Friday 11 December 2015

မမောက်ပါနှင့်


+ လူ့ပြည်ရောက်ခိုက်၊ စိတ်လိုလိုက်၍
မိုက်မဲမောက်မာ၊ သင် ပျော်ရှာသည်
ပညာကြောင့်လား၊ ငွေကြောင့်လား
ဥစ္စာကြောင့်လား၊ လှဂုဏ်လား။

+ လောကလူ့ရွာ၊ ဤပြည်သာ၌
ပညာမာန၊ ထောင်လွှားကြလည်း
ဥစ္စာမာန၊ ဝင့်ဝါကြလည်း
အလှမာန၊ ဂုဏ်ဝင့်ကြလည်း
အနိစ္စဟု၊ ဝိဂြိုလ်ပြုလိမ့်
ယခုမာန၊ ထောင်လွှားပြက
ကျလုဆဲသာ၊ ဆိုကြပါ၏။

+ သြော် … ဟိုတစ်နေ့က၊ ကြားလိုက်ရသည်
သလိပ်ခြစ်သံ၊ လမ်းမှပျံ၍
ကျွန်ုပ်ကြည့်သည်၊ သူများလေးလား
အတွေးပွားလည်း၊ မျက်ထားပေါ်ခါ
သံရှင်မှာမူ၊ ရေလာထမ်းတဲ့
ပမ်းပမ်းဟိုက်ဟိုက်၊ ဟောဟဲလိုက်သည့်
ခေါင်းငိုက်ဆိုက်နှင့်၊ ကုလားကြီး။

+ သူ့အဇ္ဈတ္တ၊ သူ့ဘဝကား
မည်မျှမြင့်မား၊ မိုးထိသွားစေ
ချောင်းဆိုးသံလည်း၊ တူသယောင်
သလိပ်ခြစ်သံလည်း၊ မကွာပေါင်
မြင့်ဦးမှာလား၊ ဘဝင်ကောင်။ ။


By: ဇွဲသစ် (ရမ္မာမြေ)

No comments:

Post a Comment