Monday 11 April 2016

ပထမအကြိမ် အာစရိယပူဇော်ပွဲကနီ စည်းလုံးညီညွတ်ရေးသို့

ဒေနိ (၂၀၁၆) ခုနှစ်၊ ဧပြီလ (၁၁) ရက်၊ တနင်္လာနိ။ အကျွန့်ဇာတိ ရမ်းဗြဲမြို့နယ်၊ လေးတောင်နယ်၊ အရှေ့မော်ရွာ မူလတန်းကျောင်းမာ ပညာသင်ပီးခကတ်တေ ဆရာကြီး၊ ဆရာမကြီးတိကို ပထမဆုံးအကြိမ် ကန်တော့ပွဲလုပ်ကတ်တေနိ။
အိပ်ရာထလောက်ကပင် လေးတောင်ဂရုမာကော အရှိဖက်သားများဂရုမာပါ “ပထမအကြိမ်မြောက် အ.မ.က အရှေ့မော် ဆရာကန်တော့ပွဲ” နန့် ပတ်သက်ရေ ပုံတိကို ပျော်ကောင်းထနန်း တင်ကတ်တေဟာကို တွိလိုက်ရရေ။ မင်္ဂလာဟိလိုက်တေပင်။ ပျော်ဖို့ကောင်းလိုက်တေပင်။ အဝီးသို့ ရောက်နီလို့ မတက်နိုင်ရေ အကျွန့်အဖို့တော့ခါ ကုန်ခရေ အကယ်ဒမီပီးပွဲကို ကြည့်ရေထက်ပင် ဒေပုံတိ မြင်လိုက်ရစွာ စိတ်လှုပ်ရှားမိရေပိုင် ဝမ်းလေး ဝမ်းသာမိရေလို့ ဆိုရပါဖို့။

အငေချေတည်းကပင် ကန့်ကူလက်လှည့် စာသင်ပီးလာရေ ဆရာ၊ ဆရာမတိကို တပည့်တိက လက်ဆယ်ဖြာ ထိပ်မာမိုးပေါ် ကန်တော့ရေဆိုဟာ ဗုဒ္ဓဘာသာဝင်တိဧ့ မင်္ဂလာတရားတော်နန့် ညီညွတ်လို့ အားလုံးအတွက် မင်္ဂလာဟိပါရေ။
ကန်တော့ပွဲ တက်ရောက်ကတ်တေ ကန်တော့ခံ ဆရာတိ၊ ဆရာမတိဧ့ မျက်နှာထက်က ပီတိလွှမ်းရေအပြုံးတိဆိုကေ တစိမ့်စိမ့် ကြည့်မဝနိုင်။ လက်အုပ်ချီမိုး ရှိခိုးကန်တော့နီကတ်တေ တပည့်တိဧ့ အပြုံးတိကလည်း ဝမ်းသာပီတိ ဂွမ်းဆီထိရေပိုင်။ ဆရာ၊ ဆရာမကြီးတိဧ့ အပြုံးကို ထိုးဖောက်လို့ ဆက်ကြည့်ဖြစ်ပါကေ သူရို့ဧ့ စိတ်မျက်စိထဲမာတော့ခါ အတိတ်တစ်ချိန်က မြေဖြူချေတကိုင်ကိုင်၊ တုတ်ချေတပြပြနန့် ချော့တစ်ခါ ခြောက်တစ်လှည့် သူရို့ စာသင်ပြပီးခရေ ဘုစုခရုချေတိကို မြင်ယောင်မိရင်း ဘဝနယ်ပယ်မျိုးစုံမာ စုံဆန်ပျော်ပါး လူလားမြောက်လားကတ်တေ တပည့်ဟောင်းတိကို ကြည့်ဖြစ်နီကတ်ဖို့ပါလေ။ တပည့်တိရင်ထဲမာတော့ ငရို့ ဆရာ၊ ငရို့ ဆရာမ ငရို့ အငေချေခါ သင်ပီးခခါ တက်တက်ကြွကြွနန့် အဂုခါမာတော့ အရင်ခါပိုင် မတက်ကြွနိုင်ယာ၊ ဆရာ၊ ဆရာမရို့ကို အမြဲနုပျိုပေါ် မြင်ချင်လိုက်တေလို့ အသံတိတ်စကားဆိုရင်း ဆရာ၊ ဆရာမရို့ ကျန်းမာစီကြောင်း အထပ်ထပ် ဆုမွန်တောင်းနီကတ်ဖို့ပါရာမလား။
