Monday 30 November 2015

ကြိုးစားခဲ့လျှင် (တစ်မျက်နှာဝတ္ထု)


“အဲလောက်တောင် ကျက်နေရတာလားကွ။ ငါ့သားသာ ကြိုးစားရင် အင်မတန်စာတော်မှာ။ အခု သူ မကြိုးစားလို့ပေါ့။ ကြိုးသာကြိုးစားရင်တော့ မင်းထက် အများကြီးသာမှာ အမှန်ပဲ”

အချိန်ရှိတိုင်း စာကြိုးစားနေသူ မောင်ကျော်ဇောကို သူနှင့်အတန်းတူကျောင်းသား မောင်မင်းအောင်ဧ။် ဖခင်က အထက်ပါအတိုင်း ပြောလာသည်။


မောင်ကျော်ဇောတို့ မိသားစုက ဆင်းရဲသည်။ မိခင်မုဆိုးမ။ ညီအစ်ကိုမောင်နှမများက အများသား။ မိခင်က သားသမီးတို့ဧ။် ပညာရေးအတွက် ထောက်ပံ့နိုင်အောင် အလုပ်အမျိုးမျိုးလုပ်၍ ကြိုးပမ်းသည်။ သားသမီးများကလည်း လိမ္မာရေးခြားရှိသလို စာကြိုးစားကြသည်။

မောင်မင်းအောင်တို့ မိသားစုမှာ ချမ်းသာကြသည်။ မောင်မင်းအောင်မှာ တစ်ဦးတည်းသောသားဖြစ်သဖြင့် မိဘများဧ။် ချစ်ခင်အလိုလိုက်ခြင်းကို ခံရသည်။ မောင်မင်းအောင်နှင့် မောင်ကျော်ဇောတို့ဘဝမှာ မိုးနှင့်မြေလိုပင်။

မောင်ကျော်ဇောမှာ တစ်နှစ်တစ်တန်းမှန်မှန်အောင်သည်။ တစ်ခါတစ်ရံ ဆုရတတ်သည်။ မောင်မင်းအောင်မှာမူ စာမကြိုးစား။ နေချင်သလိုနေတတ်သည်။ ကျောင်းပြေးတတ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နှစ်ကျရှုံးထားသူ။ မည်သို့ဆိုစေ ယခုနှစ်တွင်ကား သူတို့နှစ်ယောက် တစ်တန်းတည်း၊ တစ်ခန်းတည်း အတူတူတက်ကြရသည်ပင်။

မောင်ကျော်ဇော စာကြိုးစားသလောက် မောင်မင်းအောင်မှာ စာမဖတ်ပေ။ မောင်မင်းအောင်မှာ တစ်ခါတစ်ရံ အပေါင်းအသင်းများနှင့် အရက်သောက်တတ်သည်။ ကြက်တိုက်သည်။ ဖဲဝိုင်းတွင်လည်း ဝင်ပါတတ်သေးသည်။ မောင်ကျော်ဇောမှာမူ တစ်နှစ်ပတ်လုံး စာကြိုးစားနေခဲ့သည်။

ထိုနှစ် စာမေးပွဲအောင်စာရင်းထွက်လာသောအခါ မောင်ကျော်ဇောမှာ ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သည်။ မောင်မင်းအောင်မှာမူ စာမေးပွဲကျသည်။ စာမေးပွဲကျသဖြင့် စိတ်ညစ်၍ အပေါင်းအသင်းများနှင့်အတူ အရက်သောက်လိုက်ကြသေးသည်ဟု ဆိုသည်။ နောက်နှစ်တွင် စိတ်ဓာတ်ကျသဖြင့် စာမေးပွဲမဖြေတော့ချေ။

မောင်ကျော်ဇော မြို့သို့တက်၍ ဆေးကျောင်းတက်ရသည်။ ကျောင်းပြီး၍ ရွာသို့အလည်ပြန်လာချိန်တွင် အရက်မူးမူးဖြင့် လမ်းပေါ်တွင် ဒယိမ်းဒယိုင် သွားလာနေသော မောင်မင်းအောင်ကို တွေ့တွေ့နေရသည်။ အရက်မူးလာချိန်တွင် ပါးစပ်မှ မျိုးစုံအော်ဆဲနေတတ်သည်။ ရွာတွင် မူး၍ အော်ဆဲတတ်သဖြင့် မကြာခဏ ဒဏ်ငွေအရိုက်ခံရသည်ဟု ပြောကြသည်။ မောင်ကျော်ဇောနှင့် မျက်နှာချင်းဆိုင်တွေ့လျှင်လည်း မခေါ်မပြောချင်သလို တစ်ဖက်သို့ မျက်နှာလွှဲသွားတတ်သည်။ မောင်ကျော်ဇောကမူ မောင်မင်းအောင်အပေါ် အခင်မင်မပျက်ချင်။ သို့သော် သူက မိမိနှင့် အတွေ့ပင်မခံတော့။

တစ်နေ့ မောင်မင်းအောင်ဧ။် အဖေနှင့် မောင်ကျော်ဇောတွေ့သည်။ လွန်ခဲ့သော ခုနစ်နှစ်အချိန်ကအတိုင်း သူ့အမူအရာမှာ မပြောင်းလဲသေး။ မောင်ကျော်ဇောဧ။် မျက်နှာကို ကွက်ခနဲကြည့်၍ သူ ပြောလာသည်။

“မင်းက အခုတော့ ဆရာဝန်ဖြစ်တော့မှာပေါ့နော်။ အေးကွာ … ငါတို့သားလေးလည်း ကြိုးစားခဲ့ရင် ဆရာဝန်၊ အင်ဂျင်နီယာလောက်တော့ အပျော့ပေါ့ကွာ”

စကားကမူ ပုံစံမပြောင်းလဲသေး။ သို့သော် နှစ်လရှည်ကြာခဲ့ပြီ။ ဘဝများလည်း မတူကြတော့ … ။

လေးစားလျှက်

ဇွဲသစ် (ရမ္မာမြေ)


(၂၀၁၄ ခုနှစ်တွင် ထုတ်ဝေသော “ပညာရေးတက္ကသိုလ်ရွှေရတုမဂ္ဂဇင်း” တွင် ပုံနှိပ်ဖော်ပြပြီးသော တစ်မျက်နှာဝတ္ထု ဖြစ်သည်။)

2 comments:

  1. Hi, congratulations for your blog!!

    I have a blog also, about philately: http://albumdeestampillas.blogspot.com
    I intend to get a visit from every country, so I would really apreciate a visit from Myanmar.
    Thanks,
    Pablo from Argentina

    ReplyDelete
    Replies
    1. Hi Pablo,

      Thank you for your visit to my blog. I did visit your blog. It is really fantastic. But I am now in Australia, and gonna be back in Myanmar in 2017. If I may suggest, I'd like you to put up Google Translator so that we, who don't read Spanish, can translate the content into English. I believe it will attract more readers.to your already successful blog more than before.
      Regards,
      Zwe Thit (Rammarmray)

      Delete