Friday 27 November 2015

သူတို့ပြောသော မာနအကြောင်း


1. “Generosity is giving more than you can, and pride is taking less than you need.” 
― Kahlil Gibran

ကိုယ်ပေးနိုင်တာထက် ပိုပေးခြင်းသည် ရက်ရောခြင်း။
ကိုယ်လိုအပ်တာထက် လျှော့ယူခြင်းသည် မာနတစ်မျိုး။
- (ကာလီဂျီဘရန်)


2. “A proud man is always looking down on things and people; and, of course, as long as you are looking down, you cannot see something that is above you.”
― C.S. Lewis

တလွဲမာနရှိတတ်သူဟာ အရာဝတ္ထုတွေအပေါ်မှာရော လူတွေအပေါ်မှာပါ အပေါ်စီးကနေ ငုံ့ကြည့်တတ် (အထင်အမြင်သေးတတ်) စမြဲပါ။ ဒီတော့ ငုံ့ကြည့်နေသရွေ့ သူ့အပေါ်က အရာတွေကို သူ မမြင်တွေ့နိုင်တာ သဘာဝပဲလေ။
--- (လူးဝစ်)

3. “Let others pride themselves about how many pages they have written; I'd rather boast about the ones I've read.”
― Jorge Luis Borges

တခြားသူတွေ (တခြားစာရေးဆရာတွေ) သူတို့ ရေးပြီးတဲ့ စာမျက်နှာအရေအတွက်အပေါ် ဂုဏ်ယူချင် ဂုဏ်ယူကြပါစေ။ ကျူပ်ကတော့ ကျူပ်ဖတ်ပြီးတဲ့ စာမျက်နှာအရေအတွက်ကိုပဲ ကြွားချင်သဗျာ။
--- (ဂျော့ လူးဝစ် ဘော့)

4. “Too many people spend money they haven't earned, to buy things they don't want, to impress people that they don't like.”
― Will Rogers

လူတော်တော်များများဟာ သူတို့ မနှစ်သက်တဲ့သူတွေ သူတို့အပေါ်အထင်ကြီးအောင် ကိုယ်တိုင် မလိုချင်တဲ့အရာတွေကို ဝယ်ဖို့ ကိုယ့်မှာ မရှိထားတဲ့ ငွေတွေကို သုံးဖြုန်းတတ်ကြတယ်။
--- (ဝီလ် ရော်ဂျာ)

5. “We are rarely proud when we are alone.”
― Voltaire

ကျူပ်တို့တွေ တစ်ကိုယ်ထီးတည်းရှိနေတဲ့အချိန်မှာ မာနဆိုတာ ဖြစ်ခဲတယ်။
--- (ဗော်လတဲယား)

Trs: .by TM (24/5/2015)

Original English source and photo: Internet

No comments:

Post a Comment