Saturday 17 December 2016

သြစတြေးလျနိုင်ငံက ကိုယ်တွေ့ ဘွဲ့နှင်းသဘင်တစ်ခု


၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့က သြစတြေးလျနိုင်ငံ၊ မဲလဘုန်းမြို့ရှိ လာထရုဘ်တက္ကသိုလ်တွင် ကိုယ်တိုင် တက်ရောက်ဖြစ်ခဲ့သော ဘွဲ့နှင်းသဘင်အကြောင်းကို ပြန်လည်ဖောက်သည်ချလိုသည်။ သြစတြေးလျနိုင်ငံက ဘွဲ့နှင်းသဘင်အလေ့အထတစ်ခုကို မျှဝေသိရှိစေရန် ရည်ရွယ်ပါသည်။
.
ဘွဲ့နှင်းသဘင်မစမီ
.........................
ဘွဲ့နှင်းသဘင်မစမီ နှစ်နာရီခွဲအလိုမှစ၍ ဘွဲ့ရမောင်မယ်များ ဝတ်စုံထုတ်ခြင်း၊ အမှတ်စာရင်း ထုတ်ယူခြင်းနှင့် တက္ကသိုလ်ဧ။် အထင်ကရနေရာများတွင် မိသားစု၊ မိတ်ဆွေများနှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ကြသည်။ ပွဲမစမီ ဘွဲ့ရမောင်မယ်များနှင့် ဧည့်သည်တော်များ နာရီဝက်ခန့်ကြို၍ ခန်းမထဲ ဝင်ရန် သတ်မှတ်ထားသည်။ 

Monday 12 December 2016

လွတ်လပ်ခြင်း၊ ဘာသာတရားနှင့် ကိုယ်တွေ့စာတွေ့


(၁)
ခမ်းခမ်းနားနား ပြင်ဆင်ထားသော ဖျော်ဖြေရေးစင်မြင့်တစ်ခု။
ထိုဖျော်ဖြေရေးစင်မြင့်ဧ။် အလယ်ဗဟိုတွင်မူ မီးရောင်ပြိုးပြိုးပြက်ပြက် လင်းလက်နေသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူ ရှိလေဧ။်။ ဖျော်ဖြေရေးစင်မြင့်ဧ။် ရှေ့ဘက်တွင် ပရိသတ် များလှပါဘိ။ 
ဗုဒ္ဓရုပ်ပွားတော်ဟူသည် စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်း စသည့် သာသနိကအဆောက်အဦတို့တွင် သပ္ဗာယ်စွာ စံပါယ်တော်မူတတ်စမြဲ။ ဖျော်ဖြေရေးစင်မြင်ဟူသည် ဗုဒ္ဓရုပ်ပွားတော်နှင့် လားလားမှ မအပ်စပ်ပါလေ။ သို့သော် ...
များမကြာမီ ဂီတသံစဉ်တစ်ခု မြူးကြွစွာ ထွက်ပေါ်လာသည်။ ဖျော်ဖြေရေးစင်မြင့်ထက်မှ မီးရောင်လည်း တစ်မူထူး၍ လင်းလက်သွားသယောင် ရှိဧ။်။ အဖွင့်ဂီတသံ၊ မီးရောင်အလှည့်အပြောင်းတို့နှင့်အတူ ဖျော်ဖြေရေးစင်မြင့်ထက်မှ ဗုဒ္ဓရုပ်ပွားတော်မှာ ဆုံလည်ကုလားထိုင်လှည့်သကဲ့သို့ ဘယ်ဘက်သို့ တဖြည်းဖြည်းချင်း လှည့်လာသည်။ 
ဗုဒ္ဓရုပ်ပွားတော်ဧ။် နောက်ဘက်ဆီ ဗွီဒီယိုကင်မရာက ရိုက်ပြနိုင်ပြီ။ မြင်လိုက်ရသည့် မြင်ကွင်းကား မလုံ့တလုံ အဝတ်အစားနှင့် စတိုင်အပြည့်ထုတ်ထားသည့် အဆိုတော်အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်ဧ။် နောက်ဘက်၌ ပြုလုပ်ထားသည့် တံခါးဝတွင် မတ်တပ်ရပ်နေသည့် အနေအထားပင်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ပရိသတ်များ နှစ်ထောင်းအားရကြဟန် လက်ခုပ်သံများ၊ လက်ခေါက်ချိုးမှုတ် သြဘာပေးသံများ ညံစီသွားတော့သည်။ 
ခဏအကြာ ထိုအဆိုတော်အမျိုးသမီးက သူ ရပ်နေသော တံခါးမှ ရှေ့သို့လှမ်းထွက်၍ သီဆိုဖျော်ဖြေတော့သည်။ နောက်ဘက်တွင်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အတိုင်းသား မြင်နေရဆဲ။

လေးတောင်မြေက ဟာသများ (၁)


             ဇွဲသစ် (ရမ္မာမြေ)

() ကိုကြွားပို

တစ်နေ့လေးတောင်နယ်ရဲ့ ရွာတစ်ရွာမှာ တစ္ဆေချွတ်ပွဲ လုပ်ဖို့ပြင်ဆင်နေတယ်။ တစ္ဆေချွတ်ပေးမယ့် နတ်ကတော်ကြီးကလည်း တစ်နယ်လုံးမှာ နာမည်ကြီးနေလေတော့ ဘေးပတ်ဝန်းကျင် အိမ်တွေက သူ့အစွမ်းအစကို လာရောက်အကဲခတ်ဖို့ စောင့်ဆိုင်းနေကြတယ်။ ပွဲက မစသေး။ သို့သော် နတ်ကတော်ကြီးက မိန်းမလျှာသံကြီးနှင့် ကြွားနေလေရဲ့။
အားလုံးသိတယ် အားလုံးတတ်တယ် အားလုံးသိတယ် အားလုံးတတ်တယ်
ဒီစကားနှစ်ခွန်းကလွဲပြီး ဘာမှ သူမပြော။ ဒါကိုပဲ ဆက်တိုက်ဆိုနေလေတော့ လူ့တစ်ချို့ စိတ်မသက်မသာ ဖြစ်ကြတယ်။ ၀ိုင်းကြည့်နေကြသူတွေထဲမှာ ဆယ်တန်းကျုရှင်က ပြန်လာတဲ့ ကျောင်းသားနှစ်ယောက်လည်း ရှိပါသတဲ့။ ခဏကြာတော့ သူတို့ထဲက တစ်ယောက် ရှေ့သို့ လျှပ်တစ်ပြက် တိုးထွက်သွားပြီး မာန်ပါပါ ပြောလိုက်ပုံက-
ဒါဒါဒါဆိုငါတို့အတန်းက ဆီးကွန့်ဆီးရီး သိလား
အဲဒီတော့မှ ပြောဆိုသံလည်းရပ်၊ နတ်ကတော်လည်း ပြေးထွက်သွားပါလေရောတဲ့။
မှတ်ချက်။  ။ဆီးကွန့်ဆီးရီးဆိုတာ ဆယ်တန်းသချာင်္မှာ အရမ်းခက်တယ်လို့နာမည်ကြီးတဲ့ အခန်းတစ်ခု ဖြစ်ပါတယ်။