ဆရာ၊ ဆရာမတိက အရွယ်မျိုးစုံရာ။ အခါညောင်းလို့ ဇရာထောင်းသူက ထောင်းကေလေး ဒေပွဲမာတော့ သူရို့တိအားလုံး တက်ကြွနီကတ်တေ။ တပည့်ဟောင်းတိကလည်း အရွယ်မျိုးစုံ။ ဆရာ၊ ဆရာမတိကို ကန်တော့ခွင့်ရလို့ ပျော်နီကတ်တေ။ ပြန်တွိခွင့်၊ စကားပြောခွင့် ရလို့ ပီတိလွှမ်းနီကတ်တေ။ ဒေပွဲဟာ အားလုံးပျော်ကတ်တေပွဲ။ ကြည်နူးကတ်တေပွဲပါယာယေ။ 
ဒေပွဲမတိုင်ခင်ညက လေးတောင်နယ်သား နာမည်ကြီး ရခိုင်အဆိုတော်နန့် စာရီးဆရာတိဖြစ်တေ ရမ္မာဝတီစံဝင်း (စာရီးဆရာ စံဝင်းထွန်း) နန့် ဆရာဦးဇော်ဝင်းနိုင် (အဆိုတော် ဇော်ဇော်) ရို့ အ.မ.က အရှေ့မော်ကျောင်းကို နောက်ခံတည်ဆောက်ထားရေ စာပီးဟောပြောပွဲစင်မြင့်ထက်မာ ကိုယ့်နယ်ကိုယ့်ဒေသ ကောင်းရာကောင်းကြောင်းတိကို ဟောပြောနီကတ်ဟာကို ဝမ်းသာစရာ တွိမြင်ရရေ။ ဆရာရို့အတွက် ဂုဏ်ယူမိရေပိုင် ဒေအစီအစဉ်ကို ထည့်ပီးရေ ဆရာကန်တော့ပွဲ စီစဉ်သူတိအားလုံးဧ့ အမြော်အမြင်ကိုလည်း လေးစားချီးကျူးမိပါရေ။ 
၂၀၁၄ က အကျွန်နန့် တွိဖြစ်ခါ ဆရာဦးဇော်ဝင်းနိုင်က ပြောဖူးဟာကို အမှတ်ရမိပါရေ။ “အ.မ.က အရှေ့မော်ကျောင်းဟာ အရှေ့မော်ရွာက ကျောင်းသား၊ ကျောင်းသူတိအပြင် ငရို့ ကင်းဆိပ်ပြင်၊ ပြီးကေ ဝါးကျိန်ပြင်နန့် ကွမ်းအိုင်ရွာ အနောက်ဖက်စုက ကျောင်းသားတိ တက်ဖူးခရေ။ ငါကိုယ်တိုင်လည်း ဒေကျောင်းမာ တက်ဖူးခရေ။ ယေနန့် ဆရာကန်တော့ပွဲ လုပ်ဖြစ်ယောင် လုပ်ရဖို့။ ကောင်းကောင်း လုပ်ဖြစ်စီချင်ရေ။” လို့ ပြောခပါရေ။ ဆရာဦးဇော်ဝင်းနိုင်တစ်ယောက် ဇာလောက်ထိ ပျော်နီဖို့ ဆိုဟာ တွက်ကြည့်နိုင်ပါရေ။
