Sunday 5 June 2016

လူနှင့် လက်နက်


+ ဓားကိုကိုင်ထား
တစ်ယောက်သားမူ
အများသေရေး
စိတ်မှာတေး၍
သွေးအေးအေးဖြင့်
ခုတ်လေပြီ။
.
+ ဓားကိုကိုင်ကာ
တစ်ယောက်မှာမူ
သူငါအများ
အကျိုးပွားဖွယ်
တိုးအားစည်၍
ခြုံနွယ်ကိုရှင်း
လမ်းသစ်ထွင်းဧ။်။
.
+ လက်နက်ကိုင်စွဲ
သည်လူထဲပင်
တလွဲသုံးလျှင်
တလွဲမြင်၍
ဆင်ခြင်သုံးချ
အကျိုးရသည်
သင်ကမည်သို့
သုံးမည်နည်း။ ။
.
By: ဇွဲသစ် (ရမ္မ္မာမြေ)
၆၊ ၆၊ ၂၀၁၆ (တနင်္လာနေ့)
.
(ဇာတိနယ်မှ ညီအစ်ကိုမောင်နှမများ တောင်တက်လမ်းစိမ်းလန်းစိုပြေရေးအတွက် တက်တက်ကြွကြွ လုပ်အားပေးကြသည်ကို မြင်ရ၍ ဂုဏ်ယူစွာ ခံစားရေးဖွဲ့သည်။)

No comments:

Post a Comment