Friday 11 December 2015

မသာ


မသာဆိုမှတော့
မသာပါဘူး။



သကာစားရပေမယ့်
ဗျာများရတယ်။


လက်ဖက်ရည်ကြမ်းတိုက်ပေမယ့်
ကျက်သရေနွမ်းတဲ့အခြေ။


ဖဲဝိုင်းစည်
အရက်ဝိုင်းတည်လို့ ရီဝေ။


အပူသည်အိမ်သားတွေအတွက်
ရတက်ပိုပွားစေတာက
သူတို့တွေရဲ့ …
ဆူညံသံ…
ဆဲဆိုသံ…
ရန်ဖြစ်သံ …
ဒေါသသံ …


ဒါတွေက
အဖော်လုပ်ပေးမတဲ့လား ?!?


မြန်မာတွေအကြားပြောကြ
“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်“ တဲ့…
ရှုတတ်ရင် ဘာဝနာပဲကိုး…


ဒါပေမယ့် … ခုတော့ ….
ယဉ်ကျေးမှုအသစ်တွေ ပေါ်ထွန်း
“ဖဲဝိုင်း ယဉ်ကျေးမှု“ တဲ့
“အရက်ဝိုင်း ယဉ်ကျေးမှု“ တဲ့
ကဲ…. ကောင်းရော………….။


သြော် …
မသာ … မသာ … မသာ …
မသာယာတဲ့ တကယ့်မသာ … ။ ။


By: ဇွဲသစ် (ရမ္မာမြေ)

၈၊ ၁၀ ၊ ၂၀၁၃ (အင်္ဂါနေ့)

No comments:

Post a Comment