Wednesday 30 December 2015

အချိန်မီသေးတယ် Thailand (Myanmar + English)

အချိန်မီသေးတယ် Thailand 
------------------------------------

မတရားအကွက်ဆင်ပြီး သေဒဏ်ပေးနိုင်ခဲ့လို့ 
မင်းတို့ နိုင်သွာပြီလို့  ထင်သလား

မြန်မာနိုင်ငံကို သိက္ခာချလိုက်တယ်ဆိုပြီး
မင်းတို့ ပျော်နေလား

ကမ္ဘာ့စာပေစင်မြင့်ထက်မှ ရမ်းဗြဲကျွန်းအကြောင်း (၃)

Sunset on Ramree (Robert Appleton) (ရမ်းဗြဲဧ။် ဆည်းဆာ ဝတ္ထုအကျဉ်း)
+++++++++++++++++++++++++++++++++++++++++
(၁၉၄၅) ခုနှစ်၊ ဖေဖော်ဝါရီ (၁၉) ရက်နေ့။ ဒုတိယကမ္ဘာစစ်မီး အပြီးတိုင်ငြိမ်းဖို့အချိန် နီးသထက်နီးလာပေပြီ။ ပစ္စက္ခအခြေအနေ၌ကား မဟာမိတ်တပ်များ ဝန်းရံပိတ်ဆို့ထားမှုကြောင့် ရမ်းဗြဲကျွန်းပေါ်မှ အင်အားတစ်ထောင်မျှရှိသည့် ဂျပန်တပ် တောတွင်းသို့ ကစဉ့်ကလျား ဆုတ်ခွာနေရချိန် ဖြစ်သည်။
ဆုတ်ခွာရာလမ်းတစ်လျှောက် ငှက်ဖျားမိ၍ သေသူသေ၊ ကင်းမြီးကောက် အကိုက်ခံရ၍

Friday 11 December 2015

လေးတောင်


+ နာမေက “လေးတောင်“ လတ်
လေးတောင်မက အရပ်ရှည်ရေ လူတိ
ပျော်မွိကတ်တေ ဒေမြီ။

အိပ်မက်ထဲက ချစ်သူသို့


ငါမမေ့၍
နွေနေ့တစ်ရက်
ငါမြင်မက်သည်..
အိပ်မက်ထဲက ချစ်သူကို...

စာအုပ်အငှားဆိုင်များနှင့်စာကြည့်တိုက်များ၏ ငိုကြွေးသံ


… ခေတ်ပြောင်းခဲ့ပြီ။
စနစ်ပြောင်းခဲ့ပြီ။
စိတ်ပြောင်းခဲ့ပြီ။
ရာစုပြောင်းခဲ့ပြီ။
မြန်မာပြည်ပြောင်းခဲ့ပြီ။
အတော်များများပြောင်းခဲ့ပြီ။

ညီလေးဖတ်ဖို့သိစေဖို့


ညီငယ်သွေးသစ် ၊ တွေးတောဖြစ်လော့။

ညီလေးအရွယ် ၊ လူအငယ်လေး
အားငယ်သေးချိန်၊ အားဝေးချိန်မှာ
အားမှိန်အားနည်း ၊ အားပျော့သည်းလိမ့်။

ပုခုံးပေါ်မှ ဝန်

ပုခုံးပေါ်မှ ဝန်
………………….

ညီချစ်ထွေးငဲ့
ပျောင်းမနွဲ့နှင့်။

မသာ


မသာဆိုမှတော့
မသာပါဘူး။

Light and Might


Two candles bright
At night.

Wind blowing
Makes one dying.

Lo! Behold!
Another struggling
And not easily waning,
Never bowing!

Both giving light,
But not having equal might.
What a sight!

By: Zwe Thit (Rammarmray)

19.10.2013

ငှက်တစ်သောင်းနားနိုင်တဲ့ ကုက္ကိုလ်ပင်



A rain tree for a hundred thousand birds!
............................................


Replete with cool shade,

Value of a tree made.

