါပြီကွာ။ ဂုဏ်ထူးမရရင်နေပါစေ။ဟူ၍ သူ ပြန်ဖြေတတ်သည်။ ထိုသူငယ်ချင်းမှာ စာမေးပွဲကို ရိုးရိုးအောင်မြင်ပြီး သာမန်အမှတ်သာ ရခဲ့သည်။ အမှန်မှာ သူသာ ခံယူချက်ရှိရှိ ယုံကြည်ချက်အပြည့်ဖြင့် ကြိုးစားခဲ့လျှင် မိမိထက်ပင် ပိုမို၍ ထူးချွန်နိုင်မည်ဟု စာရေးသူ ယုံကြည်မိသည်။ သို့သော် သူ့တွင် အောင်မြင်မှုအတွက် ပြင်းပြသောဆန္ဒနှင့် ခံယူချက်များမရှိခဲ့သဖြင့် အရည်အချင်းရှိသလောက် မအောင်မြင်နိုင်ခဲ့ခြင်းဖြစ်မည်ဟု စာရေးသူ တွေးမိပါဧ။်။
.
အထက်တွင် ဆိုခဲ့သည့်အတိုင်း တစ်ခါအောင်မြင်ဖူးသော လူတစ်ဦးတစ်ယောက်အဖို့ နောက်ထပ်အောင်မြင်မှုများကို ဆက်လက်ရရှိပိုင်ဆိုင်နိုင်ရန် ပိုမိုတွန်းအားပေးနိုင်သကဲ့သို့ပင် တစ်ခါကျရှူံးဖူးသူသည်လည်း ထိုရှူံးနိမ့်ဖူးသောအရာကို အောင်မြင်အောင် ပြန်ကြိုးစားရန် တွန်းအားမဲ့သွားတတ်သည်ကို ဝမ်းနည်းဖွယ် တွေ့ရတတ်ပါဧ။်။ ထိုသူတို့သည် မိမိကိုရှူံးနိမ့်မှုဆီသို့ ပို့ဆောင်ပေးသော အားနည်းချက်များကို ရှာဖွေဖော်ထုတ်ပြီး ကုစားခြင်းကို မပြုလုပ်၊ တစ်နည်းအားဖြင့် ရှူံးနိမ့်မှုမှ သင်ခန်းစာမယူတတ်ကြပေ။ တက္ကသိုလ်ဝင်တန်းတက်စဉ် သူငယ်ချင်းတစ်ဦးမှာ ဖတ်မရလောက်အောင် လက်ရေးဆိုးသူ ဖြစ်ဧ။်။ ထို့ပြင် စာရေးလျှင် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အချိန်ကြာလွန်းလှဧ။်။ စာအလွန်ကြိုးစားပြီး အတော်အတန်စာရသော်လည်း လက်ရေးဆိုးခြင်း၊ စာရေးလျှင် အချိန်စားလွန်းခြင်းတို့ကြောင့် စာမေးပွဲတွင် အချိန်မီ မဖြေဆိုနိုင်ပေ။ သို့ဖြင့် တက္ကသိုလ်ဝင်တန်းကိုလည်း ပထမနှစ်တွင် မိမိနှင့်အတူတူ ကျခဲ့ပြီး၊ နောက်နှစ်တွင်လည်း ဆက်ကျခဲ့ပြန်သည်။ စာရေးသူက သူ့အားနည်းချက်များကို ပြင်ဆင်ရန် တိုက်တွန်းအားပေးခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်မသိပါဘဲ သူငယ်ချင်းမှာ သူ့အားနည်းချက်များကို ပြင်ဆင်ရန် ယုံကြည်မှုမရှိသလို ဖြစ်လျှက် မပြင်ဆင်ခဲ့ပေ။ စာရေးသူ ပညာရေးဘွဲ့သင်တန်းဧ။် နောက်ဆုံးနှစ်မတိုင်မီ ရွာသို့အလည်ပြန်ချိန်တွင် မထင်မှတ်ဘဲ ထိုသူငယ်ချင်းနှင့် ပြန်တွေ့ပြီး စကားပြောဖြစ်ခဲ့သည်။ သူက စာမေးပွဲကို သုံးနှစ်တိတိ ကြိုးစားဖြေခဲ့သော်လည်း စိတ်ဓာတ်ကျသဖြင့် နောက်နှစ်များတွင် မဖြေဖြစ်တော့ကြောင်း စာရေးသူကို ပြောပြသည်။ စာရေးသူက သူငယ်ချင်းကို ပြန်ဖြေရန်ပြောသော်လည်း သူနှင့် တက္ကသိုလ်ဝင်တန်းမှာ အကျိုးမပေးကြောင်းသာ ဆိုလေရာ မိမိမှာ ဆက်၍ စကားမဆိုသာတော့ပေ။
.
