Friday 27 November 2015

လှိုင်းတွေအလွန်


လှိုင်းတွေချည်းပါပဲ။
နဒီရိုင်းက ဒီလှိုင်းတွေလေလား။
ကန်ရေပြာပေါ် လေအသွေ့
တရွေ့ရွေ့လူးသွားတဲ့
လှိုင်းကြက်ခွပ်လေလား။
ဇီဝိန်အထပ်ထပ် ဆတ်ဆတ်ယူသွားမယ့်
ဆူနာမီလှိုင်းတံပိုးလေလား။
လရဲ့ ဆွဲအားကိုပဲ ပုံမချကြပါနဲ့၊
လေကြောင့်လည်း လွန့်သလို
မြေကြောင့်လည်း တွန့်ပါသဗျ။
လှိုင်းတွေမြူးတဲ့ညမှာ
လှိုင်းမူးသူတစ်ယောက်
ရေပြင်ထုကို ကျဉ်ချင်တာလည်း
အပြစ်မမြင်မိပါနဲ့ မိတ်ဆွေ။

By: ဇွဲသစ် (ရမ္မာမြေ)
15/9/2015

No comments:

Post a Comment