Sunday 29 November 2015

စမတ်ကျသော ပန်းတိုင်များ


တကယ်လို့ သင်ဟာ လူအများစုကို သူတို့ဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဘာလဲလို့ မေးလိုက်ရင် ဝိုးတိုးဝါးတား အဖြေတွေသာ ပေးလာကြဖို့များပါတယ်။ ဥပမာ -“ကျွန်တော်ကတော့ အောင်မြင်ချင်တယ်။ ကျွန်မကတော့ ပျော်ရွှင်ချင်တယ်။ ကျွန်တော်ကတော့ ကောင်းကောင်းမွန်မွန်လေး နေသွားချင်ပါတယ်။“ ဆိုတာမျိုးလောက်ပါပဲ။ ဒါတွေက ဆန္ဒတွေချည်းပဲ ဖြစ်ပါတယ်။ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်တွေ မဟုတ်ပါဘူး။


ပန်းတိုင်တွေဆိုတာ တကယ့်ကို စမတ်ကျကျ (SMART) ဖြစ်နေရပါမယ်။

၁။ S – specific ပန်းတိုင်ဟာ သတ်သတ်မှတ်မှတ် ရှိရပါမယ်။ ဥပမာ - “ကျွန်မ ဝိတ်လျှော့ချင်တယ်“ လို့ ပြောရင် လိုရာဆွဲတွေးတာပါပဲ။ “ရက် ကိုးဆယ်အတွင်း ဆယ်ပေါင် ဝိတ်ကျအောင်လုပ်မယ်“ ဆိုပြီး သတ်သတ်မှတ်မှတ် ရည်ရွယ်လုပ်ဆောင်တော့မှ ပန်းတိုင်ရယ်လို့ ဖြစ်လာတာပါ။

၂။ M – measurable ပန်းတိုင်ဟာ တိုင်းတာနိုင်ရပါမယ်။ ပန်းတိုင်ကို မတိုင်းတာနိုင်ဘူးဆိုရင် အဲဒါကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပါဘူး။ တိုင်းတာမှုဆိုတာ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ပဲ့ကိုင်ထိန်းမတ်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။

၃။ A – achievable ပန်းတိုင်ဆိုတာ ရရှိနိုင်ရပါမယ်။ ရရှိနိုင်တဲ့ ပန်းတိုင်ဆိုတာဟာ စိန်ခေါ်မှုဖြစ်နိုင်လောက်အောင် အလှမ်းဝေးရပါမယ်။ ဒါပေမယ့် မမြင်နိုင်လောက်အောင်တော့ မဖြစ်နေရပါ။ အဲလိုမှမဟုတ်ရင် စိတ်ပျက်အားလျှော့သွားတတ်ပါတယ်။

၎။ R – realistic ပန်းတိုင်ဆိုတာ လက်တွေ့ ကျရပါမယ်။ ရက်သုံးဆယ်အတွင်းမှာ ပေါင် ငါးဆယ် ဝိတ်ကျချင်တဲ့သူတစ်ယောက်ဟာ လက်တွေ့ မကျလှပါဘူး။

၅။ T – time-bound ပန်းတိုင်ဆိုတာ အချိန်ကန့်သတ်ချက်ဘောင်အတွင်း ရှိနေရပါမယ်။ ဘယ်နေ့ စလုပ်မယ်၊ ဘယ်နေ့ ပြီးရမယ်ဆိုတာမျိုး ရှိသင့်ပါတယ်။

ဘာသာပြန် - ဇွဲသစ် (ရမ္မာမြေ)

Source: Internet

No comments:

Post a Comment