ဥယျာဉ်မှူး၏ စိတ်ထား


ပန်းလှတစ်ပွင့်
ဆန်းတင့်လို့ထည်။

အမင်ထံသို့ ရင်ဖွင့်စာ


အို ... အမင် ...
လောကသမုဒ်ပြင်ကျယ်မာ
လောဘအယှုပ်တိစည်လို့
မောဟအစုပ်ဖုံး
တုံးတိကြီးဖြစ်လခရေ လူတိကိုလေး
တွိရပါယင့် ...

မမောက်ပါနှင့်


+ လူ့ပြည်ရောက်ခိုက်၊ စိတ်လိုလိုက်၍
မိုက်မဲမောက်မာ၊ သင် ပျော်ရှာသည်
ပညာကြောင့်လား၊ ငွေကြောင့်လား
ဥစ္စာကြောင့်လား၊ လှဂုဏ်လား။

Sunday 6 December 2015

လှူဒါန်းသည်ဆိုရာ၌


ရန်ကုန်မှာ တက္ကသိုလ်တက်နေတုန်း ပြင်ပအင်္ဂလိပ်ဘာသာစကားသင်တဲ့ဆရာတစ်ယောက်က ပြောခဲ့ဖူးတဲ့စကားလေး စိတ်ထဲမှာ စွဲနေမိတယ်။

Monday 30 November 2015

ကြိုးစားခဲ့လျှင် (တစ်မျက်နှာဝတ္ထု)


“အဲလောက်တောင် ကျက်နေရတာလားကွ။ ငါ့သားသာ ကြိုးစားရင် အင်မတန်စာတော်မှာ။ အခု သူ မကြိုးစားလို့ပေါ့။ ကြိုးသာကြိုးစားရင်တော့ မင်းထက် အများကြီးသာမှာ အမှန်ပဲ”

အချိန်ရှိတိုင်း စာကြိုးစားနေသူ မောင်ကျော်ဇောကို သူနှင့်အတန်းတူကျောင်းသား မောင်မင်းအောင်ဧ။် ဖခင်က အထက်ပါအတိုင်း ပြောလာသည်။

Sunday 29 November 2015

ရွှေဘုံပေါ်စံလျှက်ရယ်မှ (ဘာသာပြန်ဝတ္ထုတို)


၁။ မက်(စ့)အတွက်ဘဝတစ်ဆစ်ချိုးအချိန်

မက် (စ့) ပရိုက်သည် ပျော်ပျော်နေတတ်သူတစ်ဦးဖြစ်၏။သူသည်ဇနီးဖြစ်သူ အိန်ဂျလာနှင့် သား စတီဖင်၊ သမီးဂျူလီယက်တို့အပေါ်အချစ် ပိုလွန်းသူဖြစ်သည်။မက် (စ်) တို့မိသားစုသည် စိတ်ကြည်နူးစဖွယ် တိုက်ခန်းငယ်တစ်ခုတွင် နေထိုင်ကြ၏။ မိတ်ဆွေကောင်းများလည်းပေါများလှ၏။ ပရိုက်တတို့ မိသားစုကား ပျော်ရွှင်သော မိသားစုတစ်စု ဖြစ်သည်။

အမြင်


တစ်နေ့မှာ အလွန်ချမ်းသာတဲ့ မိသားစုတစ်စုက အဖေဖြစ်သူဟာ လယ်တောတွေရှိတဲ့ ကျေးလက်ဒေသဆီ သားဖြစ်သူကို ခေါ်သွားခဲ့ပါသတဲ့။ ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ကြသလဲဆိုတာ သားဖြစ်သူကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ပေါ့လေ။ သူတို့သားအဖဟာ အလွန်ဆင်းရဲတဲ့ မိသားစုတစ်စုလို့ ထင်ရတဲ့ မိသားစုတစ်စုရဲ့ လယ်တောထဲမှာ ၂ ရက်၊ ၂ ညလောက် အချိန်ကုန်လွန်စေခဲ့ကြတယ်။ သူတို့ရဲ့ အပြန်လမ်းခရီးမှာ အဖေဖြစ်သူက သားကို မေးတယ်။ “သားရေ … ခရီးသွားရတာ ဘယ်လိုနေလဲကွ။“

အပြုံးတစ်ပွင့်


ဘာမှ မကုန်ကျပေမယ့် ပေးဖြစ်သွားတာ များစေတဲ့ ... အပြုံးတစ်ပွင့် ...