Tuesday 6 December 2016

ဗလက္ကာရပြုကျင့်ကြသူများ

မြန်မာစကားမှာ မကြားဝံ့မနာသာ စကားလုံးတွေကို နားဝင်ချိုအောင် လွှဲပြောင်းပြောဆိုတတ်ကြတာတွေရှိပါတယ်။ "မုဒိန်းမှု" လို့ သုံးမယ့်အစား "ဗလက္ကာရပြုမှု" လို့ ဆိုတတ်ကြပါတယ်။ "မုဒိန်းကောင်" လို့ ဆိုမယ့်အစား "ဗလက္ကာရပြုကျင့်သူ" လို့ လွှဲပြောင်းပြောဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစကားလုံးတွေကို ကြားလိုက်ရတာ၊ ဖတ်လိုက်ရတာနဲ့ ကြားသူ၊ ဖတ်သူတွေရဲ့ စိတ်မနောမှာ မနှစ်လိုမှုတွေ ဖြစ်တတ်တာ ဓမ္မတာပါပဲ။ အကျင့်စရိုက်ဆိုးကို ဖော်ပြညွှန်းဆိုတဲ့ အသုံးအနှုန်းတစ်ခုပေကိုး။
"ဗလက္ကာရ" ဆိုတာ "အကြမ်းပတမ်း" (သို့) "အတင်းအဓမ္မ" လို့ အဓိပ္ဗာယ်ရတဲ့ ပါဠိစကားဖြစ်တယ်လို့ မှတ်သားမိပါတယ်။ ဦးဟုတ်စိန်ပါဠိ-မြန်မာ-အင်္ဂလိပ်အဘိဓာန်အရ အင်္ဂလိပ်လို By force ဆိုပြီး အဓိပ္ဗာယ်ပြန်ဆိုနိုင်ပါတယ်။ ဒီတော့လည်း "ဗလက္ကာရ" ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ "မုဒိန်း" ဆိုတဲ့ စကားလုံးနဲ့ အမြဲတစေ ညီမျှခြင်းချလို့ မဖြစ်ဘူးဆိုတာ လက်ခံရမပေါ့။ သာမန်အသုံးအနှုန်းမှာတော့ "ဗလက္ကာရ" ဆိုတာ "အတင်းအဓမ္မ" ဆိုတဲ့ အဓိပ္ဗာယ်ဆောင်ကြောင်း အာရုံပြုသင့်ပါတယ်။

မလေးသူရဲ့ ပညာရေးအိပ်မက်




ဖဘပေါ်မှ မိတ်ဆွေတစ်ချို့ရဲ့ အကျိုးဖြစ်စေမယ့် ကိုယ်တွေ့ကြုံတွေ့သိမြင်ရမှုတစ်ချို့ကို စကရင်ရှော့ရိုက်ပြီး ဖော်ပြလိုက်ပါတယ်။

မလေးရှားကနေ ဒီမှာ လာပြီး မဟာဘွဲ့တက်နေတဲ့ အဆောင်တူနေ ကျောင်းသူတစ်ယောက်နဲ့ ဒီနေ့ စကားပြောဖြစ်ကြတယ်။ သူက Speech pathology ဘာသာရပ်နဲ့ မဟာဘွဲ့တက်ရောက်နေပါတယ်။ ဒီဘာသာရပ်ကို Speech therapy လို့လည်း ခေါ်ပါသေးတယ်။ အပြောအဆိုနဲ့ ဘာသာစကားပိုင်းမှာ အခက်အခဲရှိသူတွေ ပိုမိုအဆင်ပြေလွယ်ကူစွာ ပြောဆိုဆက်သွယ်နိုင်အောင် ကူညီလေ့ကျင့်ပေးနိုင်တဲ့ ပညာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ကို ကျွမ်းကျင်တဲ့ ပညာရှင်ကို Speech pathologist (သို့) Speech therapist လို့ ခေါ်နိုင်ပေမပေါ့။
ကျွန်တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာတော့ ဒီဘာသာရပ်ကို သင်ယူဖို့ အခွင့်အလမ်း မရနိုင်သေးဘူးထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဒီဘာသာရပ်အကြောင်း တစ်ခါမှ ပြောသံမကြားဖူးခဲ့လို့ပါ။ ဒီနေ့တော့ ဒီဘာသာရပ်အကြောင်းကို သူ့ဆီက နည်းနည်း စူးစမ်းမေးမြန်းဖြစ်တာကို ဒီမှာ ပြန်ပြီးဖောက်သည်ချချင်ပါတယ်။

တရုတ်၊ ဘာသာဗေဒပါမောက္ခနှင့် တစ်နေ့တာမှတ်တမ်း

ပါမောက္ခဒေးဗစ်ဘရက်ဒလေ၊ ပါမောက္ခမယာဘရက်ဒလေနှင့် စာရေးသူ

ပါမောက္ခဒေးဗစ်ဘရက်ဒလေ ဟောပြောစဉ်








ဒီနေ့ ကျွန်တော့်ရည်ရွယ်ချက်တစ်ခု ပြည့်မြောက်ခဲ့တယ်လို့ ဆိုနိုင်တယ်။
ကျွန်တော် လာထရုဘ်တက္ကသိုလ်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော် လေးစားတဲ့ ပါမောက္ခနှစ်ဦး ဒီမှာ လုပ်ကိုင်နေလို့ ဖြစ်ပါတယ်။ တစ်ဦးက မြန်မာလူမျိုး ဘာသာဗေဒပညာရှင် ဆရာကြီး ဒေါက်တာသိန်းထွန်း ဖြစ်ပါတယ်။ နောက်တစ်ဦးက သြစတြေးလျနိုင်ငံသား ဘာသာဗေဒပညာရှင်ကြီး ပါမောက္ခ ဒေးဗစ်ဘရက်ဒလေ (David Bradley) ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးနှစ်ဦး ပညာရေးဌာနမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ချိန်က မြန်မာနိုင်ငံရဲ့ ဘာသာစကားတွေနဲ့ပတ်သက်တဲ့ တစ်ချို့သော သုတေသနစာတမ်းတွေကို တွဲဖက်သုတေသနပြု ရေးသားတင်ပြခဲ့ဖူးကြပါတယ်။ ဆရာကြီး ဒေါက်တာသိန်းထွန်းကတော့ ကျွန်တော် ဒီကိုရောက်တဲ့အချိန်မှာ အငြိမ်းစားယူပြီး အခု ကွင်းစလန်ပြည်နယ်မှာ နေထိုင်နေပြီ။ ၂၀၁၂ ခုနှစ်လောက်က အင်းဝစာအုပ်ဆိုင်ကနေ ဝယ်ယူဖြစ်ခဲ့တဲ့ ဘာသာဗေဒအခြေပြု အင်္ဂလိပ်စာရေးနည်းစာအုပ်ကစပြီး ဒေါက်တာသိန်းထွန်း၊ လာထရုဘ်တက္ကသိုလ်ဆိုတဲ့ အမည်တွေကို တွဲလျက်သား ရင်းနှီးခဲ့တယ်။ အခု ဆရာကြီးနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်း မရနိုင်တော့။

ကိုထွန်းမင်းနှင့် ကဏ္ဍစုံလင် လေးတောင်တခွင် Facebook Page တို့ဧ။် အင်တာဗျူး (အပြည့်အစုံ)

[ကျွန်တော်နဲ့ "ကဏ္ဍစုံလင်လေးတောင်တခွင်" Facebook Page တို့ ပြောဖြစ်ခဲ့တဲ့ အင်တာဗျူးအပြည်အစုံကို ဒီနေရာမှာ စုစည်းဖော်ပြလိုက်ပါတယ်။ ဒီအင်တာဗျူးကို စီစဉ်တင်ဆက်ပေးတဲ့ ကိုအောင်ဇေမင်းကို ကျေးဇူးတင်ပါတယ်။]
.
မေး။ ကိုထွန်းမင်းနေကောင်းပါလားခင်ဗျ။ ကိုထွန်းမင်း သြစတြေးလျနိုင်ငံမှာ မဟာဘွဲ့တက်ရောက်နေတယ်ဆိုတော့ ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ်ကို လေ့လာနေပါသလဲခင်ဗျာ။

TM: ဟုတ်ကဲ့။ နေကောင်းပါတယ်။ ကျွန်တော် အခု မဲလဘုန်းမြို့က La Trobe University မှာ မဟာပညာရေးဘွဲ့ (M.Ed) တက်ရောက်နေပါတယ်။ အထူးပြုဘာသာရပ်က သင်ရိုးလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးဘာသာရပ်ပါ။ ဒါပေမယ့် သင်ရိုးဆိုင်ရာဘာသာရပ်တွေအပြင် တခြားပညာရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေထဲက စိတ်ဝင်စားရာ ဘာသာရပ်တွေကိုလည်း ရွေးချယ်ယူရပါသေးတယ်။

မေး။ အဲဒီဘွဲ့အတွက် ဘယ်နှစ်နှစ် တက်ရောက်သင်ယူရမှာလဲခင်ဗျ။ အဲဒီကျောင်းမှာ မြန်မာပြည်ကကျောင်းသားတွေကောရှိပါသလား။

TM: ဟုတ်ကဲ့။ နှစ်နှစ်သင်တန်း ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော့်ရဲ့ နောက်ဆုံးပညာသင်နှစ်ဝက်ပါ။ ကျွန်တော် လာထရုတ်တက္ကသိုလ်ကို စရောက်တဲ့ ၂၀၁၅ ခုနှစ်မှာ မြန်မာကျောင်းသားတွေ သိပ်မများသေးဘူး။ စုစုပေါင်း လေးယောက်လောက်ပဲ ရှိဦးမယ်ဗျ။ ၂၀၁၆ ခုနှစ်မှာ နောက်ထပ် မြန်မာကျောင်းသားတွေတိုးလာတော့ အခုဆိုရင် မြန်မာကျောင်းသား၊ ကျောင်းသူတစ်ဆယ်ကျော်ရှိသွားပါပြီ။ Ph.D ကျောင်းသားနှစ်ဦးနဲ့ ကျန်တဲ့ Master ကျောင်းသားတွေ ရှိကြပါတယ်။

Monday 17 October 2016

Teacher education in Finland

by
Tun Min

Introduction
Finnish teachers are highly trained professionals. Since they have strong professional autonomy, they need to undergo high training level (Finnish National Board of Education (FNBE), n.d.-a, para.1). Further, it is strongly believed in Finland that pre-service teacher education is “the most important arena for developing professional knowledge” (Afdal, 2012, p.169). Hence, this essay will first present how teacher education policy originated and developed in Finland. Next, it will turn to how student teachers are normally selected and how initial Finnish teacher education is being implemented. Then, the author will make a brief explanation of teacher recruitment and in-service teacher training that were covered by one of the group members during the seminar presentation, before concluding the essay.

