Friday 11 December 2015

လေးတောင်


+ နာမေက “လေးတောင်“ လတ်
လေးတောင်မက အရပ်ရှည်ရေ လူတိ
ပျော်မွိကတ်တေ ဒေမြီ။


+ “တိုက်နယ်“ ဆိုရေ နာမနန့်
“ရမ်းဗြဲ“ ဆိုရေ မြို့နယ်တွင်းမာ
အနောက်မြောက်ယွန်းယွန်းက နီရာယူလို့
“အနောက်မြစ်“ လို့ ခေါ်ရေ မာန်အောင်ရီလက်ကြားက
မာန်အောင်ကျွန်းနန့် ရမ်းဗြဲကျွန်းကို
အဆာသွတ်ထားရေ။
မြောက်ဘက်မာ ကင်းမြစ်ခြား
ကျောက်ဖြူမြို့နယ်ပိုင် ကင်းနဂါးတောင် ကိုလည်း
ဆန်တင်မော် ကမ်းက လှမ်းမြင်ယင့်။
အရှိဘက်မာ “ကံဒိုင်းနယ်“ လတ်
မိဖုရားစောမဲကျီ ဇာတိမြီ
လွမ်းမောစရာ သမိုင်းသျှေနန့်
လှိုင်းတွန့်သျှေပိုင် တည်လို့။
တောင်ဘက်မာ ဟုန်းနယ်လတ်
အရိပ်မည်းတိ ဇာတ်ကလို့
သွီးမြီကျခရေ “သီတာထွေး“ ရို့ရွာနန့် နံဘားချေ။

+ ရွာ (၁၅) ရွာ ဆူကြုံနိမ့်မြင့် ဝပ်နီကတ်ယင့်
ယေဂေလည်း မာန်ဟိရေ နာမေပိုင်ရှင်တိ
ထော … ကြည့်ဂတ်ဖိ လူရို့ 
ဆန်တင်မော်နားက “နဂါး“ ပါးပျိုင်းထောင်ရေ အချိန်မာ
ပေါင်းတော်ဓာတ် ဟိရေ “ကျောက်တွေ“ ကလည်း
ခန္ဓာကိုယ်ကို ဆန့်တန်းပြလို့။
လိုင်ရိုးတော်ဓာတ် အရိပ်ခိုရေ “ရွာထက်“ လည်း
ဆရာတော်ဦးပညာ တန်ခိုးနန့် ထင်ရှားယင့်
မဟောင်းသိရေ “ရွာဟောင်း“ ကလည်း
ကောင်းသတင်း ဝီပနာ ပနံရနီယင့်။
အလှမဆင်ဘဲ လှချင်တိုင်းလှနီရေ
“ဇရပ်ပြင်“ ကလည်း
လေးတောင်နယ်ဧ့ ပညာဘဏ္ဍာတိုက် ကျောင်းမဟာကို
ဝင့်ထည်စွာ ပိုင်ဆိုင်လို့ ။
ကျက်သရေ မဆုံးရေ “ငှက်ရွှေကုန်း“ ကလည်း
မြောက်ဘက်နားမာ ပျော်ပါး။
နတ်တောင်ကို ခေါင်းအုံးပနာ အိပ်နီရေ
“စလင်ပေါ်“ ကလည်း
ကင်းမြစ်ဘက်ကို လှမ်းမျှော်လို့။
ပီပြင်ရေ စရိုက်နန့် “သပြီဆိပ်“ ကလည်း
တမူဆန်းပြားနီယင့်။
ကွမ်းသီးတောတိ တဗျင်းပေါလို့
ကွမ်းသီးတိ အိုင်ပြည့်ရရေ “ကွမ်းအိုင်“ ကလည်း
အစွမ်းပိုင် လီယင့်။
အရှေ့ဘက်သို့ ဆိကေ အစွန်းထွက်ပနာ
အမိခက်အောင် လှနီရေ
“အရှေ့ဘက်မော်“ လည်း ရှိနီယင့်။
ကျက်သရေ စုံရေ “စပါးတုံ“ ကလည်း
ဆန်းသစ်လို့ ။
တောတောင်အနားက “တောလယ်“ လည်း
စိတ်မာ တွယ်စီယင့်။
ဆီးရုံ၊ ဈီး၊ ရဲစခန်းနန့်
တဗျင်း ဆန်းသစ်ပိုမိုရေ
“သရက်ချို“ လည်း လှယင့်။
အပီအပြင်ကောင်းရေ
“ငပြီချောင်း“ ကလည်း
ပန်းရံဆရာကြီးဦးချက်ဖားကြောင့် ကျော်လီယင့်။
အသင်းအပင်းစိတ်ဝင်ရေ
“ကင်းဆိပ်ပြင်“ က
ငယ်ဂေလည်း စုစုစည်းစည်း။

+ “ဇာဒီတောင်“ ထက်က
“လိုင်ရိုးတော်ဓာတ်“ လည်း မိဖုရားစောမဲကျီဧ့
ကောင်းမှုတော်ကြောင့် ဝင့်ထည်
နှစ်ဆန်းတစ်ရက်မာ
ရွာတိုင်းက အပျို၊ လူပျိုတန်းတိနန့် စည်လို့။

+ ဝါးကျိန်ပြင် ထိုင်တော်မူဘုရားကလည်း
သပ္ပာယ်စွာ စံပယ်လို့
သင်္ကြန်ပျံပြီး နှစ်ဆန်း (၃) ရက်နိတိုင်း
ကျင်ပွဲ၊ လျှောတိုင်တက်ပွဲ၊ ဇာတ်ပွဲတိနန့်
ပျော်စရာ အတိ။

+ လွှတ်တော်အမတ်၊ ဒု-ဝန်ကြီး စရေ ထူးချွန်သူတိ
ပေါ်ထွန်းခဗျာယ်။
အဆိုတော်လည်း ထွက်ဖူးဗျာယ်။
ပညာထူးချွန်သူတိလည်း ဟိခဗျာယ်။
လက်မှုပညာမာ ထက်မြက်သူတိလည်း
များခဗျာယ်။
အဂုထိလည်း ထွက်ပေါ်နီဆဲ။

+ ဒေမြီ၊ ဒေရီ၊ ဒေလီမာ
ဗုဒ္ဓရနံ့ ကြိုင်သင်း
နူးညံ့သိမ်မွေ့ရေ
စိတ်ထားပိုင်ရှင်တိ မွိပျော် 
အမျိုး၊ ဘာသာ၊ သာသနာရေးအတွက်
ငြိမ်းအေးစွာ ကြံ့ကြံ့ခံလို့
စည်းလုံးညီညွတ်တေ
ညီအစ်ကိုစိတ်အပြည့်နန့်
သီဆိုဖြိုက်ကတ်တေ
သံပြိုင်တေးခြင်းတိ လွင့်ပျံနီယင့်။

+ ရှိကလခရေ လူတိကလည်း ကောင်းဗျာလ်
အဂု ငရို့တိလည်း နနောင်း လားကျိုက်ပနာ ကြိုးစားဂေ
နောက်က လာကတ်တေ လူတိလည်း ခေါင်းမရှောင်ဂေ
ငရို့နယ်နန့် ရခိုင်ပြည်အလှကို
နောင်အနာဂတ်မာ ပိုတိုးပနာ
စိန်စီထားနိုင်ဖို့ပါမလားယေ အဆွီရို့ ။

By: ဇွဲသစ် (ရမ္မာမြီ)

၁၁.၃.၂ဝ၁၄

No comments:

Post a Comment