ပေးသူတွေကို ဆင်းရဲနုံချာမသွားစေဘဲ လက်ခံရယူသူများကို ပြည့်စုံကြွယ်ဝသွားစေတဲ့ ... အပြုံးတစ်ပွင့် ...

စမတ်ကျသော ပန်းတိုင်များ


တကယ်လို့ သင်ဟာ လူအများစုကို သူတို့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဘာလဲလို့ မေးလိုက်ရင် ဝိုးတိုးဝါးတား အဖြေတွေသာ ပေးလာကြဖို့များပါတယ်။ ဥပမာ -“ကျွန်တော်ကတော့ အောင်မြင်ချင်တယ်။ ကျွန်မကတော့ ပျော်ရွှင်ချင်တယ်။ ကျွန်တော်ကတော့ ကောင်းကောင်းမွန်မွန်လေး နေသွားချင်ပါတယ်။“ ဆိုတာမျိုးလောက်ပါပဲ။ ဒါတွေက ဆန္ဒတွေချည်းပဲ ဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တွေ မဟုတ်ပါဘူး။

ပန်းတိုင်တွေဆိုတာ ဘာကြောင့် အရေးကြီးပါသလဲ


အားအကောင်းဆုံးမှန်ဘီလူးကို ရွှေ့ရွှေ့နေရင် နေရောင်ခြည်အလင်းလက်ဆုံးနေခင်းအချိန်မှာတောင် စက္ကူကို မီးစွဲလောင်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့် မှန်ဘီလူးကို ချိန်ရွယ်ပြီး ငြိမ်ငြိမ်ထားပေးလိုက်ရင် စက္ကူဟာ မီးလောင်သွားပါလိမ့်မယ်။ ဒါဟာ စူးစိုက်မှုရဲ့ စွမ်းအားပါပဲ။

မျက်လုံးတစ်ဖက်လပ်နဲ့ အမေ


ကျွန်တော့် အမေဟာ မျက်လုံးတစ်ဘက်လပ်ပါ။ ကျွန်တော် သူမကို မုန်းတီးခဲ့တယ်။ သူမဟာ ကျွန်တော့်အတွက် အရှက်ရစေသူတစ်ယောက် ဖြစ်ခဲ့တယ်။ အမေဟာ မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ ကျောင်းသားတွေ၊ ဆရာတွေအတွက် ထမင်း၊ ဟင်း ချက်ပြုတ်ပေးရသူပါ။

လျှပ်တပြက် သူတို့


ကျွန်တော်ကားပေါ်တက်လိုက်တယ် ဆို၇င်ပဲ သူတို့တွေကို တွေ့ပါလေရော။
သူတို့ဆိုတာက ဘောင်းဘီရှည်ဝတ်၊ ဆံပင်ရှည်ရှည်၊ ရက်ပါစတိုင် ဝတ်ထားလေတဲ့ သူတို့တွေရယ်လေ။ လက်တွေမှာလည်း မင်ထိုးထားလေရဲ့။

ဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်၏ ဘုန်းတော်ဘွဲ့ မင်္ဂလာ ရတုပိုဒ်စုံ


ခေါင်ဇာနည်ဝင်၊ ပြောင်မာတင်တည့်၊
မြရှင်သကျ၊ သမ္ဗုဒ္ဓ၏၊
ပတ္တရင်းစစ်၊ ဖြစ်ကြီးဖြစ်၍၊
မဟစ္ဆရိ၊ အံ့လောက်ဘိသား၊
တြိသာသနာ၊ စက်ရောင်ဝါနှင့်၊
မြန်မာမျိုးညွန့်၊ ညှိုးမတွန့်အောင်၊
သက်စွန့်လျက်ပင်၊ ရှေ့လမ်းထွင်သား၊
အရှင်ဥတ္တမ၊ ထေရိန္ဒလျှင်၊
ဝံသပါလိတ်၊ ရဲတိဟိတ်သို့၊
စိတ်စေတနာ၊ စူးစိုက်စွာလျှင်၊
မဟာဝရဇိန်၊ မိုးကြိုးရှိန်သို့၊
ပစ်ချိန်ကျင်းကျင်း၊ ရန်မာန်ခွင်းသည်၊
ဘက်ကင်းတေဇာရှိန်ဘုရား။