Thursday 13 October 2016

Bilingual education policy in Northern Territory of Australia, the implications on its development for educational leaders and its impact on the NT curricula


Tun Min


Introduction
One of the aims of the Australian national language policy is to support Indigenous language programs or to support the formal instruction of Indigenous languages in schools in Australia (Our Languages, 2016a, para.3). However, there seems to be occasional inconsistencies with this aim if the past practices of the Australian government are scrutinized. Bilingual education programs have been among the most significant Indigenous language programs in Australia. In this essay, the focus will be on bilingual education programs undertaken by the Indigenous people in Northern Territory. The essay will start with the definition of the term “bilingual education”, followed by an overview of the origin and development of bilingual education policy in Australia and Northern Territory. Next, it will discuss how education leaders in Northern Territory implicated the bilingual education policy and occasional pressures on it. Then, the consequences of this policy initiative on the current contexts of Northern Territory with an emphasis on its impact on the NT curriculum and alternative future directions for positive conditions for bilingual education will be analysed before concluding the essay.
The definition of bilingual education and a description of BE programs
Since the focus of this essay will be mainly associated with the term “bilingual education” (BE), it is deemed appropriate to define BE, discuss the main features of BE and present relevant BE programs in Northern Territory in this section.

Monday 10 October 2016

The benefits of a bilingual brain by Mia Nacamulli (​ဘာ​သာ​စ​ကား​နှစ်​မျိုး​တတ်​တဲ့ ​ဦး​နှောက်​ရဲ့ ​အ​ကျိုး​ကျေး​ဇူး​များ) (Myanmar + English)

It’s obvious that knowing more than one language can make certain things easier — like traveling or watching movies without subtitles. But are there other advantages to having a bilingual (or multilingual) brain? Mia Nacamulli details the three types of bilingual brains and shows how knowing more than one language keeps your brain healthy, complex and actively engaged. 
Lesson by Mia Nacamulli, animation by TED-Ed.] 
.

¿Hablas español? Parlez-vous français?
你会说中文吗?

If you answered, "sí," "oui," or "会"
and you're watching this in English,

chances are you belong to the world's
bilingual and multilingual majority.

And besides having
an easier time traveling

or watching movies without subtitles,

knowing two or more languages
means that your brain

may actually look and work differently
than those of your monolingual friends.

So what does it really
mean to know a language?

Language ability is typically measured
in two active parts, speaking and writing,

and two passive parts,
listening and reading.

While a balanced bilingual has near equal

abilities across the board
in two languages,

most bilinguals around the world
know and use their languages

in varying proportions.

Tuesday 4 October 2016

အပြစ်ဆိုခြင်းလို့ မမှတ်စီချင်ပါ (လေးတောင်မဂ္ဂဇင်းပါ ဆောင်းပါးနှစ်ပုဒ်နန့်ပတ်သက်ပနာ ဝေဖန်တင်ပြချက်)

ဟိုနိက ကျောင်းဆရာညီချေတစ်ယောက်နန့် အွန်လိုင်းကတစ်ဆင့် စကားလှမ်းပြောဖြစ်ကတ်တေ။ သူက မဂ္ဂဇိန်းမာပါရေ အကျွန့်ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိရေလို့ ဆိုပါရေ။ ယေခါ တစ်ဆက်တစ်စပ်တည်း ဇာပိုင် သဘောရလဲ၊ ပပွင့်လလင်း ဝီဖန်ပီးပါ လို့ဆိုခါ သူက ပြောပါရေ။ "ဖတ်လို့တော့ ကောင်းယင့်အစ်ကို။ ယေလေး စာရီးသူဧ။်အမြင်ဆိုရေ ဝတ္ထုဝီဖန်ချက်ပိုင်းကို ဝတ္ထုအစိတ်အပိုင်းလို့ ထင်လခပါရေ။ ခေါင်းစဉ်တပ်ထားစွာ မသေချာလို့ဖြစ်ဖို့" လို့ သူက ဆိုပါရေ။ ပြီးကေ သူက ယင်းစာမျက်နှာကို ဓာတ်ပုံရိုက်ပနာ ပို့ပီးပါရေ။ ယင်းစာမျက်နှာကို ကြည့်ပနာ နောက်ထပ်ပြောစရာတစ်ချို့ပါ ပေါ်လာလို့ ဒေစာကို ရီးပါရေ။ မဂ္ဂဇိန်း တည်းဖြတ်သူအဖွဲ့ကို အပြစ်ပြောခြင်းမဟုတ်ပါ။ ဝီဖန်တင်ပြခြင်းသက်သက်ရာ ဖြစ်ပါရေ။ မဂ္ဂဇိန်းပြန်လည်ထွက်ပေါ်နိုင်ရေးအတွက် အချိန်ကုန်လူပမ်းခံပေါ် ကြိုးစားပီးခကတ်တေ အဖအရွယ်၊ အစ်ကိုကြီးအရွယ် ပုဂ္ဂိုလ်ကြီးတိကို လေးစားကျေးဇူးတင်ပါကြောင်း ပထမဆုံး ပြောလိုပါရေ။ 
မဂ္ဂဇိန်းမာပါရေ ဒေဆောင်းပါးဧ။် ပထမစာမျက်နှာနန့် (အဂုပုံပါ) နောက်ဆုံးစာမျက်နှာကိုရာ အကျွန် မြင်ဖူးသိရေအတွက် ဒေထဲက အကြောင်းအရာတစ်ချို့ကိုရာ တင်ပြချင်ပါရေ။ ဒေဆောင်းပါးကိုပို့ခါ "ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်း (၃)" လို့ ခေါင်းစဉ်တပ်ခပါရေ။ "နိဒါန်း၊ ဝတ္ထုအကျဉ်း၊ ဝတ္ထုအပေါ် စာရေးသူဧ။် အမြင်" ဆိုရေ သုံးပိုင်းနန့် တင်ပြထားပါရေ။ ယေဒါလေး မဂ္ဂဇင်းထွက်လာရေခါ "မူရင်းခေါင်းစဉ်နန့် နိဒါန်း" ပျောက်နီရေအပြင် "ဝတ္ထုအကျဉ်း" ဆိုစွာကိုပါ ဖြုတ်ပြီးကေ "ရမ်းဗြဲဧ။် ဆည်းဆာ" လို့ရာ ခေါင်းစဉ်တပ်ထားပါရေ။ ဒေအထိ ပြဿနာမဟိပါသိ။ ရှေ့မာ ဖြုတ်ထားဟာနန့်အညီ ဆောင်းပါးနောက်ပိုင်းမာလေး သင့်တော်ရေပိုင် ဆိကေ ပြင်ဆင်တည်းဖြတ်လို့ရနိုင်သိလို့ ဖြစ်ပါရေ။
ယေဒါလေး နောက်ဆုံးပိုင်းမာ ပြင်ဆင်တည်းဖြတ်စွာတစ်ချို့က မသင့်တော်ရေအပြင် စာဖတ်သူကိုပါ ထင်ယောင်ထင်မှား ဖြစ်စီနိုင်ရေ အခြေအနေ ဖြစ်လခပါရေ။ စာရီးသူဟာ ဒေဝတ္ထုကို ဘာသာပြန်ခြင်းမဟုတ်ပါ။ ယေဒါလေး တည်းဖြတ်သူ ပြင်ဆင်ထားရေ မဂ္ဂဇင်းပါဆောင်းပါးမာ (စာရီးသူက) "ဘာသာပြန်ဖော်ပြ" လို့ ဖြစ်နီပါရေ။ အမှန်က ဘာသာပြန်ခြင်းမဟုတ်ပါ။ အင်္ဂလိပ်ဘာသာနန့်ရီးထားရေ ဝတ္ထုလတ်တစ်ခုလုံးကို Penguin Ladder Series မာ ဝတ္ထုအကျဉ်းရီးရေပုံစံမျိုးနန့် မူလရသမပျက်စီဘဲ အကျဉ်းရီးသားတင်ပြထားခြင်း (Abridgement) ရာ ဖြစ်ပါရေ။ ဘာသာပြန်ခြင်းနန့် ဝတ္ထုအကျဉ်းရီးခြင်း မတူပါ။ အကျွန် လိလာမှတ်သားဖူးသလောက်ဆိုရကေ ဘာသာပြန်ခြင်းမာ တိုက်ရိုက်ဘာသာပြန်ဆိုခြင်းနန့် ညှိယူဘာသာပြန်ဆိုခြင်းလို့ ဟိပါရေ။ ဝတ္ထုအကျဉ်းအဖြစ် ကိုယ့်စကားနန့်ကိုယ် တင်ပြခြင်းဟာ ဘာသာပြန်ဆိုခြင်းထဲမာ အကျုံးမဝင်ပါ။ Penguin Ladder Series, Longman Series စရေ ဂန္တဝင်ဝတ္ထုကြီးတိကို မူလရသမပျက်စီဘဲ အင်္ဂလိပ်ဘာသာနန့် ဝတ္ထုအကျဉ်း ရီးသားတင်ပြထားစွာတိ ကမ္ဘာ့စာပီမာ တွင်တွင်ကျယ်ကျယ် ဖြစ်နီစွာ ကြာပါယာ။ ယင်းပိုင် ဝတ္ထုအကျဉ်းရီးရေ ရည်ရွယ်ချက်က ကမ္ဘာကျော်ဝတ္ထုကြီးတိကို စကားလုံးလွယ်လွယ်နန့် စာဖတ်သူတိအကြား များများရောက်ပြီး မူလရသကို ခံစားနိုင်ယောင် ကြိုးပမ်းခြင်းဖြစ်တေလို့ နားလည်မိပါရေ။ ယေနန့် "ဘာသာပြန်ဖော်ပြလိုက်ပါသည်" ဆိုပြီးကေ စကားလုံးသုံးလိုက်ခြင်းက စာရီးသူအပေါ်လည်း အပြစ်မကင်းရေပိုင် ခံစားရစီပါရေ။ စာဖတ်သူရှုထောင့်က ကြည့်ရေခါလေး (မူရင်းဝတ္ထုလတ်ကို သိသူ၊ ဖတ်ဖူးရေ စာဖတ်သူဆိုပါကေ) စာရီးသူကို "ဘာသာပြန်ရေ" ဆိုပြီး လိမ်ညာရီးသားသူလို့ ထင်လားနိုင်ပါရေ။ ယေနန့် ယင်းပိုင် မသုံးနှုန်းသင့်ရေ စကားလုံးလို့ ဆိုခြင်း ဖြစ်ပါရေ။ "ဘာသာပြန်ဖော်ပြလိုက်ပါသည်" အစား စာမူဧ။်မူရင်းအတိုင်း "အကျဉ်းချုပ် တင်ပြလိုက်ပါသည်။" ဆိုကေ အမှန်အတိုင်း ဖြစ်ခပါဖို့။

Monday 3 October 2016

ဘုရားသခင်က ဆရာတွေကို ဘာကြောင့်ဖန်ဆင်းခဲ့ပါ့


ဘုရားသခင်က ဆရာတွေကို ဖန်ဆင်းပေးတာဟာ
လူသားတွေအတွက် မိတ်ဆွေကောင်းတွေ ပေးတာပါ။
ဘုရားသခင်ဖန်ဆင်းတဲ့ ကမ္ဘာလောကကြီးကို လူတွေနားလည်ဖို့၊
မြင်မြင်သမျှအရာတိုင်းရဲ့ ပသာဒနဲ့အဗ္ဘုတရသကို
အမှန် နားလည်စေဖို့နဲ့
လေ့လာတွေ့ရှိမှုတိုင်းနဲ့အတူ
ပိုမိုကောင်းမြတ်တဲ့ လူသားတွေဖြစ်လာစေဖို့
ဒီမိတ်ဆွေကောင်းတွေက စွမ်းဆောင်ပေးသပေါ့။
.
ဘုရားသခင်က ဆရာတွေကို ဖန်ဆင်းပေးတာဟာ
လူသားတွေအတွက် လမ်းပြကောင်းတွေ ပေးတာပါ။
လူ့ဘဝမှာ ရှင်သန်နေထိုင်ရမယ့် နည်းလမ်းတွေကို ညွှန်ပြပြီး
အမှားကိုရှောင် အမှန်ဆောင်နိုင်ဖို့
ဘယ်ပုံဘယ်နည်း စခန်းသွားရမယ်ဆိုတာ
လူသားတွေ ဆုံးဖြတ်တတ်စေဖို့၊
ကိုယ့်ဘဝကိုယ် ဦးဆောင်နိုင်အောင် ခေါင်းဆောင်ပေးရင်း
လောကဓံမုန်တိုင်းကြားမှာ သက်လုံကောင်းအောင်ကြိုးစားနည်း ပေးဖို့
ဒီလမ်းပြကောင်းက လမ်းညွှန်ပြသပေးသပေါ့။
.
ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ဥာဏ်တော်၊ မေတ္တာတော်နဲ့
ဆရာတွေကို ဖန်ဆင်းပေးတဲ့ အကြောင်းရင်းက
ပိုမိုကောင်းမွန်တဲ့၊ ပိုပြီးပညာရှိတဲ့ ကမ္ဘာလောကကို
လူသားတွေ ဖန်တီးတတ်အောင် ကူညီပေးဖို့ပါပဲ။
.
Trs: ဇွဲသစ် (ရမ္မာမြေ)
၎၊ ၁၀၊ ၂၀၁၆

