Tuesday 24 November 2015

သီတာထွေးတံဆိပ်နဲ့ သတိတရားရဲ့ အလံတော် (မြန်မာ-အင်္ဂလိပ်)

ဒါဟာ
အကုသိုလ် ကံပါလို့
ငါ့ကို မပြောနဲ့
မပြောကြပါနဲ့ကွာ
အရိပ်
တစ်ဦးတစ်ယောက်ရဲ့ အရိပ်ပါ ။
ငါတို့ပင်လယ်ကို
အမဲရောင်မြစ်တို့စီးဆင်း
လမ်းခင်းပေးခဲ့တာ ဘယ်သူလဲ
ဘယ်သူပါလဲ ခင်ဗျာ
ဒီမှာ
ငါတို့ရဲ့ ဖြစ်ထွန်းနေတဲ့ သီးနှံနဲ့ အမွေများ
ပိုးစားလို့ ခြ ကိုက်
အမဲရောင်မြစ်တို့ တိုက်စားနေပုံ ။


ညီမလေးရေ သွားတော့
နင်ဟာ
ငါတို့ရဲ့ ဝမ်းနည်းခြင်း တယော
ဆွေးမြေ့မှု မြို့တော်
သတိရမှု နိုင်ငံ
နာကျင်ခြင်း ပန်းချီကား
မဟုတ်မခံတဲ့ မျိုးချစ်စိတ်
အနောက်တံတိုင်းရဲ့ ခေါင်းလောင်းသံ
အမျိုးသီလရဲ့ ပြယုဂ်
သတိပေးခြင်းအလံတော်
(သတိပေးခြင်း အလံတော် )
အလံတော် ဖြစ်တယ်ကွဲ့ ။

ညီမလေးရေ
နောင်သံသရာ တစ်ကွေ့
ငါတို့ ပြန်ဆုံ တွေ့ရင်
တောက်! တစ်ချက် ခေါက်
အသက်ကို သုံးစက္ကန့် အောင့်
တပြည်လုံး သုံးမိနစ် ငြိမ်
အဓိဋ္ဌာန် မယ်
ဒါ ငါတို့ပြည်
ဒါ ငါတို့အမွေ
ဒါ ငါတို့ ဘာသာ
ဒါ ငါတို့ သာသနာ
ဒါ ငါတို့ အမျိုး
တိုးရာမှ ကျယ် ကျယ်၍
ဆုတောင်းလို့ ညီညွတ်မယ်
ဟေ့
အမျိုးကောင်းသားတို့ ရေ့ ။ ။

စစ်ငြိမ်
17-5-2013



Emblem of Thidar Htway and Flag of Consideration
…………………………………………………….

This …
Tell me not
That it was just due to misdeeds!
Please don’t!
Shadow,
It was somebody’s shadow!
Who made our sea
Turn into black rivers?
Who paved the way for us?
Whoever is it?

Lo! Behold here!
How our thriving crops and legacies
Have been worm-holed or eroded
By black rivers!

Oh, dear sister! Just go! You just go away!
You are…
Our violin of sorrow,
Our city of grievances,
Our country of remembrance,
Our picture of pains,
Our jingles of the Western Wall,
Our emblem of race and religion,
Our flag of warnings,
(Our flag of warnings!).
Yeah, our flag you are!

Oh, dear sister!
Should we meet
At some turn of Samsara,
Let’s click our tongues once,
And hold our breath three seconds!
Let the whole country stand silently for three minutes!
Then let all of us resolve thus:
This is our land!
This is our legacy!
This is our religion!
This is our lineage!
Let’s make our prayers
Louder and louder!
Oh, all the worthy people,
Let’s keep united this way!!!

Translated by: Zwe Thit (Rammarmray)


(ရခိုင့်တန်ဆောင်မဂ္ဂဇင်း၊ အမှတ် (၂၀) (၂၀၁၄ ခုနှစ်) တွင် အင်္ဂလိပ်-မြန်မာယှဉ်တွဲဖော်ပြပြီး။)

No comments:

Post a Comment