The talk presented by Daw Saw Khin Tint, the chairperson of Arakanese Literature and Cultural Association


The talk presented by Daw Saw Khin Tint, the chairperson of Arakanese Literature and Cultural Association, at Aloetawpyi Monastery of Rathetaung Township, Rakhine State,
on 27th June, 2012
........................................................................................

Today, I’d like to talk about some facts that Arakanese should know.

ကဗျာဆရာ၊ စာရေးဆရာနဲ့ ကျွန်တော့်အတွေး


ကျွန်တော် ငယ်ငယ်တုန်းကပေါ့။
ကဗျာလေးတွေကို တအားချစ်တယ်။ ကလေးကဗျာတွေပေါ့ ... မောင်ညိုမှိုင်းကဗျာများ ဆိုလားပဲ။ အဲဒီထဲက ကဗျာလေးတွေဆိုရင် သိပ်ကြိုက်ခဲ့တယ်။ သင်ခန်းစာယူစရာတွေ၊ သိမှတ်စရာတွေနဲ့ ပြည့်နေလေတော့ ကြိုက်လွန်းလို့ အလွတ်ဖတ်ခဲ့ဖူးတယ်။

ခရစ်စမတ်နှင့်တစ်ခုသော အမှတ်တရ


ခရစ်စမတ်ရောက်ပြီဆိုရင် တက္ကသိုလ်တုန်းက သူငယ်ချင်းတစ်ယောက်ကို သွားသွားသတိရတယ်။

သူနဲ့အတူတူ သင်တန်းတက်ဖူးတယ်။ စ၊ နောက် ပျော်ရွှင်ခဲ့ဖူးတယ်။

Saturday 28 November 2015

ဘာလဲဟဲ့...လောကဓံ


အသက်ကြီးလာသည်နှင့်အမျှ တာဝန်ပိုလာသော လူ့ဘဝ။

တာဝန်ပိုလာသည်နှင့်အမျှ ပိုမို ပင်ပမ်းလာသော လူ့ဘဝ။

ပိုမို ပင်ပန်းသည်နှင့်အမျှ ပိုမို ငြီးငွေ့ချင်လာသော လူ့ဘဝ။

ကျုပ်တို့ ဘာလုပ်ဖို့လိုသေးလဲ


သူငယ်ချင်းတစ်ယောက်က ပြန်ပြောခဲ့တဲ့ စကားတစ်ခုပါ။

သူ... ပြည်ပတက္ကသိုလ်တွေနဲ့ မြန်မာအစိုးရပူးပေါင်းဖွင့်လှစ်တဲ့ ပြည်တွင်းသင်တန်းတစ်ခုမှာ ကျန်တဲ့ ပညာတတ်တွေပါ ပါဝင်တဲ့ သင်တန်းတစ်ခုကို တက်ရောက်ခွင့်ရပါသတဲ့။

ရိုးမှု၊ အ,မှု နှင့် Generation Gap


Photo credit: http://generationgap2015.blogspot.com.au/2014/05/generation-gap.html
တိုးတက်မှုနှင့် သူ့အမြင် ထဲက ဇာတ်လိုက်ဖြစ်သူ ကျွန်တော့်အဒေါ်ပေါ့။

အဲဒီထဲမှာလည်း အရမ်းရိုးတယ်လို့ဆိုခဲ့တယ်။

ခု... သူဘယ်လောက်ရိုးသလဲဆိုတာ ပြောချင်တယ်။

3 Idiots (ငပေါသုံးယောက်)

Photo credit: http://jaysonchristinejoy.blogspot.com.au/2014/06/3idiots-bollywood-2009-movie-that.html
မနေ့က စတေးတပ်တစ်ခုတင်ခဲ့တယ်။

အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံ နဲ့ ဘောပင်၊ ခဲတံအကြောင်း။