ဆရာများ


ဆရာများသည်
တပည့်အပေါင်းဧ။် စိတ်အစဉ်ကို ဆေးခြယ်ပေးသူများ၊
အတွေးများကို လမ်းကြောင်းညွှန်ပြတည့်မတ်ပေးသူများ၊
တပည့်များဧ။် အောင်မြင်မှုကို မျှဝေတတ်သူများ၊
အမှားကို ထောက်ပြဝေဖန်အကြံဥာဏ်ပေးတတ်သူများပါ။
.
ဆရာများသည်
ယနေ့လူငယ်များကို ဦးဆောင်လမ်းပြပေးသည့်
လမ်းကြောင်းမှန်ကို တန်ဆောင်ဆီမီးထိန်ထိန်ညီးစေပြီး
အသိပညာနှင့် အမှန်တရားကို ချစ်မြတ်နိုးစိတ်
တဖွားဖွား ပေါ်လာစေသူများပါ။
.
ဆရာသင်ပြသော သင်ခန်းစာတိုင်း၊
ဆရာ့စကားမှာ ပွင့်သီလာသော အပြုံးတိုင်း၊
ဆရာကူညီပြီးမြောက်စေသော ပန်းတိုင်တိုင်းနှင့်အတူ
တပည့်များဧ။်အနာဂတ် ထွန်းလင်းလှပလာပါပကော။
.
ကဗျာဆရာတိုင်းဧ။် လင်းရောင်ပျို့ချိန်၊
ဒဿနဆရာတိုင်းဧ။် အရုဏ်ကျင်းချိန်နှင့်
မင်းဧကရာဇ်တိုင်းဧ။် နံနက်ဆည်းဆာသည်
ဆရာတစ်ဦးဦးနှင့် သူဧ။် ဥာဏ်ပညာဖြင့်
အစပြုရသည်ချည်းတကား။
.
Trs: ဇွဲသစ် (ရမ္မာမြေ)
၎၊ ၁၀၊ ၂၀၁၆
.
(၂၀၁၆၊ အောက်တိုဘာ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ကို ဤဘာသာပြန်ကဗျာဖြင့် ဂုဏ်ပြုကြိုဆိုပါသည်။)

Friday 30 September 2016

ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စပ်မိစပ်ရာ

ဒီနေ့ ပီရူးနိုင်ငံက သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်ကြတယ်။ ဟိုအကြောင်းဒီအကြောင်း စကားစပ်မိရင်း ဒီဘွဲ့ပြီးရင် ဘာလုပ်မလဲဆိုပြီး သူက မေးတယ်။ ကိုယ်က မြန်မာနိုင်ငံပြန်မယ်။ အရင် အလုပ်ထဲပဲ ပြန်ဝင်မယ်လို့ ပြောတော့ သူက ပြောတယ်။ "ငါတော့ ငါတို့နိုင်ငံက ပညာရေးနယ်ပယ်မှာ လုပ်နေသူတွေရတဲ့ လစာကိုကြည့်ပြီး စိတ်ပျက်မိတယ်။ သြစီဒေါ်လာ ၁၀၀၀ နီးပါးပဲ လစာရကြတယ်။ အဲဒီလစာလောက်နဲ့ အိမ်စရိတ်ပေးဖို့တောင်အနိုင်နိုင်ပဲ။ မလောက်ငနိုင်ဘူး။" တဲ့။ 
သူ ညည်းညူနေတာကို ကြည့်ပြီး ကိုယ်တောင် ရယ်ချင်သွားတယ်။ ကိုယ်တွေဆီမှာဆိုရင် ဆရာ၊ ဆရာမတွေနဲ့ အစိုးရဝန်ထမ်းလစာက အင်မတန်နည်းပါတယ်။ ဒါတောင် နည်းနည်း လစာတိုးထားလို့။ အရင်ကဆို ပိုဆိုးပေါ့။ သို့ပေမယ့် လစာတိုးတယ်လို့ လေသံပစ်တာနဲ့ကို ကုန်ဈေးနှုန်းတွေက ခုန်ပျံကျော်လွှား သိုင်းကစားတော့တာပါပဲ။ ဒီတော့လည်း လစာတိုးတဲ့လမှာ အဆင်ပြေသလိုလိုရှိလှပေမယ့် နောက်လတွေမှာတော့ ဒုံရင်းအတိုင်း ပြန်ပြန်ရောက်သွားတတ်တာ ဝန်ထမ်းတွေ နောကျေနေခဲ့တာ ကြာပါပြီ။

ပီရူးက သူငယ်ချင်းက ကိုယ့်ကို မေးတယ်။ မြန်မာနိုင်ငံက လက်ရှိရာထူးမှာ လစာ ဘယ်လောက်ရသလဲ ...တဲ့။ လက်ရှိရာထူးမှာ ရတဲ့ လစာက သြစီဒေါ်လာ (၂၀၀) လောက်နဲ့ ညီတယ်၊ အရင်ရာထူးရဲ့ လစာက သြစီဒေါ်လာ (၁၄၄) နဲ့ ညီတယ်လို့ သူ့ကို ပြန်ပြောတော့ သူ တအံ့တသြ ရေရွတ်လိုက်တယ်။ "ငါတို့ ပီရူးနိုင်ငံက ဆရာ၊ ဆရာမတွေရဲ့ လစာသာ နည်းတယ်၊ ငါတို့ အတော် အခြေအနေဆိုးနေပါလားလို့ ထင်ထားတာ။ အခုတော့ ငါတို့ထက်ပိုဆိုးတဲ့ နိုင်ငံတစ်နိုင်ငံကို တွေ့တာပဲ။" တဲ့။ 
သူက ဆက်မေးပါတယ်။ "အဲဒီလစာလေးလောက်နဲ့ ဆရာ၊ ဆရာမတွေ ဘယ်လိုများ ရပ်တည်နိုင်ကြလဲ" တဲ့။ ကိုယ်ကတော့ စိတ်မကောင်းစွာနဲ့ ပြန်ဖြေရတယ်။ "ဘယ်လိုလုပ် ရပ်တည်နိုင်မလဲဟ။ တခြားအလုပ်တွေနဲ့ အပိုဝင်ငွေရှာကြရသေးတာပေါ့။ ရာထူးငယ်လေ လစာပိုနည်းလေ။ ပို မလောက်ငလေ။ သူတို့ ဘဝတွေ ပိုခက်ခဲလေပဲ။" လို့။