၂၀၁၄ အကုန်ပိုင်းလောက်မာ ဆရာချေ နေလင်းသူ (ပူလုံးချေ) က ဆရာကန်တော့ပွဲလုပ်ဖြစ်ယောင် စီစဉ်ဖို့ တိုင်ပင်ခါ လုပ်ဖြစ်ယောင်လုပ်ဖို့ တိုက်တွန်းခကေလေး ၂၀၁၅ နှစ်စမာ ပညာတော်သင်လားရဖို့ ဖြစ်တေအတွက်နန့် ကိုယ်တိုင်ကိုယ်ကျတော့ခါ မပါဝင်နိုင်၊ အဝီးကရာ ကန်တော့လိုက်ရဖို့ယာလို့ ပြောခပါရေ။ ယင်းကတည်းက တာစူလာခရေ ပထမအကြိမ်မြောက် အ.မ.က အရှေ့မော် ဆရာကန်တော့ပွဲဟာ အဂု (၂၀၁၆) ဧပြီလ (၁၁) ရက်နိမာတော့ခါ အောင်အောင်မြင်မြင်နန့် လုပ်နိုင်ကတ်ပါယာ။ ဒေပွဲအတွက် ရန်ကုန်မာ ကျောင်းသားဟောင်း အစ်ကို၊ အစ်မ၊ ညီ၊ ညီမချေတိ အစည်းအဝေး အကြိမ်ကြိမ် စုကတ်စွာကိုလေး ဖေ့ဆ့ဘုတ်လူမှုကွန်ရက်ကနီတစ်ဆင့် တွိမြင်ခရပါရေ။ ရခိုင်သို့ မလိုက်နိုင်ရေ ဆရာကြီး၊ ဆရာမကြီးတိကိုလေး ရန်ကုန်မာ စုပြီးကေ ကန်တော့ဟာကိုလေး တွိရပါရေ။ အဂု လေးတောင်မာ စုစုစည်းစည်း ညီညီညွတ်ညွတ်နန့် ကန်တော့နိုင်ကတ်စွာကို တွိရလို့ အားလုံးဧ့ ညီညွတ်တေစိတ်ဓာတ်ကို မလေးစားမချီးမွှမ်းဘဲ မနီနိုင် ဖြစ်မိပါရေ။
ဒေပိုင် စုစည်းညီညွတ်မှုမျိုးကို အရှေ့မော်ရွာက လူကြီးတိ လူငယ်တိအားလုံး ထိန်းသိမ်းထားနိုင်ကတ်ကေ ဇာလောက်ကောင်းပါဖို့ရောင်လို့ အကျွန် စဉ်းစားမိပါရေ။ ပြောရကေလေး ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဆိုရေပိုင် ဖြစ်ပါဖို့ရာ။ ယေလေး ဆိကေ ပြောရပါဖို့သိ။ အိမ်ခြေတစ်ရာကျော်ကျော်ချေရာဟိရေ အရှေ့မော်ရွာဟာ အရင်ခါက စုစည်းညီညွတ်ရေရွာ ဖြစ်ခကေလေး အဂုခါမာ ဝါးအစည်းပြီရေပိုင် စိတ်ဝမ်းကွဲနီကတ်တေ။ သူကတောင်ဆိုကေ ငါကမြောက်၊ သူက အရှေ့ ဆိုကေ ငါက အနောက်နန့် စည်းလုံးမှုပျက်ပြားနီကတ်တေလို့ စိတ်မကောင်းစွာ ကြားရဟာ ကာလအင်တန်ကြာပါယာ။ အဂုထိ ကမ္ဘာရန်ဖြစ်နီကတ်တုန်းပါသိလတ်။ နွားကွဲကေ ကျားဆွဲရေဆိုပိုင် ကိုယ့်ရွာမာ တိုးတက်ရာတိုးတက်ကြောင်းအတွက်လည်း မလုပ်ဆောင်နိုင်ကတ်။ ဥပမာ - ကျေးရွာမညီညွတ်လို့ ဆိုရေအကြောင်းပြချက်နန့် ရွာစာကြည့်တိုက်ကို