အဲဒီမှာ ကျွန်တော့် မိတ်ဆွေတစ်ယောက်က 3 Idiots ဇာတ်ကားအကြောင်း ပြောဖြစ်ခဲ့တယ်။

ရှက်မိတာအမှန်ပါ


တစ်လောတုန်းက ကွန်ပျူတာဆိုင် ရောက်ခဲ့တယ်။

လက်တော့က Google Chrome မှာ ဇော်ဂျီ ဖောင့် ထည့်ဖို့ပါပဲ။

ပိုက်ဆံပါသွားတာက တစ်သောင်းခွဲပါ။

ညနေပိုင်း လေးနာရီကတည်းက ရောက်ခဲ့တယ်၊

ဒါပေမယ့် ကွန်ပျူတာပြင်သူက ပထမအကြိမ် ထည့်ပြီးစမ်းကြည့်တယ်။ အဆင်မပြေဘူး။

ဒုတိယအကြိမ် ထည့်ကြည့်တယ်။

စွဲလမ်းဖူးတဲ့ ဒီစာအုပ် နှင့် ကျွန်တော့် ဟီရိုးများ


သူ တဲ့။ စာအုပ်နာမည်။ နာမည်ကြီးစာရေးဆရာရဲ့ နာမည်ကြီးစာတစ်အုပ်။

စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးကျွမ်းကျင်နှံစပ်သူ ဂျာနယ်ကျော် ဦးချစ်မောင် ရေးခဲ့တဲ့ စာအုပ်။

ပုပ္ပား၊ တောင်ပြုံး၊ နတ်များ၊ ဗုဒ္ဓဘာသာနှင့် သားတစ်ယောက်ကိုသာမြင်သည့် ကျွန်တော်

Photo credit: http://www.befriendtravels.com/destination/mount-popa/
ပုပ္ပားကိုရောက်ခဲ့တယ်။

တောင်ပေါ်တက်ခဲ့တယ်။

နတ်(ရုပ်)တွေအများကြီး တွေ့ခဲ့တယ်။

Myna, the beauty


I saw a bird which you call ‘mina’, somewhere on my way to school yesterday. You know, I hadn’t noticed it well before and the sight of the bird still haunts me. Oh, how beautiful it was! Not it, but they, I should say because I saw a couple of minas. A mina is a kind of bird, a bit bigger than a gull. It has two beautiful round eyes, ringing with eyelashes of bluish and indigo color, to look for things and be aware of dangers.

ကျွန်တော်က ဗုဒ္ဓဘာသာပါ ?!?


ကျွန်တော်တို့တွေ ပြောကြတာကို သတိထားပြီး လေ့လာကြည့်မိတယ်။ ငါတို့က ဗုဒ္ဓဘာသာတွေ ... ဆိုတာမျိုးကို တွေ့တွေ့နေရတယ်။ အကျင့်လို ဖြစ်နေတာမျိုးပါ။ ဘယ်သူတွေမှာ ဒီလိုအကျင့်ဖြစ်နေတာလဲ ဆိုရင် အတော်များများမှာကို ဖြစ်နေပါတယ်။ ပညာတတ်လူကြီးလူကောင်းတွေမှာလည်း ဒီအကျင့်မျိုးတွေ့ရတယ်။

သူတို့နှင့်ကျွှန်ုပ်


(၁)

သူတို့ဆိုသည်မှာ သူတို့တက္ကစီသမားများကို ဆိုလိုပြီး၊ ကျွန်ုပ်ဆိုသည်မှာကား ကျွှန်ုပ်ဇွဲသစ် ဖြစ်ပေ၏။

ငွေကြေးမချမ်းသာ၍ ကားမဝယ်နိုင်သူ ကျွှန်ုပ်ဇွဲသစ်တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် တက္ကစီဆရာတို့ကို အားကိုးအားထားပြုရရှာသည်။ ငွေကြေးပေါလွန်းနေ၍ကားမဟုတ်။ ထို အကြောင်းအမျိုးမျိုးဟူသော စကားလုံးများကြောင့်ပင် ဖြစ်သည်။