လစာအကြောင်းပြောတော့ ဖင်လန်နိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာကို သွားသတိရမိလိုက်တယ်။ ဖင်လန်နိုင်ငံမှာတော့ သူငယ်တန်းဆရာ၊ ဆရာမတွေရဲ့ လစာဟာ ယူရိုငွေ (၂၆၀၀) ပါတဲ့။ မြန်မာငွေနဲ့ဆိုရင် (၃၆) သိန်းခွဲနဲ့ ညီပါတယ်။ Grade 1 ကနေ Grade 6 သင်ရတဲ့ မူလတန်းပြဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၃၅၀၀) (မြန်မာငွေ ၄၉ သိန်းကျော်) ရပါတယ်။ Grade 7 ကနေ Grade 9 အထိ သင်ရတဲ့ ဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၃၉၀၀) (မြန်မာငွေ ၅၅ သိန်းနီးပါး) ရပါတယ်။ Grade 10 ကနေ တက္ကသိုလ်ဝင်တန်းအထိ သင်ရတဲ့ ဆရာ၊ ဆရာမတွေက လစာ ယူရိုငွေ (၄၅၀၀) (မြန်မာငွေ ၆၃ သိန်းကျော်) ရပါတယ်။ အလယ်တန်းကျောင်းအုပ်က လစာ ယူရိုငွေ (၅၅၀၀) (မြန်မာငွေ ၇၇ သိန်းကျော်) ရပါတယ်။ အထက်တန်းအထက်ဆင့်ကျောင်းအုပ်က လစာ ယူရိုငွေ (၅၈၀၀) (မြန်မာငွေ ၈၁ သိန်းကျော်) ရပါတယ်။ ဒါတောင် ၂၀၁၄ ခုနှစ်ထုတ်ပြန်ချက်အရပါတဲ့ဗျ။ အခု လစာထပ်တိုးသွားချင် တိုးသွားလောက်ပါပြီ။

Saturday 24 September 2016

Battle for Burma (မြန်မာပြည်သိမ်းတိုက်ပွဲကြီး)


This relatively short but highly informative video clip present a comprehensive picture of how the Allied Forces took back Burma (now known as Myanmar) from the hands of the Japanese during the World War II. 

Massacre on Ramree Island (ရမ်းဗြဲကျွန်းပေါ်မှ အစုလိုက်အပြုံလိုက် လူသတ်မှုကြီး)


ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး အတော်လေး လန့်သွားကြမယ်ထင်ပါ့။ :) မလန့်ပါနဲ့ဗျာ။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉ ၄၅ ခုနှစ်က အကြောင်းပါ။ လူသတ်မှုကြီးလို့ ခေါ်လို့တော့ ရပါတယ်။ ဒါပေမယ့် လူလူချင်း သတ်တာမဟုတ်။ ရေငန်မိကျောင်းတွေက ဂျပန်စစ်သားတွေကို ကိုက်ဖြတ်စားသောက်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ "တစ်ကြိမ်တည်းသော မိကျောင်းတိုက်ခိုက်မှုတွင် လူအသေအပျောက်အများဆုံးဖြစ်ရပ်" ဆိုပြီး ဂင်းနစ်မှတ်တမ်းကြီးကတော့ မှတ်တမ်းတင်ထားလေရဲ့။ ဒီအကြောင်းကို အတော်လေး ပြည့်ပြည့်စုံစုံ တင်ပြထားတာမို့ ဒီမှာ ပြန်ရှယ်လိုက်ပါတယ်။ နောက်အားတော့မှ ဘာသာပြန်သင့်ရင် ပြန်ပါဦးမယ်။
.
လေးစားစွာ
.
ဇွဲသစ် (ရမ္မာမြေ)
၂၄.၉ .၂၀၁၆ (Sat)

Tuesday 20 September 2016

ရမ်းဗြဲကျွန်းတိုက်ပွဲ (မှတ်တမ်းဗွီဒီယို) (မြန်မာ + အင်္ဂလိပ် စာတန်းထိုး)


ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများက ဂျပန်နှင့် မဟာမိတ်တပ်တို့အကြား ဖြစ်ပွားခဲ့သော ရမ်းဗြဲကျွန်းတိုက်ပွဲ မှတ်တမ်းဗွီဒီယိုကို အင်္ဂလိပ် + မြန်မာ စာတန်းထိုး တင်လိုက်ပါတယ်။ တစ်ချို့နေရာမှာ အသံ သိပ်မရှင်းလင်းလို့ ပီပီသသမကြားရတာကြောင့် စာတန်းထိုးရာမှာ အနည်းငယ် လွဲချော်မှုရှိရင် ဝေဖန်ထောက်ပြပေးနိုင်ပါတယ်။ အတတ်နိုင်ဆုံး အင်္ဂလိပ်စာတန်းထိုးနဲ့ မြန်မာဘာသာပြန်ကို တင်ပြထားခြင်းသာ ဖြစ်ပါတယ်။ ဒီ Youtube ဗွီဒီယိုမှာ စာတန်းထိုးတွေကို ကြည့်ချင်ရင်  Setting>>>Subtitles>>>English (or) Myanmar(Burmese) ကို အဆင့်ဆင့် နှိပ်ပြီး ကြည့်နိုင်ပါတယ်။
အဆင်ပြေကြပါစေ။
.
လေးစားစွာ
.
ဇွဲသစ်(ရမ္မာမြေ)

Saturday 10 September 2016

မအိပ်စက်ရင် ဘာဖြစ်မလဲ

[သင်္ခန်းစာအပြည့်အစုံကို ကြည့်ရန်လင့် - http://ed.ted.com/lessons/what-would-happen-if-you-didn-t-sleep-claudia-aguirre ]

[အမေရိကန်နိုင်ငံတွင် လူကြီး (၃၀) ရာခိုင်နှုန်းနှင့် ဆယ်ကျော်သက် (၆၆) ရာခိုင်နှုန်းမှာ ပုံမှန်အိပ်ရေးပျက်နေသည်ဟု ခန့်မှန့်ကြသည်။ ၎င်းသည် သာမန်အဆင်မပြေမှုသက်သက်မဟုတ်ပေ။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်ကို ကြီးစွာဆိုးကျိုးဖြစ်စေသောကြောင့် ဖြစ်သည်။ မအိပ်ဘဲနေလျှင် ခန္ဓာကိုယ်နှင့်ဦးနှောက် မည်သို့ဖြစ်နိုင်ကြောင်း ကလော်ဒီယာအဂီရီက ရှင်းပြထားသည်။
ကလော်ဒီယာအဂီရီဧ။် သင်္ခန်းစာကို TED-Ed က သရုပ်ဖော်သည်။]
.
မအိပ်စက်ရင် ဘာဖြစ်မလဲ
=============
.
(၁၉၆၅)​​ ခု​နှစ်​​က အသက် (၁၇​)​ နှစ်​အရွယ် အ​​ထက်​​တန်းကျောင်း​​သား​​ရန်​​ဒီ​​ဂါ​​နာ​​ဟာ (၂၆၄)​နာ​ရီ​ကြာ​ကြာ မ​အိပ်​ဘဲ​နေ​ပါတယ်မ​အိပ်​ရင်​ဘယ်​လို​နေ​မ​လဲ သိ​နိုင်ဖို့ (၁၁)​ ရက်​တာစမ်းသပ်ချက်ပါပဲ။ ဒု​တိ​ယ​နေ့​မှာ​မျက်​လုံး​တွေ အာ​ရုံ​စိုက်​မ​ရ​တော့​ဘူးနောက်ထိ​တွေ့​သိ​နိုင်​မှု ပျောက်​လာ​ရောတ​တိ​ယ​နေ့​မှာ​ ဂါ​နာ​ဟာ မျက်နှာသုန်​မှုန်​ပြီး​ စ​နစ်​ကျ​မလုပ်နိုင်တော့​ဘူးစမ်း​သပ်​မှု​အ​ပြီး​ သူ​ဟာ အာရုံစိုက်​ဖို့​ ကြိုး​စား​နေ​ရ​တယ်ကာ​လ​တို​မှတ်​ဥာဏ် သုံး​ရ​ခက်​လာ​တယ်က​ယောင်​က​တမ်း ဖြစ်​လာ​တယ်။ သွေး​လေ​ချောက်​ခြားလာ​တယ်ရေ​ရှည်​စိတ်​ပိုင်း​နဲ့ ရုပ်​ပိုင်း​ဆိုင်​ရာ ချို့​ယွင်း​မှု​မ​ဖြစ်​ဘဲ ဂါနာ ​ပြန်​သက်သာလာ​ပေ​မယ့် တ​ပါး​သူ​တွေအ​ဖို့​တော့ အိပ်​ပျက်​တာဟာ ဟော်​မုန်း​ဟန်​ချက်​မ​ညီ​ဖြစ်​စေ​တယ်နေ​​မ​​ကောင်း​​တာအ​လွန်​ဆုံး ​သေ​တာထိ ဖြစ်​စေ​နိုင်​တယ်
.
ဘာ​လို့​ အိပ်​ရ​တာ​လဲဆို​တာ​ နား​လည်​ပြီ​ပေါ့။ ဒါပေမယ့်

Thursday 8 September 2016

ပညာရေးမရဏတောင်ကြားမှ လွတ်မြောက်အောင် လုပ်ဆောင်နည်း (ဆာ ကင် ရော်ဘင်ဆင်)

(အညွှန်း - ဆာ ကင် ရော်ဘင်ဆင်က လူသားတွေရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးစေဖို့ အင်မတန်အရေးကြီးတဲ့ အခြေခံသဘောတရားသုံးခုကို ချပြထားတယ်။ လက်ရှိပညာရေးယဉ်ကျေးမှုက ဒီအခြေခံမူတွေနဲ့ ဘယ်လိုမျိုး ဆန့်ကျင်ကွဲလွဲနေတာလဲဆိုတာကိုပါ တင်ပြထားတယ်။ ဟာသစွက်တဲ့ စိတ်အားတက်ကြွစရာ ဒီဟောပြောချက်ထဲမှာ ကျွန်တော်တို့ အခု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပညာရေး "မရဏတောင်ကြား" ကနေ ဘယ်လိုရုန်းထွက်နိုင်မယ်ဆိုတာ ဆွေးနွေးထားပါတယ်။ ဒါ့အပြင် ဖြစ်နိုင်မှုဆိုတဲ့ အခြေအနေတစ်ခုနဲ့ ကျွန်တော်တို့ရဲ့ လူငယ်မျိုးဆက်သစ်တွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာပါ ဆွေးနွေးပြထားပါတယ်။)

အင်​​မ​​တန်​ကျေး​​ဇူး​​တင်​​ပါ​​တယ်​​ခင်​​ဗျ။

လွန်​​ခဲ့​​တဲ့ (၁၂)​​နှစ်​​ကကျွန်​​တော့်​​အ​​မျိုး​​သ​​မီး
တယ်​​ရီ​​ရယ်၊ ​​က​​လေး​​နှစ်​​ယောက်​​ရယ်​​နဲ့​​အ​​တူ
အ​​မေ​​ရိ​​က​​ကို ​​ကျွန်​​တော်​ပြောင်း​​လာ​​ခဲ့​​တယ်။

တ​​ကယ်​​တမ်း​ပြော​ရ​​ရင်ကျွန်​​တော်​​တို့​​တွေ
လော့စ်​​အိန်​​ဂျ​​လိ​​မြို့​​ဆီ ​ပြောင်း​​လာ​​ခဲ့​​တာ​​ဗျ။