ခြုံပြောရပါလျှင် ထူးချွန်အောင်မြင်သူများကို ထိုက်တန်သော ဂုဏ်ပြုချီးကျူးမှုတို့ ပြုသင့်သကဲ့သို့ ကျရှူံးသူများကိုလည်း စိတ်ပျက်အားလျော့မှု မဖြစ်စေရန်၊ ဆက်လက်ကြိုးစားဖြစ်ရန် လုံလောက်သောအားပေးမှုများမှာလည်း အလွန့်အလွန် အရေးကြီးသည်ဟု ဆိုချင်ပါသည်။ သို့သော် မိမိဧ။် စိတ်တွင်းမှဖြစ်တည်လာသော တွန်းအား (Intrinsic motivation) ရှိနေသူများက မိမိအတွက် တွန်းအားများကို အမြဲရှာဖွေနေတတ်သဖြင့် ကျရှူံးမှုကို ပို၍ခံနိုင်ရည်ရှိပြီး နလံထလွယ်ကြသည်ဟု ထင်မြင်မိသည်။ ထိုသို့ မိမိစိတ်တွင်းမှ ဖြစ်တည်လာသော တွန်းအားမျိုး မရှိသော ရှူံးနိမ့်သူတစ်ဦးဦးသည် ပို၍ စိတ်အားငယ်တတ်ကြမည်ပင်။ မည်သို့သော ကျရှူံးသူများပင်ဖြစ်စေ အားငယ်နေသော သူတို့အဖို့ သူတို့ချစ်ခင်နှစ်သက်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ရှုတ်ချပြစ်တင်မှုထက် အားပေးနှစ်သိမ့်မှုကို ပိုမိုဆာလောင်မွတ်သိပ်နေကြပေမည်။ သူတို့အပေါ် ပတ်ဝန်းကျင်မှ ဝိုင်းပယ်ဖယ်ကြဉ်မှုထက် စာနာဖေးမကူညီမှုတို့ကို တောင့်တကြပေမည်။ အမှန်တကယ် အားငယ်နေသော သူတို့ကို သူတို့ချစ်ခင်နှစ်သက်သော မိဘ၊ ဆရာသမား၊ ဆွေမျိုးမိတ်သင်္ဂဟများက စာနာသော နှလုံးသားတစ်စုံဖြင့် ဖေးကူထူမပေးသင့်လှပေသည်။
.
အမှန်မှာ စာမေးပွဲကျရှူံးမှုသည် ဘဝကျရှူံးမှုမဟုတ်ပေ။ ကျရှူံးသူများက ပြန်လည်ကြိုးစားခွင့်ရှိသည်။ ပြန်လည်ကြိုးစားပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်သေးသည်။ သို့သော် ထိုကျရှူံးသူများကို ပြန်လည်ကြိုးစားဖြစ်စေရန် အားပေးဖေးမကူညီပြီး ၎င်းတို့တွင်ရှိနေသော အားနည်းချက်များကို အကောင်းဆုံးဖြည့်ဆည်း၍ အားသာချက်များအဖြစ် ပြောင်းလဲနိုင်အောင်၊ ၎င်းတို့ကို တစ်ဖန်ပြန်လည်ရှင်သန်ခွင့်ပေးနိုင်အောင် မိဘ၊ ဆရာသမား၊ ဆွေမျိုးမိတ်သင်္ဂဟများက စာနာနားလည်စွာ ဝိုင်းဝန်းပေးနိုင်လျှင် အလွန်ကောင်းပေမည်။ ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်သည်ပင် မှီတွယ်စရာဟု အထင်ရောက်နိုင်သည်ပင် မဟုတ်ပါလော။ အရေးကြီးသည်မှာ ထိုစာမေးပွဲကျရှူံးသူများသည် ဘဝတွင် မရှူံးနိမ့်စေရန်သာ ဖြစ်ပါဧ။်။ ထို့ကြောင့် ရှေ့သို့ ခြေနှစ်လှမ်းတိုးနိုင်ဖို့ နောက်ဆီ ခြေတစ်လှမ်းဆုတ်၍ အားယူလိုက်သော ထိုသူတို့အတွက် ခြေသုံးလှမ်း၊ လေးလှမ်းအထိရောက်အောင် သက်ဆိုင်သူများက ဝိုင်းဝန်းအားပေးနိုင်ပါက ကောင်းလေသမှ ကောင်းပေစွ။
.

လေးစားစွာ
.

ဇွဲသစ် (ရမ္မာမြေ)

၁၂၊ ၆၊ ၂၀၁၆ (တနင်္ဂနွေနေ့)

No comments:

Post a Comment