မဖွင့်ဘဲ ချိတ်ပိတ်ထားရရေဆိုပါယက်။အဆိုးဆုံးကတော့ခါ ကျောင်းထိုင်ဘုန်းကြီးကို မကြည်ဖြူလို့ ဆန္ဒပြရေအနီနန့် အလှည့်ကျဆွမ်းမချက်ကတ်ပါဟ။ ပြီးကေ ရွာကျောင်းဘုန်းကြီးကိုလေး မကိုးကွယ်ကတ်ပါဟ။ ဒေပြသနာတိကတော့ကေ ဇာခါ ဇာသူရှင်းလို့ ကျင်းပါဖို့ရောင်။ သေချာစွာကတော့ ပုံပြင်ထဲကပိုင် အိမ်ခြေရာကျော်ရေ ရွာချေတစ်ရွာစည်းလုံးမှုပြိုကွဲနီလို့ ဗန္ဓုကမ္ဘလာမြကျောက်ဖျာ တင်းမာလာရေအတွက် သိကြားမင်းက အရှေ့မော်ရွာသို့ ကယ်တင်ပေါင်းစည်းပီးဖို့ဆိုပေါ် ခုန်ဆင်းလာဖို့မဟုတ်ဆိုဟာတော့ သေချာပါရေ။ ဒေပြဿနာဧ့ ရင်းမြစ်ဟာ ရွာက လူကြီးတိနန့် တိုက်ရိုက်သက်ဆိုင်ပါဖို့။ သူရို့ဧ့ အတ္တ၊ မာနတိကြားမာ လွန်ဆွဲမှုတိများနီခြင်းကြောင့် ဒေပိုင်စိတ်ဝမ်းကွဲပြားမှုတိ များနီကတ်ခြင်း ဖြစ်ပါရေ။
အကျွန့်အမြင်ကတော့ကေ တစ်ရွာလုံးကို မတက်မနီရ အစည်းအဝေးလုပ်ပြီးကေ တစ်ဘက်နန့် တစ်ဘက် သူ့အမြင်ကိုယ့်အမြင် သည်းခံနားထောင်ပေါ် အားလုံးဧ့ သဘောတူညီမှုနန့် ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်လားကေ ပြေလည်နိုင်ပါဖို့လို့ ထင်ပါရေ။ ရပ်ရွာကောင်းစားရီးဆိုရေ ဘုံရည်မှန်းချက်မာ အားလုံးစုစည်းနိုင်ယောင် စည်ရုံးပီးဖို့ အမြင်ကျယ်ရေ ခေါင်းဆောင်တိလည်း ဟိလာဖို့လိုရေလို့ မြင်ပါရေ။ ခေါင်းဆောင်မှုသဘောမာ အရင်ခါကတော့ကေ ခေါင်းဆောင်ဆိုကေ အားလုံးသိ၊ အားလုံးတတ်တေ သူရဲကောင်းဆန်ဆန် လုပ်နိုင်မရာ ခေါင်းဆောင်ကောင်းလို့ သတ်မှတ်ခကေလေး အဂုဒီမိုကရေစီခေတ်အတွေးအမြင်နန့် မြင်လာကတ်တေခါမာ ရပ်ရွာဆိုကေလေး ရပ်ရွာအလျောက်၊ တိုက်နယ်ဆိုကေလေး တိုက်နယ်အလျောက်၊ မြို့ဆိုကေလေး မြို့အလျောက် လူ့အဖွဲ့အစည်းတစ်ခုမာ ပါဝင်နီရေ လူအားလုံးကို တစ်ဦးတစ်ယောက်ချင်းစီမာ ဟိရေအစွမ်းအစတိနန့် သက်ဆိုင်ရာလူ့အဖွဲ့အစည်းမာ ကိုယ်နိုင်ရေအပိုင်းက ခေါင်းဆောင်စီပြီးကေ အကျိုးပြုနိုင်စီခြင်းကို ခေါင်းဆောင်ကောင်းအရည်အသွီးအဖြစ် မျက်မှောက်ကာလမာ လက်ခံထားကတ်ပါရေ။ တစ်နည်းပြောရကေ အရင်ခါက ခေါင်းဆောင်နန့် နောက်လိုက်ဆိုရေအမြင်ဟိခကေလေး အဂုချိန်မာ စည်းရုံးလုပ်ဆောင်သူနန့် အဖွဲ့အစည်းအတွက် အကျိုးပြုသူတိဆိုရေအမြင်မျိုး လက်ခံလာကတ်ရေလို့ ဆိုပါရေ။ လူကြီးတိအချင်းချင်း သူ့အမြင်ကိုယ့်အမြင်ကို တလေးတစား နားထောင်နိုင်၊ ဖ,လှယ်နိုင်၊ ဆွေးနွေးနိုင်ကတ်ရပါဖို့ ထင်ပါရေ။ ယင်းအပြင် လူကြီးတိက လူငယ်တိကို “မင်းရို့က အငယ်ရာ။ အီးလို့နီ။” ဆိုပေါ် လူငယ်အသံကိုလည်း နားထောင်ဖို့ အလီးမထား၊ လူငယ်တိဧ့ အစွမ်းအစကိုလည်း ထုတ်ပြခွင့်မပီးကေ (တစ်နည်းအားဖြင့် မြီတောင်မြှောက်မပီးကေ) လူကြီးနန့် လူငယ်တိအကြား စိတ်ဝမ်းကွဲပြားမှုတိ ပိုများလာကတ်ဖို့ရာ ဟိပါရေ။ အဂု လူငယ်တိအမြင်မာ “လူကြီးတိ စုစည်းနိုင်ယောင်တော့ခါ ငရို့ မလုပ်နိုင်ယာ။ ငရို့ လူငယ်တိ စုစည်းနိုင်ယောင်ရာ လုပ်ကတ်ဖို့ယာ။ ငရို့ ယင်းဟာရာ တတ်နိုင်ဖို့ယာ။” ဆိုရေ အတွေးမျိုးတိ ကျယ်ကျယ်ပြန်ပြန့် တွိလာရဟာလေး လူကြီးတိက လူငယ်တိအမြင်၊ လူငယ်တိစကားကို အလီးထားနားမထောင်ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပေါ် အတ္တ၊မာနအလီးအောက်မာ ရောက်နီကတ်လို့ ဖြစ်လာရေလို့ မြင်မိပါရေ။ အားလုံးစုစည်းညီညွတ်ချင်နီရေ လူငယ်တိဧ့ ရင်ခုန်သံကိုလေး လူကြီးတိ အလီးထားနားထောင်နိုင်ကတ်ဖို့ မျှော်လင့်ပါရေ။အရှေ့ဖက်ရွာသားမဟုတ်တေ အခြားလေးတောင်သားတစ်ချို့ကလေး ဒေအရှေ့ဖက်ရွာအကွဲအပြဲကိစ္စဟာ ငရို့နန့်ပါ သက်ဆိုင်ရေ၊ ပြန်လို့စုစည်းနိုင်ယောင် ကူညီပီးကတ်ရဖို့ဆိုရေ အမြင်တိ ကြားရဟာ ဝမ်းသာစရာပါ။ အိမ်ရှေ့ပူကေ အိမ်နောက်မနီသာဆိုရေပိုင် ဒေကိစ္စကို လေးတောင်နယ် အီးချမ်းသာယာရီးကို လိုလားရေလူတိအားလုံး ဝိုင်းဝန်းကူညီပီးနိုင်ကေ အကောင်းဆုံးနန့် အမြန်ဆုံး ရပ်ရွာစုစည်းညီညွတ်နိုင်လီဖို့ ထင်ပါရေ။
