အားအကောင်းဆုံးမှန်ဘီလူးကို ရွှေ့ရွှေ့နေရင်
နေရောင်ခြည်အလင်းလက်ဆုံးနေခင်းအချိန်မှာတောင် စက္ကူကို မီးစွဲလောင်အောင် မစွမ်းဆောင်နိုင်ပါဘူး။
ဒါပေမယ့် မှန်ဘီလူးကို ချိန်ရွယ်ပြီး ငြိမ်ငြိမ်ထားပေးလိုက်ရင် စက္ကူဟာ မီးလောင်သွားပါလိမ့်မယ်။
ဒါဟာ စူးစိုက်မှုရဲ့ စွမ်းအားပါပဲ။
လူတစ်ယောက် ခရီးသွားနေတယ်။ လမ်းဆုံတစ်ခုကိုရောက်တော့
ရပ်လိုက်တယ်။ သူက အဘိုးအိုတစ်ယောက်ကို မေးတယ်။ “ဒီလမ်းအတိုင်းသွားရင် ဘယ်ကို ရောက်ပါမလဲခင်ဗျာ“
တဲ့။ ဒီတော့ အဘိုးအိုက ပြန်မေးတယ်။ “မောင်ရင်က ဘယ်သွားချင်လို့တုန်း“ တဲ့။ ဒီတော့ ခရီးသည်က
ပြန်ပြောတယ်။ “ကျွန်တော် မသိလို့ပါ“ တဲ့။ ဒီတစ်ခါ အဘိုးအို ပြန်ပြောလိုက်တာက “ကွယ်
… အဲလိုဆိုလည်း ဘယ်လမ်းပဲသွားသွားရပါတယ်။ မောင်ရင့်အတွက် ဘာထူးသွားမှာမို့လို့လဲ“ ပါတဲ့။
တကယ်ပဲ မှန်ကန်တဲ့ စကားပါပဲ။ ကျွန်တော်တို့ဟာ
ဘယ်ကိုသွားမယ်ဆိုတာကို မသိရင် ဘယ်လမ်းသွားသွား အဲဒီကို ရောက်နိုင်တာပဲလေ။
ဘောလုံးကစားမယ့် ကစားသမား (၁၁) ယောက်လုံး ကစားဖို့
အားသန်နေကြတယ်။ ပြီးတော့ တစ်ဘက်ဂိုးပေါက်ဆီ ဘောလုံးကို ဆွဲယူသွားနေပြီဆိုပါစို့။ ဒီအခြေအနေမှာမှ
တစ်ယောက်ယောက်က ဂိုးတိုင်ကို ဖယ်ရှားပစ်လိုက်တယ်ဆိုရင် ကစားပွဲ ဘာဖြစ်သွားမှာလဲ။ ဘာမှကို
မကျန်တော့ဘူးပေါ့။ ရမှတ်ကို ဘယ်လို ရေတွက်မှတ်သားနိုင်ပါတော့မလဲ။ ဘယ်အတိုင်းအတာထိ ခရီးပေါက်ပြီဆိုတာကို
ဘယ်လို သိပါတော့မလဲ။
ဦးတည်ချက်မဲ့တဲ့ စိတ်အားထက်သန်မှုဟာ တောမီးနဲ့
တူပါတယ်။ စိတ်ပျက်အားလျှော့မှုကို ဖြစ်စေပါတယ်။ ပန်းတိုင်တွေဟာ ဦးတည်ရာကို သတိချပ်တတ်တဲ့စိတ်ကို
ဖြစ်စေပါတယ်။ လေယာဉ်၊ ဒါမှမဟုတ် ရထားတစ်စင်းဟာ ဘယ်ကိုဦးတည်သွားနေမှန်းမသိဘဲ သင် စီးသွားပါ့မလား။
ဘယ်လိုလုပ် စီးမှာလဲ။ အဲလိုဆိုရင် လူတွေဟာ ပန်းတိုင်တွေမရှိဘဲ ဘဝခရီးကို ဘာကြောင့်
လျှောက်လှမ်းနေကြပါသလဲ။ စဉ်းစားစရာပါပဲဗျာ။
ဘာသာပြန် - ဇွဲသစ် (ရမ္မာမြေ)
Source: the Internet
Date: 12.6.2014
No comments:
Post a Comment