Friday 11 December 2015

ပုခုံးပေါ်မှ ဝန်

ပုခုံးပေါ်မှ ဝန်
………………….

ညီချစ်ထွေးငဲ့
ပျောင်းမနွဲ့နှင့်။


ငေးမိငေးရာ
တွေးမိရာတွေး
ဆွေးရာဆွေး၍
အေးအေးလူလူ
မနေနှင့်။

ရှေ့ခရီးတွင်
ကိုယ်ပင်မက
ကိုယ့်မျိုး၊ဘာသာ
သာသနာတွက်
တက်တက်ကြွကြွ
ကြိုးပမ်းကြရန်
အချိန်တန်ပြီ
နိုင်ရာဝန်လည်း
ထမ်းချိန်သင့်၊
ထမ်းရန်ဝန်လည်း
ပုခုံးပေါ်အသင့်။

By: ဇွဲသစ် (ရမ္မာမြေ)

၆၊ ၉၊ ၂၀၁၃ (သောကြာနေ့)

No comments:

Post a Comment