Sunday 29 November 2015

အပြုံးတစ်ပွင့်


ဘာမှ မကုန်ကျပေမယ့် ပေးဖြစ်သွားတာ များစေတဲ့ ... အပြုံးတစ်ပွင့် ...

ပေးသူတွေကို ဆင်းရဲနုံချာမသွားစေဘဲ လက်ခံရယူသူများကို ပြည့်စုံကြွယ်ဝသွားစေတဲ့ ... အပြုံးတစ်ပွင့် ...


ခဏတာသာ ကြာပေမယ့် ထာဝရအထိ ကြာရှည်စွဲမြဲစေတဲ့ သတိတရ ဒီအပြုံးလှ ...

အပြုံးတစ်ပွင့်သာ မရှိရင် လူသားတစ်ယောက်ဟာ ချမ်းသာတယ်လည်းမပီ၊ ခွန်အားပြည့်တယ်လည်းမညီ ... ဒါပေမယ့် အပြုံးတစ်ပွင့်က သူ့အတွက် အရာရာ ကုံလုံကြွယ်ဝသွားစေပေါ့ ...

အပြုံးတစ်ပွင့်ဆိုတာ အိမ်မှာလည်း ပျော်စရာဖန်တီးပေး၊ လုပ်ငန်းခွင်မှာ စေတနာတွေ မွေးဖွားပေး၊ ပြီးတော့ ခင်မင်မှုတွေကို စွမ်းဆောင်ပေးနိုင်တဲ့အရာ ...

မောပန်းနေသူတွေကို အမောပြေစေနိုင်တာ၊ စိတ်ပျက်နေသူတွေကို မြူးပျော်စေနိုင်တာ၊ ဝမ်းနည်းနေသူတွေကို နေရောင်လို အလင်းဓာတ်ပေးနိုင်တာ၊ ပြီးတော့ ... ဒုက္ခတွေအတွက် သဘာဝဖြေဆေးလို စွမ်းတာ ... အပြုံးတစ်ပွင့်ပါ ...

ဒါပေမယ့် အဲဒီအရာဟာ မပေးသရွေ့ တန်ဖိုးမတွေ့သမို့ ဝယ်လို့လည်းမရ ... တောင်းလို့လည်းမပိုင် ... ငှားလို့လည်း မဖြစ် ... ခိုးလို့လည်း မအောင်တဲ့ အရာတစ်ခုပေါ့ ...

တစ်ချို့လူတွေက သင့်ကို ပြုံးပြဖို့ မစွမ်းနိုင်လောက်အောင် မောပန်းလွန်းနေကြလေရဲ့ ...
သူတို့တွေကို အပြုံးလှလေးတစ်ပွင့် ကိုယ်တိုင် ပေးလိုက်ပါလေ ... နှုတ်ဆက်ပြုံးပြဖို့တောင် အပြုံးတစ်ပွင့် မဖန်ဆင်းနိုင်တဲ့သူလောက် အပြုံးတစ်ပွင့်ကို လိုနေသူမရှိဘူးတဲ့...


(အင်တာနက်ပေါ်မှ မွှေနှောက်ရရှိလာသော A Smile အမည်ရှိ ကဗျာတစ်ပုဒ်ကို ဘာသာပြန်ပါသည်။)

By: ဇွဲသစ် (ရမ္မာမြေ)
၁၀၊၁၂၊၂၀၁၃

No comments:

Post a Comment