Friday 11 December 2015

ညီလေးဖတ်ဖို့သိစေဖို့


ညီငယ်သွေးသစ် ၊ တွေးတောဖြစ်လော့။

ညီလေးအရွယ် ၊ လူအငယ်လေး
အားငယ်သေးချိန်၊ အားဝေးချိန်မှာ
အားမှိန်အားနည်း ၊ အားပျော့သည်းလိမ့်။


ညီလေးအရွယ် ၊ ညီအငယ်လေး
ပန်းတိုင်ဝေးချိန်၊ လမ်းလေးမပေါက်
ဘေးမရောက်ဖို့၊ တွေးထောက်စဉ်းစား
ဆရာများနှင့်၊ ဘိုးဘွားမိဘ
ဆိုဆုံးမလျှင် ၊ ထောင်နားဆင်လော့။

တစ်ခါတစ်ခါ၊ သူကသာလည်း
ကိုယ်မှာမေတ္တာ၊ လွှမ်းခြုံကာဖြင့်
ကောင်းစွာချိုမြ၊ ပြုံးပြနှုတ်ဆက်
ချီးကျူးဆက်လော့။

တစ်ခါတစ်ခါ၊ ကိုယ်ကသာ၍
သူ့မှာအောက်ဆုံး၊ ရောက်ရှိတုံး (တုန်း)တွင်
သနားကြင်လော့။

လောကဓမ္မတာ၊ စကြုံလှာရ
ငယ်ကာလတွင်၊ စိတ်ဘဝင်ဝယ်
လွန်ပင်ယိုင်နဲ့၊ ဖြစ်တုံခဲ့လဲ (လည်း)
ဖြစ်မြဲဓမ္မတာ၊ စွဲမှတ်ကာဖြင့်
ကြီးစွာကြိုးစား၊ ပညာပွားစေ
သိများဝေ၍၊ ထူးထွေတိုးပွား
လူကောင်းများနှင့်၊ များပြားလူတော်
ဇမ္ဗူမော်တွင်၊ ထင်ပေါ်ကျော်ကြား
ပညာများရှင်၊ လွန်ပီပြင်လိမ့်။

ပညာတတ်လျှင်၊ ပညာရှင်ဟု
လွန်ပင်ထင်ရှား၊ ဂုဏ်ဖွံ့ထွား၏။

ပညာတတ်သူ၊ ဤဇမ္ဗူဝယ်
အောင်သူသဏ္ဍာန်၊ ပီပြင်ပြန်၍
အားခွန်မစိုက်၊ ခေါင်းသုံးလိုက်ကာ
ဘဝသာ၏။

ညီလေးအရွယ်၊ ညီအငယ်လေး
အားဝယ်မမှိန်၊ အားတင်းချိန်တွင်
အချိန်ရှိခိုက်၊ လုံ့လစိုက်က
ရထိုက်ပန်းတိုင်၊ ဘယ်မယိုင်သည်
မဏ္ဍိုင်ထွန်းသို့၊ လှလွန်း၍။
ရွယ်ရာစခန်းသို့၊ တက်လှမ်းလှဲ့ (လှည့်)။
ချိန်ခါကောင်း၍၊ လမ်းပွင့်ဆဲ။

By: ဇွဲသစ် (ရမ္မာမြေ)

၃၀၊ ၈၊ ၂၀၁၃ (သောကြာနေ့)

No comments:

Post a Comment