ရခိုင်ပြည်နိုင်ငံရီးဧ့ ပကတိအနီအထားကို ဆက်စပ်ကြည့်ပါကေ တစ်ဖက်က အာဏာရပြည်မအစိုးရလူတိဧ့ ရခိုင်ပြည်ပင်မပါတီ အစိတ်စိတ်အမွှာမွှာ ပြိုကွဲစီချင်ရေအကြံနန့် နည်းအမျိုးမျိုးနန့် စည်းလုံးမှုဖြိုခွဲနီဟာကို တွိမြင်ရပါဖို့။ အချို့တိကလေး အရောင်အသွီးအမျိုးမျိုး ပြောင်းလားကတ်တေ၊ ပြောင်းနီကတ်ဆဲ။ ဟိုဘက်ဒေဘက် အတိုက်အခိုက်တိနန့် မစည်းမလုံး ဖြစ်နီကတ်ဆဲပါ။ ဒေရခိုင်ပြည်နိုင်ငံရီးဧ့ အကွဲအပြဲဟာ ကြီးမားပါရေ။ သူ့ဘက်ကလေး သူ့ရှုထောင့်ကကြည့်ခါ အမှန်။ ငါ့ဘက်ကလေး ငါ့ရှုထောင့်ကကြည့်ခါ အတည့်လို့ ထင်နီကတ်ဟာပါရာ။ ဒေပိုင် နှစ်ဘက်အကွဲအပြဲမာ ဟိုဘက်ထောက်ခံသူ၊ ဒေဘက်ထောက်ခံသူ ဟိနီကတ်တေ။ သူရို့တိလေး ကွဲလာကတ်တေ။ ကွဲနီကတ်ဆဲ။
ဒေရခိုင့်နိုင်ငံရီးထဲက အကွဲအပြဲတိနန့် နှိုင်းစာကေ အကျွန်ဧ့ မွီးရာဇာတိဖြစ်တေ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်ထဲက အိမ်ခြီ တစ်ရာကျော်ကျော်ချေရာဟိရေ အရှေ့မော်ရွာက အကွဲအပြဲဇာတ်လမ်းဟာ မှုန့်စိချေပါရာ။ ရွာသူရွာသားတိအားလုံးရာ ကိုယ့်ရွာကောင်းကျိုးအတွက် စေတနာအမှန်ဟိဖို့ဆိုကေ စုစည်းညီညွတ်မှုလမ်းကြောင်းထက်မာ ပြန်လို့လျှောက်ကိုလျှောက်ကတ်ရပါဖို့။ ယင်းပိုင်ရာ မလျှောက်နိုင်ကေတော့ခါ တစ်ချို့မြန်မာဗွီဒီယိုကားတိမာ ပါရေပိုင် ရွာက ဇာသူပင်ရန်ဖြစ်ဖြစ် ကျောင်းထိုင်ဆရာတော်က ကြိမ်လုံးနန့် ဆော်ပေါ် စုစည်းယောင်ကြိုးစားရေပိုင် ကျေးရွာကို စုစည်းပီးနိုင်ဖို့ သြဇာသက်ရောက်တေ အာဇာနည်ဆရာတော်တစ်ပါးရာ ရွာကျောင်းမာ သီတင်းသုံးလာနိုင်ယောင် အားထုတ်ကတ်ပါဖိလို့ရာ ပြောရဖို့ပါယာ။ အကျွန်ရို့ အရှေ့မော်ရွာမာလေး သြဇာညောင်းရေ ကျောင်းထိုင်ဆရာတော်ကြီး ဟိခပါရေ။ အကျွန့်အမိရို့ ပြောဖူးခရေ အရင်က အရှေ့မော်ရွာဦးကျောင်းဆရာတော်ဦးဇာဂရအကြောင်းကို အတွက်ပေါ်မိပါရေ။ ဆရာတော်ကြီးကိုဆိုကေ တပည့်တကာ၊ တကာမတိ အကြီးကျယ် ကြောက်ရွံ့ရိုသီလေးစားကတ်ပါရေဟ။ ဘုန်းကြီးကျောင်းနားက လူတစ်ယောက် နွားမောင်းယင်း နွားကို ကော်ဆဲမိလို့ ဆရာတော်ကြီး ကြိမ်လုံးနန့် ရိုက်ဖို့လိုက်ခါ ချနုံ့တုံပေါ် ထွက်ပြီးရပါရေဆိုယင့်။ တကာတစ်ယောက် ဘုန်းကြီးကျောင်းမာ တင်ပျဉ်ခြွီပေါ်ထိုင်နီလို့ “အဝေး ငါယို့ဟိမာ ဘုယားပွင့်နီယေ။ ဖူးကတ်ဝေ ဖူးကတ်။” ဆိုပေါ် မလျော်ကန်ရေ အပြုအမူတစ်ခုကို တပည့်တကာ သိမြင်ပနာ ပြင်ဆင်လားနိုင်ယောင် ဆရာတော်ကြီးဧ့ မပီသတေ အသံနန့် ပြုပြင်ဆုံးမလို့ ယင်းတကာကြီး ချက်ချင်းပြင်လားပါရေဟ။ ယင်းလောက်ထိ သြဇာညောင်းခရေ ဆရာတော်ကြီး ဦးဇာဂရပါ။ အဂုလည်း အေအတိုင်းရာ ဆက်လို့ ရွာကွဲနီကတ်ကေ၊ အကွဲအပြဲ ဝင်္ကပါထဲက ထွက်ပေါက်ကိုရာ မရှာကတ်ကေ ရွာမာ သြဇာညောင်းဖို့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးကိုရာ ပင့်လိုက်ကတ်ရဖို့ ထင်ပါယင့်။ ယေမရာ ရန်ဖြစ်နီကတ်တေ၊ မသင့်ကတ်တေ လူကြီးတိကို ငြိမ်းချမ်းရီးရွှေကြိမ်လုံးနန့် နှက်ပေါ် ငြိမ်းချမ်းရီးတရားကို လက်တွိဟောနိုင်လီပါဖို့ပါရာမလားယေ။
ပထမအကြိမ်မြောက် အ.မ.က အရှေ့မော် ဆရာကန်တော့ပွဲအတွက် လူငယ် လူလတ်တိဧ့ စည်းလုံးညီညွတ်မှုကနီ လူကြီးတိဧ့ စည်းလုံးမှု၊ တစ်ရွာလုံးဧ့ စည်းလုံးမှုလည်း အရင်ပယင် ဖြစ်လာနိုင်ပါစီ။ ယင်းပိုင်ပင် ရခိုင်ပြည်ဧ့ စည်းလုံးညီညွတ်မှုလည်း အရင်ဆုံး ရှိလာနိုင်ပါစီလို့ မျှော်လင့်ဆုတောင်းလိုက်ပါရေ။
သာလီစွ ရခိုင်နှစ်သစ်မာ အားလုံး ဖီးဘယာ ဝီးကွာကတ်ပါစီ။
ကန့်ကူလက်လှည့် ဆရာ၊ ဆရာမတိကို အဝီးက လက်ဆယ်ဖြာမိုး ရှိခိုးကန်တော့လျှက်
By: ထွန်းမင်း (ခ) ဇွဲသစ် (ရမ္မာမြီ)
(ခေတ္တ - မဲလဘုန်း၊ သြစတြေးလျ)
11/04/2016 (Mon)
(ဆရာကန်တော့ပွဲ ဓာတ်ပုံတိ တင်ပီးရေ အစ်ကိုတိကို အထူးကျေးဇုတင်ပါရေ။)

No comments:

Post a Comment