Saturday 28 November 2015

ကျုပ်တို့ ဘာလုပ်ဖို့လိုသေးလဲ


သူငယ်ချင်းတစ်ယောက်က ပြန်ပြောခဲ့တဲ့ စကားတစ်ခုပါ။

သူ... ပြည်ပတက္ကသိုလ်တွေနဲ့ မြန်မာအစိုးရပူးပေါင်းဖွင့်လှစ်တဲ့ ပြည်တွင်းသင်တန်းတစ်ခုမှာ ကျန်တဲ့ ပညာတတ်တွေပါ ပါဝင်တဲ့ သင်တန်းတစ်ခုကို တက်ရောက်ခွင့်ရပါသတဲ့။


အဲဒီမှာ သင်တဲ့ စာတွေကတော့ ခက်တယ်၊ အင်္ဂလိပ်လိုလည်း ပြောသင်တယ်ဆိုတော့ လုံးစေ့ပတ်စေ့ နားမလည်ကြသူတွေများတယ်ဆိုပဲ..။

အဲလိုနဲ့ စာမေးပွဲဖြေရတဲ့အခါမှာ စာမရခိုးကြည့်ကြသပေါ့လေ...။

ခိုးမကြည့်သူတွေက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်ဆိုပဲ...။

အဲဒါကို သူငယ်ချင်းက သိပ်စိတ်မကောင်းဖြစ်နေတယ်..။

တစ်ချို့တွေကျတော့လည်း တကယ်တော်ပါပေတယ်။ မရရင် ရသလောက်ပဲ ကြိုးစားပြီးဖြေမယ်။
စာကူးချတာမျိုးတော့ မလုပ်ဘူးဆိုပြီး သိသလောက်၊ မှတ်ထားသလောက်နဲ့ ကြိုးစားဖြေကြတယ်တဲ့...။

ပြည်ပက ဆရာတွေက အဲလိုလုပ်လို့မရဘူး၊ မလုပ်ပါနဲ့ဆိုရင်လည်း မရဘူးတဲ့...။

အရမ်းကို စည်းကမ်းမဲ့လွန်းနေတယ်ပေါ့လေ။

အဲဒါကို ပြောအပြီး ကျွန်တော့်သူငယ်ချင်း ရင်နာနာ ပြောလိုက်တဲ့စကားက ကျွန်တော့်ကို ဆွံအသွားစေခဲ့တယ်ဗျာ....။

"ဟေ့ကောင်ရာ... တို့ နိုင်ငံက တကယ့်တော်တယ်ဆိုပြီး ဒီသင်တန်းအတွက် လက်ရွေးစင် ရွေးထားခဲ့တဲ့ သူတွေက ဒီလိုမျိုး စာခိုးတယ်ဆိုတော့ မင်းစဉ်းစားကြည့်တော့ကွာ... ပြည်ပက လာသင်တဲ့ ဆရာတွေ ငါတို့လူမျိုးတွေကို ဘယ်လောက်များအထင်သေးသွားမလဲဆိုတာကို... အဲဒီသင်တန်းမှာ ငါတို့တွေဟာ နိုင်ငံကို ကိုယ်စားပြုသူတွေပဲလေ..။ ငါတို့က ဒီလိုမျိုးလုပ်လိုက်တာ ငါတို့နိုင်ငံနဲ့ ငါတို့လူမျိုးအပေါ် တိုင်းတပါးသားတွေရဲ့ အထင်သေးမှုကတော့ ပြောမပြောချင်တော့ပါဘူးကွာ...။ အဲဒီနိုင်ငံခြားသားတွေဆိုရင် တော်တော်ကို စိတ်ညစ်ကြရှာတယ်။ ငါပြောချင်တာကတော့ကွာ ကိုယ်ရချင်ရင် ကိုယ်ကြိုးစား၊ မကြိုးစားဘဲနဲ့ အချောင်လိုချင်ရင်တော့ သူခိုးတွေပဲကွ။ တို့တွေဒီလိုမျိုး စာရိတ္တကောင်းအောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်တော့ ကိုယ်တိုင်လည်း အများကြီး ကြိုးစားကြဖို့လိုတယ်။ ကိုယ့်မျိုးဆက်တွေကိုလည်း အစဉ်တစိုက် လေ့ကျင့်ပျိုးထောင်ပေးဖို့လိုနေပြီကွာ..." တဲ့ဗျာ...။

ကဲဗျာ... ခင်ဗျားတို့ကော ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားဖြစ်နေကြရဲ့လားဗျာ...။

By: ဇွဲသစ် (ရမ္မာမြေ)

၅၊ ၆၊ ၂၀၁၃ (ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment